နှစ်ပေါင်း ၁၁၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်သင်္ဘောကြီးနစ်မြုပ်မှု

နှစ်ပေါင်း ၁၁၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်သင်္ဘောကြီးနစ်မြုပ်မှု

အရှိန်မြင့်မားခြင်း၊ မှားယွင်းစွာကွေ့ခြင်း၊ ကုန်ကျစရိတ်တွေ ဖြတ်တောက်ထားခြင်း၊ ရာသီဥတုအခြေအနေများ၊ လျစ်လျူရှုခဲ့တဲ့ ရေခဲတောင်သတိပေးချက်၊ မှန်ပြောင်းနဲ့ အသက်ကယ်လှေများ မရှိခြင်းအားလုံးဟာ ကမ္ဘာ့အဆိုးရွားဆုံး ပင်လယ်ပြင်ဖြစ်ရပ်ဆိုးများထဲမှ တစ်ခုအဖြစ်ကို ဦးတည်စေခဲ့ပါတယ်။

၁၉၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ပြပွဲကို ကြည့်ရှုရန် အိုင်ယာလန်နိုင်ငံ၊ Belfast ဆိပ်ကမ်းမှာ ခန့်မှန်းခြေ လူ ၁၀၀,၀၀၀ ခန့် စုဝေးခဲ့ကြပါတယ်။

“မနစ်မြုပ်နိုင်သော” သင်္ဘောဟု သတ်မှတ်ခံထားရသော တိုက်တန်းနစ်ဟာ အဲ့ဒီခေတ်က အကြီးဆုံးမားဆုံးဇိမ်ခံ အပျော်စီးသင်္ဘောဖြစ်ခဲ့ပြီး အလျားမှ ပဲ့ပိုင်းအထိ အရှည် ၈၈၂ ပေ၊ အမြင့် ၁၇၅ ပေ၊ အလေးချိန် ၄၆,၀၀၀ တန်ကျော် စတဲ့ ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

၎င်းတွင် ခေတ်မီဆန်းသစ်သော လျှပ်စစ်ထိန်းချုပ်မှုဘောင်၊ ဓာတ်လှေကားလေးစင်းနှင့် Morse Code ထုတ်လွှင့်နိုင်သည့် အဆင့်မြင့်ကြိုးမဲ့ဆက်သွယ်ရေးစနစ်တို့ အပါအဝင် အခြားသော ခေတ်မီဆန်းသစ်တဲ့ နည်းပညာများစွာ ပါဝင်ခဲ့တာပါ။

၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်ည၊ အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မှ ထွက်ခွာပြီး လေးရက်အကြာမှာ နယူးယောက်မြို့သို့ ခရီးဦးထွက်ခရီးထွက်ခဲ့ရာ တိုက်တန်းနစ်ဟာ Newfoundland ကမ်းလွန်ရေခဲတောင်ကို တိုက်မိပြီး နစ်မြုပ်သွားခဲ့ရပါတယ်။

ယခုအချိန်ထိ တိုက်တန်းနစ်သင်္ဘော ပျက်ကျပြီးနောက် ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့သည်အထိ ကျွမ်းကျင်သူများဟာ ခရီးသည်နှင့် အမှုထမ်းပေါင်း ၁,၅၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့သော သမိုင်းဝင် သဘာဝဘေးဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းများကို အခြေအတင် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဘာကြောင့် တိုက်တန်းနစ်သင်္ဘောကြီးက နစ်မြုပ်ခဲ့ရတာလဲ

၁။ သင်္ဘော အရှိန်နှုန်းက အရမ်းမြန်ခဲ့ပါတယ်။ တိုက်တန်းနစ်ရဲ့ သင်္ဘောကပ္ပတိန် E.J. Smith ဟာ မြောက်အတ္တလန္တိတ်ရဲ့ ရေခဲတောင်ထူထပ်သောရေပြင်ကို အရှိန်ပြင်းပြင်းဖြင့် (၂၂ knots) ဖြင့် ရွက်လွှင့်ခဲ့တာပါ။

၂။ ကြိုးမဲ့ ရေဒီယိုအော်ပရေတာက အဓိက ရေခဲတောင်သတိပေးချက်ကို ပယ်ချခဲ့တယ်။ တိုက်တန်းနစ်ရေခဲတောင်ကို မတိုက်ခင် တစ်နာရီမပြည့်ခင်မှာပဲ အနီးနားရှိ အခြားသင်္ဘောတစ်စင်းဖြစ်တဲ့ ကယ်လီဖိုးနီးယားက ထူထပ်တဲ့ လယ်ကွင်းရေခဲတွေကြောင့် ရပ်တန့်သွားတယ်လို့ ရေဒီယိုအသံလွှင့်ခဲ့ပါတယ်။

သို့သော် အဆိုပါသတိပေးချက်ဟာ ကပ္ပတိန်အား မက်ဆေ့ချ်လက်ခံရရှိကြောင်း တိုက်ရိုက်အသိအမှတ်ပြုရန် လိုအပ်တဲ့ ရှေ့ဆက် “MSG” (Master’s Service Gram) ဖြင့် မစတင်ခဲ့သဖြင့် တိုက်တန်းနစ်ရဲ့ ရေဒီယိုအော်ပရေတာ Jack Phillips မှ အခြားသင်္ဘောရဲ့ သတိပေးချက်ကို အရေးတကြီးမဟုတ်ဟု ယူဆခဲ့ပါတော့တယ်။

၃။ မှားယွင်းခဲ့တဲ့ လမ်းကြောင်းပြောင်းလဲမှု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ မှားယွင်းတဲ့ အလှည့်အပြောင်းတစ်ခုကို ဖြစ်သွားစေခဲ့တာပါပဲ။

Louise Patten (အသက်ရှင်ကျန်ရစ်တဲ့ အကြီးတန်းဆုံး တိုက်တန်းနစ် အရာရှိကြီး Charles Lightoller) ရဲ့ မြေးဖြစ်သူ Louise Patten ရဲ့ ပြောကြားချက်အရ သင်္ဘောအမှုထမ်းများထဲမှ တစ်ဦးဟာ ရေခဲ့တောင်ကို ရှောင်လွှဲဖို့ ချက်ချင်းလမ်းကြောင်းပြောင်းဖို့ အမိန့်ကို ကြားလိုက်ရပြီးနောက် အာရုံထွေပြားသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုအချိန်က သင်္ဘောများဟာ မတူညီသော စတီယာရင်စနစ်နှစ်ခုကို လည်ပတ်နေတာကြောင့် ကြောက်လန့်နေသလို စိတ်ရှုပ်ထွေးခဲ့ပုံရပြီး ရေခဲပြင်ဆီသို့ တိုက်ရိုက်လှည့်မိကာ လမ်းကြောင်းမှားသွားခဲ့ရပါတယ်။

အဲ့ဒီလိုနဲ့ပဲ ကမ္ဘာ့ပင်လယ်ပြင် သမိုင်းမှာ အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံးအဖြစ် ရာဇဝင်တွင်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားသွားခဲ့ပြီး လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့ရပါတော့တယ်။

အခုဆိုရင် တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့တာဟာ နှစ်ပေါင်း ၁၁၀ ပြည့်မြောက်လို့သွားခဲ့ပြီ။

Knight News Team

Leave a Reply

Your email address will not be published.