လူသားစားတယ်လို့ နာမည်ကျော်ကြားတဲ့ ကမ္ဘာတစ်ဝှမ်းက တောအုပ်ကြီးများ

လူသားစားတယ်လို့ နာမည်ကျော်ကြားတဲ့ ကမ္ဘာတစ်ဝှမ်းက တောအုပ်ကြီးများ

ကမ္ဘာတစ်ဝှမ်းရှိ အချို့နေရာများဟာ လူတွေရဲ့ မှတ်ဥာဏ်ထဲမှာ ဖျောက်ဖျက်ရခက်တဲ့ ကြောက်စရာကောင်းသော သမိုင်းကြောင်းများကို သယ်ဆောင်လာကြတတ်ပါတယ်။

တောအုပ်များထဲမှာ မြင့်မားလှတဲ့ အကူအညီတောင်းခံသော အော်သံများဟာ သစ်ပင်များကြားမှ ပဲ့တင်ထပ်စေခဲ့တဲ့ အောက်ဖော်ပြပါ ကမ္ဘာတစ်ဝှမ်းက တောအုပ်တွေကတော့ လူသားစားတယ်လို့ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ တောအုပ်တွေဖြစ်ပါတယ်။

၁။ Elfin တောအုပ်၊ ကယ်လီဖိုးနီးယား

နာမည်ဆိုး ဒဏ္ဍာရီများ၊ သရဲခြောက်တဲ့ဝိညာဉ်များနဲ့ မှင်စာများ နေထိုင်ခဲ့တယ်လို့ နာမည်ကြီးတဲ့ တောအုပ်ဖြစ်ပါတယ်။

ဒဏ္ဍာရီအရ ရိုမနီလူမျိုးများဟာ ၁၉ ရာစုအစောပိုင်းမှာ အဲလ်ဖင်သစ်တောကို သိမ်းပိုက်ခဲ့ပြီး အနီးနားရှိမြို့များမှ လူတွေကိုလည်း နှင်ထုတ်ကာ ကျန်နေရစ်သူများကို သုတ်သင်ပစ်တဲ့အထိ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

သစ်တောနှင့် ပတ်ဝန်းကျင်ရှိမြေများကိုလည်း ကျိန်စာတိုက်ခြင်းဖြင့် လက်စားချေခဲ့ကြတယ်လို့ သိရပါတယ်။

ယနေ့ခေတ်တွင် အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ခြောက်လှန့်နေတယ်၊ အနက်ရောင်မြင်းနက်တစ်ကောင်စီးနေသည့် ဝတ်ရုံနဲ့ နတ်ဆိုးတစ်ကောင်နှင့် လျှို့ဝှက်ဆန်းကြယ်သော ခြေရာများကိုလည်း ကြောက်မက်ဖွယ် အသွင်အပြင်များဖြင့် အမျိုးမျိုး တွေ့မြင်ခဲ့ကြဖူးပြီး လူအချို့ကိုလည်း သေဆုံးစေခဲ့တယ်လို့ သိရပါတယ်။

၂။ Hoia-Baciu တောအုပ်၊ ရိုမေးနီးယား

၁၉၆၈ ခုနှစ်မှာ ဤတောအုပ်ပေါ်မှ ပျံဝဲနေတဲ့ UFO ၏ ဓာတ်ပုံကို စစ်ဘက်ဆိုင်ရာ နည်းပညာရှင်တစ်ဦးက ရိုက်ကူးခဲ့တဲ့ အချိန်မှစ၍ Hoia-Baciu ဟာ ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား ကျော်ကြားလာခဲ့တာပါ။

ဖြတ်သန်းသွားလာသူတွေကို အစအနရှာမရအောင် ပျောက်ကွယ်သွားစေခဲ့တာကြောင့် အဆိုပါဧရိယာကို အချို့က ဘာမြူဒါတောအုပ်လို့ ခေါ်ဆိုကြပြီး ဘာမြူဒါတောအုပ်လို့လည်း နာမည်ကျော်ကြားပါတယ်။

တောကိုဖြတ်သွားသူတွေဟာ (အခြားနယ်ပယ်သို့ မ၀င်ရောက်ခင်) တစ်ကိုယ်လုံး နီမြန်းလာခြင်း၊ ပျို့အန်ခြင်း နဲ့စိုးရိမ်သောက ခံစားချက်တို့ကို အပြင်းအထန် ခံစားစေခဲ့တယ်လို့ ဆိုပါတယ်။ ဧရိယာအချို့ရှိ ကွေးညွှတ်နေသောသစ်ပင်များဟာ Hoia-Baciu ရဲ့ အငွေ့အသက်ကို ပို၍ ချောက်ခြားစေပါတယ်။

၃။ အနက်ရောင် တောအုပ်၊ ဂျာမနီ

နေရောင်အရှင်း မကျရောင်တဲ့ တောအုပ်ဖြစ်သလို နာမည်ဆိုးတွေနဲ့ ကျော်ကြားတဲ့ ဂျာမနီက တောအုပ်တစ်ခုပါ။

ဒီသစ်တောရဲ့ ပတ်ဝန်းကျင်ကလည်း သဘာလွန်ဖြစ်ရပ်တွေ မကြာခဏ ကြုံတွေ့စေခဲ့တာကြောင့် မသွားရောက်ဖို့ တားမြစ်ထားရတဲ့ တောအုပ်လည်း ဖြစ်ပါတယ်

ခေါင်းမပါတဲ့ မြင်းစီးသူရဲနဲ့ မြင်းဖြူကြီးတစ်ကောင်၊ အမျိုးသမီးတွေကို ပြန်ပေးဆွဲပြီး သူ့ရှိရာ ရေအောက်ခန်းဆီ ခေါ်သွားမယ့် ဘုရင်တစ်ပါး၊ ဖော်ရွေတဲ့ လူပုလေးတွေ နဲ့ ဝံပုလွေတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

၄။ Aokigahara တောအုပ်၊ ဂျပန်

ဖူဂျီတောင်ခြေက ဆိတ်ငြိမ်ပုံရတဲ့ ဒီတောအုပ်ဟာ နာကျင်စရာအတိတ်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ “Suicide Forest” လို့ လူသိများတဲ့ Aokigahara ဟာ Golden Gate တံတားပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် သတ်သေမှုနှုန်း အများဆုံးနေရာဖြစ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တစ်ခုတည်းမှာ လူပေါင်း ၂၄၇ ယောက်က ဒီမှာပဲ သတ်သေဖို့ ကြိုးစားခဲ့ကြပြီး ၅၄ ယောက်က သေဆုံးခဲ့ကြရပါတယ်။

ဂျပန်ဒဏ္ဍာရီထဲက နတ်ဆိုးတွေနဲ့ သစ်တောရဲ့ ဆက်နွယ်မှုအပေါ် အချို့က အပြစ်တင်ကြပြီး အချို့ကတော့ အသံတိုး၍ ပျောက်လွယ်စေတဲ့ သစ်ပင်များရဲ့ သိပ်သည်းဆကို ညွှန်ပြကြလေ့ရှိတယ်။

အမှန်မှာ တောင်တက်သမားများယာ သူတို့ရဲ့လမ်းကြောင်းကို တိပ် သို့မဟုတ် ကြိုးဖြင့် အမှတ်အသားပြုထားခဲ့ကြလေ့ပြီး ပြန်ထွက်လာဖို့ ကြိုးစားခဲ့ဖူးသလို ဝင်္ကပါသစ်တောတစ်လျှောက် ကျန်ခဲ့တဲ့ အဝတ်အစားများနဲ့ စာများဟာလည်း Aokigahara သစ်တောဟာ သင့်ကို ကြက်သီးထပြီး ချွေးစေးပြန်စေခဲ့မှာ အသေအချာပါပဲ။

၅။ Dow Hill သစ်တော၊ အိန္ဒိယ

အနောက်ဘန်ဂေါမြို့ Kurseong မှာ တည်ရှိပြီး Dow Hill Victoria ယောက်ျားလေး စာသင်ကျောင်းတည်ရှိရာ ဒီသစ်တောဟာ လူသေအများဆုံးနဲ့ သရဲအခြောက်ဆုံး နေရာများထဲမှ တစ်ခုအဖြစ် လူသိများပါတယ်။

ဒီဇင်ဘာလမှ မတ်လအထိ ကျောင်းပိတ်ချိန်မှာ ခန်းမများအတွင်း ခြေသံများ ပဲ့တင်ထပ်နေလေ့ရှိတာကို ဒေသခံများက ကြားနေရပြီး သစ်တောကိုယ်တိုင်ကလည်း လူသားစာတဲ့သစ်တောဖြစ်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

တောအုပ်ဧရိယာဟာ လူသတ်မှုများစွာ ဖြစ်ပွားရာနေရာလို့ ကောလာဟလများ ထွက်ပေါ်နေပြီး ခေါင်းမရှိတဲ့ ကလေးငယ်တစ်ဦးဟာ “မရဏလမ်း” လို့ အမည်ပေးထားတဲ့ သစ်ပင်များကြားမှာ လမ်းလျှောက်နေတာကို တွေ့ရလေ့ရှိကြောင်း တစ်ခါတလေမှာလည်း ဒဏ်ရာဒဏ်ချက်မရှိတဲ့ လူသေအလောင်းတွေကို ရှာဖွေတွေ့ရှိရကြောင်း သစ်တော ပညာရှင်များက ဆိုပါတယ်။

၆။ Dering သစ်တော၊ အင်္ဂလန်

Dering သစ်တောကို “အော်သံများ သစ်တော” လို့ အများအားဖြင့် ရည်ညွှန်းကြပါတယ်။ ဒီသစ်တောဟာ သင့်မိသားစုအတွက် စခန်းချ အပန်းဖြေရန် ပြီးပြည့်စုံတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

လာရောက်ကြတဲ့ ဧည့်သည်များဟာ ညအချိန်တွေမှာ တောနက်ကြီးမှ သွေးထွက်သံယို အော်ဟစ်သံများအပြင် မြူခိုးထူထပ်သော နေ့များမှာလည်း ခြေသံများနဲ့ တီးတိုးသံများ ကြားလေ့ရှိကြတယ်လို့ ဆိုခဲ့ပါတယ်။

အော်ဟစ်ခြင်းတွေဟာ ၁၈ ရာစုမှာ ရွာသားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော အဝေးပြေးလမ်းပေါ်မှ ရွာသားတစ်ဦးရဲ့ ဝိဥာည်ကဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပြီး ထိုတစ္ဆေဟာလည်း ယနေ့ချိန်ထိတိုင် အငြိုးထားဆဲဖြစ်ကြောင်း ထင်ရှားနေပါတယ်။

လူအယောက် ၂၀ ရဲ့ အလောင်းတွေကို ၁၉၄၈၊ နိုဝင်ဘာ ၁ ရက် နံနက်မှာ တောထဲ၌ အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ရအပြီးမှာ ဒီထဲမှာရှိတဲ့ ဝိဥာည်က မကျေနပ်ချက်ဖြင့် လူတွေကို စားသောက်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတော့တယ်။

Knight News Teams

Leave a Reply

Your email address will not be published. Required fields are marked *