ကျန်းမာရေး စိတ်ပူစရာမလိုတဲ့နိုင်ငံ

ကျန်းမာရေး စိတ်ပူစရာမလိုတဲ့နိုင်ငံ

အာရောဂျံ ပရမံ လာဘံ ဆိုတဲ့အတိုင်း ကျန်းမာနေသူဟာ လာဘ်တစ်ပါး ရရှိသူဖြစ်တယ်ဆိုတာ သိကြမှာပါ။ နေမကောင်းဖြစ်တာနဲ့ဆေးရုံ ၊ ဆေးခန်းကိစ္စတွေအတွက် ငွေကုန်ကျမှုတွေရှိလာမှာဖြစ်ပါတယ်။

ဒါပေမဲ့ ခုပြောပြမဲ့နိုင်ငံကတော့ ဆေးကုသမှုအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူးတဲ့။အဲဒီနိုင်ငံကတော့ အိုက်စ်လန် နိုင်ငံဖြစ်ပါတယ်။

အိုက်စ်လန် ဟာ ကမ္ဘာပေါ်မှာ လူသားတို့ အခြေချနေထိုင်ကြရာမှာ နောက်ဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဧရိယာအကျယ်အဝန်းကလဲ သေးငယ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ လောက်မှာ နော်ဝေနိုင်ငံက Viking ဗိုက်ကင်းလူမျိုးတွေ မတော်တဆ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်က ကျွန်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ သစ်တောတွေ ဖုံးလွှမ်းနေပါတယ်။ ခုတော့ ၁ ရာခိုင်နှုံးလောက်သာကျန်ပါတော့တယ်။ ဗိုက်ကင်းတွေဟာ အဲဒီအရပ်က ရေခဲတောင်တွေကို အစွဲပြုပြီး Iceland လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနိုင်ငံမှာ Macdonald ဆိုင်လုံးဝမရှိပါဘူး။ Reykjavik မြို့မှာတော့ စားသောက်ဆိုင်တချို့ ရှိပါတယ်။ ဩဂုတ်လ၊ ၂၀၀၈ ခုနှစ် စီးပွားရေးအကြပ်အတည်းဖြစ်ချိန်မှာ သွင်းကုန်တွေဟာလဲ စရိတ် ပိုမြင့်လာပါတယ်။ဒါကြောင့် Macdonald ဆိုင်တွေ မရှိတာဖြစ်ပါတယ်။

ပညာရေး နဲ့ ကျန်းမာရေးကို အစိုးရက ကုန်ကျစရိတ် တာဝန်ယူပါတယ်။ ကိုယ်ပိုင်ဆေးခန်း ဆေးရုံ မရှိပါဘူး။ ကျန်းမာရေးစရိတ်ကို တိုင်းပြည်ရဲ့ အခွန်ဘဏ္ဌာထဲက သုံးပါတယ်။

အခြေခံကျောင်း၊ ကောလိပ် နဲ့တက္ကသိုလ်တွေအားလုံးလဲ ဒီအတိုင်းပါဘဲ။နိုင်ငံက တာဝန်ယူပါတယ်။ လုံးဝ အခမဲ့ပါ။

နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းကိုလဲကြည့်ပါအုံး။ လူပေါင်းစုံနဲ့ဖွဲ့စည်းထားပါတယ်။၂၀၁၈ ခုနှစ်မှာ အိုက်စ်လန်နိုင်ငံလို့ စတင်ဖြစ်တည်ပြီးကတည်းက ကမ္ဘာ့ဖလားဝင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။

ဂိုးသမား Hannes Por hordollsson ဟာဆိုရင် ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ပါ။ နည်းပြ Hermit Hallgrimsson ကတော့ သွားဆရာဝန် တစ်ယောက်ပါ။ ကစားသမား Emil ကတော့ ဝိုင်ကုန်သည်ပါတဲ့။ လက်ရှိ အီတလီကလပ်တခုမှာ ကစားနေပါတယ်။

အိုက်စ်လန်ရဲ့ တစ်ခုတည်းသောဒေသရင်း နို့တိုက်သတ္တဝါကတော့ အာတိတ်မြေခွေး တွေဖြစ်ပါတယ်။ရေခဲခေတ်ကထဲက ဥရောပဖက်က ရောက်ရှိလာတာဖြစ်နိုင်ပါတယ်။

တခါတလေ ပိုလာဝက်ဝံကြီးတွေကို တွေ့ရတတ်ပါတယ်။ Greenland ဖက်ကနေ ရေခဲ‌မြောတုံးတွေနဲ့ပါလာတာပါ။ဒါပေမဲ့ သားကောင်ရှားပါးတဲ့အတွက်ကြာကြာမနေကြပါဘူး။ အိုက်စလန်ဟာ အန္တာတိကတိုက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အိုက်စ်လန် ဟာကမ္ဘာမှာ စာပေဖွံ့ဖြိုးမှုများတဲ့ နိုင်ငံလဲဖြစ်ပါတယ်။ လူဦးရေကတော့ ၃၃၆၀၀၀ ရှိပါတယ်။

ထူးခြားတာက ဆယ်ယောက် တစ်ယောက်နှုန်းလောက်က စာပေရေးသားထုတ်ဝေကြသူတွေ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့အချိုးချကြည့်ရင် များတယ်လို့ပြောနိုင်ပါတယ်။

နိုင်ငံပိုင်စစ်တပ် မရှိပေမဲ့ ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံး နံပါတ်တစ် နိုင်ငံဖြစ်ပါတယ်။ စစ်တပ်မရှိဘဲ နေတိုး(NATO ) အဖွဲ့ဝင်နိုင်ငံပါ။ ဒီအတွက် ငြိမ်းချမ်းရေးတပ်ဖွဲ့၂၀၀ လောက်လက်ခံထားပါတယ်။

ဘီယာကို တားမြစ်ထားခဲ့ဘူးပါတယ်။၁၉၈၉ လောက်ကပါ။ မပူပါနဲ့ ခုပြန်ဖွင့်လိုက်ပါပြီ။၁၉၀၈ ခုနှစ်လောက်မှာ မဲစနစ်နဲ့ အရက်ကိုပါ ခွင့်မပြုခဲ့ပါဘူး။ ခုမှသာ ပြန်လည်ခွင့်ပြုယုံတင်မကဘဲ မတ်လ၁ ရက်နေ့တိုင်း ဘီယာနေ့ဆိုပြီး ကျင်းပပါသတဲ့။

အိုက်စ်လန်ရဲ့ စွမ်းအင်ဟာ ပြန်လည်အသုံးပြုစွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း သုံးစွဲပါတယ်။ ၇၃ ရာနှုန်းက ရေအားလျှပ်စစ်ဖြစ်ပြီး ကျန်တာကတော့ ရေပူစမ်းလောင်စာ ကနေ ထုတ်ယူတာ ဖြစ်ပါတယ်။ ဒါမျိုး ကမ္ဘာမှာ ဒီတစ်နိုင်ငံထဲရှိပါတယ်။

Reykjavik မြို့ကို ကြောင်မြို့တော်လို့ ပြောလို့ရပါတယ်။ ၁၉၂၄ ကနေ ၁၉၈၄ ခုနှစ်အထိ ခွေးမွေးခြင်းကို တားမြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြို့တော်နေသူအများစုက ခွေးအစားကြောင်တွေကို မွေးမြူကြလို့ ကြောင်တွေများလာတာ ဖြစ်ပုံရပါတယ်။

နောက်ဆုံးတင်ပြချင်တာကတော့ တခြားဥရောပနိုင်ငံတွေနဲ့မတူဘဲ သူတို့ရဲ့အမည်မှာ sir name မရှိပါဘူးတဲ့။ကလေးမွေးလာရင် အစိုးရကဖွဲ့ထားတဲ့ အမည်ပေးကော်မတီက ထုတ်ဝေတဲ့ အမည်ပေးကျမ်းစာအုပ် ထဲကရွေးချယ်ပေးကြပါတယ်တဲ့။

တခြားထူးခြားတာတွေ့ရင်လဲ ဆက်လက်တင်ပြပါအုံးမယ်လို့။

Knight News Team

(The Country with free healthcare & no McDonalds)

Leave a Reply

Your email address will not be published. Required fields are marked *