ကမ္ဘာပေါ်က သေကြောင်းကြံစည်မှု အများဆုံး အထင်ကရနေရာများ

ကမ္ဘာပေါ်က သေကြောင်းကြံစည်မှု အများဆုံး အထင်ကရနေရာများ

သတ်သေခြင်းဟာ ရှုပ်ထွေးသလို စိတ်ခံစားမှုဆိုင်ရာ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ထိုသို့သော ပြင်းထန်တဲ့လုပ်ရပ်ကို ပြုလုပ်ဖို့ လူတွေ တွေးတောရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဓာတ်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ငွေကြေးပြဿနာများ၊ ဖျားနာ မသန်မစွမ်းမှုများနဲ့ အခြားအကြောင်းရင်းများစွာ ရှိနေပါတယ်။

သို့ပေမဲ့ ကမ္ဘာတစ်ဝှမ်းရှိ အချို့သောနေရာများဟာ အံ့အားသင့်ဖွယ်ပင် သတ်သေဖို့နေရာများ ဖြစ်လို့လာခဲ့ပြီး နှစ်စဉ်လူများကို အစုလိုက်အပြုံလိုက်ဆွဲငင်ကာ သေဆုံးစေခဲ့ပါတော့တယ်။

သတ်သေမယ့်သူတွေက ဘာလို့ဒီနေရာတွေကို သဘောကျကြရတာလဲ။ သူတို့ရဲ့ အမြင့်ကြောင့်လား။ ဒါမှမဟုတ် သူတို့ရဲ့ အထင်ကရ အခြေအနေကြောင့်လားဆိုတာတော့ သူတို့ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိရှိနိုင်ပါဘူး။

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သေကြောင်းကြံစည်မှုအများဆုံး ဖြစ်ပွားခဲ့ကြတဲ့ အထင်ကရ နေရာ ၅ ခုကို ဖော်ပြပေးသွားချင်ပါတယ်။

5. Mihara မီးတောင်

ဖေဖော်ဝါရီ ၁၁၊ ၁၉၃၃ မှာ အသက် ၂၁ နှစ် အရွယ် ဂျပန်ကျောင်းသူတစ်ဦးဟာ ဂျပန်နိုင်ငံ Izu Oshima ကျွန်းရှိ မီဟာရာ မီးတောင် ကြားထဲသို့ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ ၁၉၃၀ နှစ်များအတွင်း ဂျပန်လူ့အဖွဲ့အစည်းဟာ လိင်တူချစ်ကြိုက်ခြင်းကို လက်မခံသေးတဲ့တာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပုံပါပဲ။

ထိုနှစ်အတွင်းမှာပဲ လူတစ်ထောင်နီးပါးဟာ မီးတောင်ထဲသို့ ခုန်ဆင်းကြပြီး အဆုံးစီရင်လေ့ ရှိခဲ့ကြသလို ၁၉၃၅ ခုနှစ်အထိ စုစုပေါင်း အဆုံးစီရင်မှု ၃၅၀ အထိ ထိုနေရာမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒေသတွင်းအစိုးရက မိမိကိုယ်ကိုယ်သတ်သေခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေး တိုးမြှင့်ခဲ့ပြီးနောက် Mount Mihara မှာ အဆုံးစီရင်မှုတွေဟာ နောက်ပိုင်းနှစ်တွေမှာ ကျဆင်းသွားခဲ့ပါတော့တယ်။

4. Niagara ရေတံခွန်

ရေတံခွန် ရဲ့အလေးစားရဆုံး သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ Paul Gromosiak ရဲ့ အဆိုအရ ၁၈၅၆ နဲ့ ၁၉၉၅ ခုနှစ်တွေကြား Niagara ရေတံခွန်မှာ မိမိကိုယ်ကိုအဆုံးစီရင်မှု ၂,၇၈၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

စိတ်ပညာရှင်အမျာပြားကတော့ ဒီဖြစ်စဉ်ကို သိပ္ပံနည်းကျ ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားခဲ့သော်လည်း ယနေ့ချိန်ထိတော့ ရှင်းရှင်းလင်းလင်း အဖြေမတွေ့ရှိခဲ့ရပေ။

အဆုံးစီရင်သူများစွာဟာ အသည်းကွဲနေကြတဲ့ လူငယ်တွေဖြစ်တယ်လို့ သိရပြီး ဒီလိုခုန်ချခြင်းဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသဖို့ ကြီးမြတ်တဲ့ နည်းလမ်းလို့ ယုံကြည်ထားကြတယ်လို့ ဆိုပါတယ်။

3. Golden Gate တံတား

ဆန်ဖရန်စစ္စကိုရှိ Golden Gate တံတားဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၇၆ နှစ် ရှိပြီဖြစ်ပြီး ခွန်အားနဲ့ ဂုဏ်သတ္တိတို့ကို ပေါင်းစပ်ဖော်ညွှန်းထားတဲ့ ဗိသုကာလက်ရာတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီတံတားဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအတွက် အထင်ရှားဆုံး နေရာတွေထဲက အဓိကနေရာတစ်ခု ဖြစ်နေပြီး ပျမ်းမျှအားဖြင့် နှစ်ပတ်တစ်ကြိမ်နှုန်းနဲ့ လူတွေက ခုန်ချသေဆုံးနေလေ့ရှိတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

2. Aokigahara တောအုပ်

အခုချိန်မှာ သွားရောက်ခွင့် တင်းကြပ်ထားရပြီဖြစ်တဲ့ ဂျပန်နိုင်ငံက Aokigahara တောအုပ်ဟာ “suicide forest” ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အာဏာပိုင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုများအရ ဒီတောအုပ်မှာ နှစ်တိုင်းမှာ ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိရတဲ့ အလောင်း ၁၀၀ ခန့်ကို ဖယ်ရှားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Aokigahara တောအုပ်အာ ဂျပန်နိုင်ငံရဲ့ သရဲအခြောက်ဆုံး နေရာအဖြစ်လည်း သတ်မှတ်ခံထားရပြီး yurei ဟုခေါ်တဲ့ အခြေမလှသော သရဲတစ္ဆေများဟာ သူတို့ရဲ့ဒုက္ခများကို တောအုပ်ထဲက လေထဲသို့ အူအောင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။

သို့ပေမဲ့လည်း တောအုပ်မရဲ့ သရဲခြောက်ပြီး မကောင်းသော စွမ်းအင်များ ပြည့်နှက်နေတဲ့ ကြောက်စရာကောင်းလှတဲ့ ဇာတ်လမ်းများဟာလည်း သူတို့ကိုယ်သူတို့ အဆုံးသတ်လိုသော သူများကိုတော့ မရပ်တန့်စေခဲ့ပါဘူး။

1. Nanjing Yangtze မြစ်ကူးတံတား

၁၉၆၉ ခုနှစ်မှာ အံ့အားသင့်ဖွယ် ဆောက်လုပ်မှု ပြီးစီးသွားတဲ့အခါ ဒီမြစ်ကူးတံတားဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကောင်းဆုံး အင်ဂျင်နီယာ စွမ်းဆောင်မှုအဖြစ် ချီးကျူးခံခဲ့ရတာပါ။

ဒါပေမဲ့ တစ်နေ့မှာတော့ ဒီတံတားက ကမ္ဘာ့ရေပန်းအစားဆုံး အဆုံးစီရင်ရာ နေရာတစ်ခု ဖြစ်လာမယ်လို့တော့ ဘယ်သူမှ တွေးဆထားခဲ့မယ် မထင်ပါဘူး။

တရားဝင်အချက်အလက်နဲ့ အစီရင်ခံစာတွေအရတော့ ၁၉၆၉ ခုနှစ်ကစပြီး လူပေါင်း ၂,၀၀၀ ကျော်ဟာ Jiangsu ပြည်နယ်ရဲ့ အရှေ့ပိုင်းမြို့တော်၊ Nanjing တံတားမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြတာဖြစ်ပြီး ဒီတံတားဟာလည်း ကမ္ဘာပေါ်မှာ သေကြောင်းကြံစည်မှု အများဆုံးနေရာတစ်ခု ဖြစ်လာစေခဲ့ပါတော့တယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *