နွေမရှိတဲ့ တစ်နှစ်တာ သို့မဟုတ် ကမ္ဘာတလွှား အပြောင်းအလဲများတဲ့နှစ်
ရာသီဥတုနဲ့ကမ္ဘာမြေဆိုတာ အမြဲဒွန်တွဲနေတဲ့အရာပါ။နှစ်တိုင်းမှာ ရာသီဥတုဟာ အချိန်မှန်ပြောင်းလဲပေးနေပါတယ်။နွေ၊ နွေဦး၊ ဆောင်း၊ဆောင်းဦး၊ မိုးရာသီ စသဖြင့်ပေါ့။
ဒါပေမဲ့ ကမ္ဘာမှာ နွေမရှိတဲ့ နှစ်တစ်ခုရှိခဲ့ဘူးတယ်ဆိုရင် သင် ယုံပါ့မလား။ တကယ်ရှိခဲ့ဘူးပါတယ်။ အဲဒီနှစ်ဟာ ၁၈၁၆ ခုနှစ်ပါ။
သမိုင်းဆရာတွေ၊ သုတေသနပညာရှင်တွေကတော့ ဒါဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုလိုပဲလို့ ဆိုကြပါတယ်။သေချာတဲ့အဖြေကို ခုထိမပေးနိုင်ကြပါဘူး။
တချို့ကတော့ မီးတောင်ပေါက်ကွဲမှုကြောင့်လို့ ယူဆကြပါတယ်။ဘာ့ကြောင့်လဲဆိုတော့ အင်ဒိုနီးရှားက Mount Tumbora မီးတောင်ကြီးဟာ ၁၈၁၅ ခုနှစ်မှာ ပေါက်ကွဲခဲ့လို့ပါ။
မီတောင်ကြီးရဲ့ ပြာမှုံ့ တွေဟာ ကမ္ဘာ့လေထုထဲကို ပြန့်နှံ့သွားပါတယ်။သူ့ထက်တစါနှစ်စောပြီး ဖိလစ်ပိုင်က Mayon မီးတောင်ကလည်း ပေါက်ကွဲခဲ့ပါသေးတယ်။
ဒီမီးတောင်နှစ်ခု ပေါက်ကွဲမှုကြောင့် ကမ္ဘာ့ရာသီဥတုဟာ ပြောင်းလဲသွားရတယ်လို့ ယူဆကြပါတယ်။ ဒီအကျိုးဆက်ကြောင့် တစ်ကမ္ဘာလုံး အပူချိန်ဆိုးရွားစွာ ကျဆင်းသွားပါတယ်။
ကမ္ဘာ့မြောက်ခြမ်းဒေသတွေဟာ ပိုဆိုးပါတယ်။ရေကြီးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ ခံစားခဲ့ရပါတယ်။ဂျွန်လမှာ နှင်းတွေ အလွန်အကျွံကျဆင်းပြီး ဩဂုတ်လမှာ Killer frost လို့ခေါ်တဲ့သေလောက်တဲ့ အေးခဲမှုကိုကြုံကြရပါတယ်။
သီးနှံစိုက်ပျိုးလို့မရသလို သိုလှောင်ထားတာတွေလဲ ပျက်ဆီးကုန်ပါတယ်။ပြင်သစ်တို့၊အင်္ဂလန် တို့လိုနိုင်ငံတွေမှာ ရိက္ခာပြတ် ကုန်ပါတယ်။
ဒီကာလအတွင်းမှာ ဉာဏ်ကြီးရှင်အများအပြား ပေါ်ထွက်ခဲ့ပါတယ်ဆိုရင် သင်တမျိုးထင်မလားမသိပါ။ တကယ်ပါ ဒီလိုအခြေအနေကိုဖြတ်သန်းရင်း ထင်ပေါ်လာသူတွေရှိခဲ့ပါတယ်။သူတို့ကတော့ Mary Godwin, Percey Shelly, Lord Byron နဲ့ John William Polidori တို့ဖြစ်ပါတယ်။
သူတို့အားလုံးဟာ ဂျီနီဗာ ရေကန်နားက Diodati Villa မှာ အတူနေထိုင်ကြရင်း ထူးခြားတဲ့ အနုပညာလက်ရာတွေ ဖန်တီးခဲ့ကြပါတယ်။ တစ်နှစ်လုံးမှာလဲနွေရာသီတစ်ခုပဲ နေကို ပြပြသာ မြင်ရပါတယ်။
သူတို့ဟာ အချင်းချင်း ပြိုင်ပွဲတစ်ခုလုပ်ကြပါတယ်။ကြောက်စရာအကောင်းဆုံး ဇါတ်လမ်းတွေ ရေးကြရတာပါ။ Mary Godwin က ဖရင်ကင်စတိန်း ဇါတ်လမ်းကို ရေးပါတယ်။
Lord Byron က Fragments ကိုရေးပါတယ်။ Polidori က Vampire သွေးစုပ်ဖုတ်ကောင်အကြောင်း ရေးပါတယ်။
ပြီးတော့ ဒီဟာတွေကို ပုံနှိပ်ထုပ်ဝေခဲ့ပါတယ်။ဒီကစပြီး ကမ္ဘာမှာ သွေးစုပ်ဖုတ်ကောင်အကြောင်း ခေတ်စားလာပါတော့တယ်။
လေထုထဲက ပြာမှုံတွေအကြောင်းကို လဲ သေချာစူစမ်း နိုင်ခဲ့ကြပါတယ်။ရောင်စုံဖြာနေတဲ့ နေဝင်ချိန်တွေကိုလဲ တွေ့မြင်ခဲ့ကြပါတယ်။
J M W Turner ဆိုတဲ့ ပန်းချီဆရာဟာဆိုရင် ဆန်းကြယ်တဲ့စိတ်ကူးတီထွင်မှုတွေနဲ့ပန်းချီးကားအများအပြားရေးဆွဲပြီး နာမည်ကျော်ခဲ့ပါတယ်။ ပန်းချီကားတွေမှာ မှုန်မှိုင်းတဲ့ အဝါရောင်တွေသာ ဖုံးလွှမ်းနေခဲ့ပေမဲ့ လူကြိုက်များခဲ့ပါတယ်။
လူသားတွေဟာ ဒီကာလအတွင်းမှာဘဲ တခြားသော တီထွင်မှုတွေပြုလုပ်ခဲ့ကြပါသေးတယ်။မြင်းတွေဟာ စားစရာမရှိတော့ မြင်းလှည်းတွေ အလုပ်မဖြစ်တော့ပါဘူး။ဒီအတွက် ဂျာမန်လူမျိုး Karl Drais ဟာ စက်ဘီးကိုတီထွင်ခဲ့ပါတယ်။
Justus Liebig ဆိုသူ ဂျာမန်တစ်ယောက်ကလဲ သဘာဝမြေဩဇာ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကလေးဘဝနဲ့ အပင်စိုက်ပျိုးရာမှာ မြေဩဇာ ထည့်ခြင်းဟာ အပင်ကို ပိုမိုကြီးထွားသန်မာစေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အမေရိကဖက်ကတော့ တစ်မျိုးပါ။ အင်္ဂလန်ဖက်က ပြောင်းရွှေ့လာသူအများစုတွေဟာ ဒီရာသီဥတု အဖြစ်အပျက်ကြောင့် ကျွန်တွေကို လွတ်လပ်ခွင့်ပေးဖို့စတင်စဉ်းစားခဲ့ကြပါတယ်။
ဆိုတော့ကာ ဒီနှစ်ဟာ ကမ္ဘာပေါ်မှာ ပြောင်းလဲမှုတွေဖြစ်ပေါ်စေတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်လို့ ပြောပါရစေခင်များ။
Knight News Team
THE YEAR WITHOUT SUMMER