ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန်များ

ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန်များ

တိရစ္ဆာန်များဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပုံစံအမျိုးမျိုးရှိကြပြီး အဏုကြည့်စနစ်မှ မီတာ ၃၀ အရှည်ထိ ရှိတဲ့ အပြာရောင်ဝေလငါး အထိ အရွယ်အစားအမျိုးမျိုးဖြင့် လာကြပါတယ်။

ကိုယ်အလေးချိန်၊ အရှည်၊ အလျား စတဲ့ ကိန်းဂဏန်းတွေအရ အချို့သောတိရစ္ဆာန်များဟာ သူတို့ရဲ့အတန်းရှိ အခြားတိရစ္ဆာန်များနဲ့ နှိုင်းယှဉ်ပါက အလွန်အမင်း ကြီးမားနေခြင်းမှာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။

ကမ္ဘာ့အသေးဆုံး တိရစ္ဆာန်များအကြောင်းကိုလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါတော့ ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၇။ ရေငန်မိကျောင်း

ကမ္ဘာ့ အကြီးမားဆုံး သက်ရှိတွားသွားသတ္တဝါမှာ ရေငန်မိကျောင်းဖြစ်ပြီး ပျမ်းမျှအရှည် ၁၇ ပေ (၅.၂ မီတာ) အထိ ကြီးထွားလေ့ရှိပြီး အရှည် ၂၁ ပေ (၆.၃ မီတာ) နှင့် အလေးချိန် ပေါင် ၁,၀၀၀ (၄၅၃ ကီလိုဂရမ်) အထိ အရွယ်အစား ရှိနိုင်ပါတယ်။

၎င်းတို့ကို အိန္ဒိယ၊ အာရှနှင့် သြစတြေးလျက စိမ့်ရေနှင့် ဆားငန်ရေများတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတတ်ပြီး အခွင့်အရေးရပါက ငါးမန်းများ အပါအဝင် ၎င်းတို့၏ သွားများ ကိုက်ဖြတ်နိုင်တဲ့ တိရစ္ဆာန်အားလုံးကို စားသောက်ကြလေ့ရှိပါတယ်။

၆။ ဝေလငါးမန်း

ရေနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိတဲ့ အကြီးဆုံးငါးမှာ ၄၀ ပေ (၁၂ မီတာ) ရှည်တဲ့ Whale Shark တွေ ဖြစ်ကြပါတယ်။ အလေးချိန် ၂၂ တန်အရွယ်အစားရှိသော်လည်း သေးငယ်တဲ့ ရေမျောကောင်များကိုပဲ စားသောက်ကြပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းပင်လယ်ပြင်များက ဝေလငါးမန်းများဟာဆော့ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆကြပြီး အချို့နေရာများမှာတော့ လူတွေက ဒီငါးတွေကို အမဲလိုက်ကြတယ်လို့ သိရပါတယ်။

၅။ ဝက်ဝံများ

အညိုရောင်ဝက်ဝံနဲ့ ပိုလာဝက်ဝံတို့ဟာ ကမ္ဘာ့ အကြီးမားဆုံးသော ကုန်းနေ အသားစားကောင်များဖြစ်ကြပါတယ်။

အလေးချိန် ၉၀၇ ကီလိုဂရမ် (၁ တန်) ရှိပြီး သူတို့ရဲ့ နောက်ခြေထောက်တွေနဲ့ မတ်တပ်ရပ်လိုက်ပါက အရပ် ၁၀ ပေ (၃ မီတာ) အမြင့်အထိ ရောက်ရှိနိုင်တဲ့ အကောင်ကြီးတွေပါ။

မြောက်အမေရိက၊ ဥရောပ၊ အာရှရှိ သစ်တောများနှင့် တောင်တန်းများတွင် ဝက်ဝံညိုများကို တွေ့နိုင်သော်လည်း၊ ပင်လယ်နှင့် ရေခဲများ ပေါများရာ အရပ်ဖြစ်တဲ့ ကမ္ဘာ့မြောက်ဘက်ပိုင်းမှာတော့ ပိုလာဝက်ဝံတွေရဲ့ ကျက်စားရာ နေရာများဖြစ်ပါတယ်။

၄။ သစ်ကုလားအုပ်

အရပ်အမြင့် ၁၉ ပေ (၅.၈ မီတာ) မြင့်မားတဲ့ သစ်ကုလားအုပ်တွေဟာ ကမ္ဘာပေါ်က အရပ်အမြင့်ဆုံး သက်ရှိသတ္တဝါတွေပါ။ သူတို့ရဲ့ လည်ပင်းတစ်ခုတည်းကိုပင် ၆ ပေ (၁.၈ မီတာ) မြင့်မားပါတယ်။

အရှေ့အာဖရိကရှိ မြက်ခင်းပြင်များတွင် တွေ့ရတတ်ပြီး အိမ်တွေမှာ အများစုမှာ သစ်ပင်များမှ အညွန့်များနှင့် အရွက်များကို ၎င်းတို့ရဲ့ ရှည်လျားသောလျှာများကို အသုံးပြု၍ ဆွဲထုတ်ကာ စားသောက်လေ့ရှိကြပါတယ်။

ကိုယ်ဝန် ၁၅ လ အကြာမှာ မွေးဖွားပြီး သစ်ကုလားအုပ် အရွယ်အစားကကို ၂ မီတာ အမြင့်ရှိပါတယ်။

၃။ အာဖရိကဆင်

ကမ္ဘာ့အကြီးမားဆုံး မြေတိရစ္ဆာန်မှာ ၆,၃၅၀ ကီလိုဂရမ် (၇ တန်အထိ) အလေးချိန်ရှိတဲ့ အာဖရိကဆင်များ ဖြစ်ပါတယ်။

၎င်းတို့ဟာ ပုံမှန်အားဖြင့် ခေါင်းမှ အမြီးအထိ ၃၅ ပေ (၁၀.၆ မီတာ) အထိ ကြီးထွားကြပြီး ပခုံးအမြင့် ၁၃ ပေ (၄.၂ မီတာ) ရှိပါတယ်။

ဗားနားဆင်နှင့် တောဆင်မျိုးစိတ်များဆိုပြီး အနည်းဆုံး မျိုးစိတ် ၂ မျိုး ရှိပြီး ၎င်းတို့ကို အန္တရာယ်အပြုနိုင်ဆုံး တောရိုင်းတိရစ္ဆာန်များ စာရင်းမှာလည်း အနီရောင်အဆင့်အဖြစ် ဖော်ပြခံထားရပါတယ်။

၂။ ပြည်ကြီးငါး

Colossal Squid လို့ခေါ်တဲ့ ဧရာမပြည်ကြီးငါးကြီးရဲ့ အရွယ်အစားကို မကြာခဏ ချဲ့ထွင်လေ့ရှိပြီး ၎င်းတို့ဟာ အရှည် ၆၀ ပေ (၁၈ မီတာ) သို့မဟုတ် ၉၀ ပေ (၂၇ မီတာ) အထိ ရောက်ရှိနိုင်ကြောင်း အင်တာနက်ပေါ်က ပို့စ်များမှာ ရေးသားဖော်ပြထားကြပါတယ်။

သို့ပေမဲ့ မှတ်တမ်းတင်ထားသော အကြီးဆုံး ပြည်ကြီးငါးဟာ ၄၅ ပေ (၁၄ မီတာ) အထိပဲ ရှည်လျားပြီး ၎င်းတို့မှာ အချင်း ၁၀ လက်မ (၂၅ စင်တီမီတာ) ရှိတဲ့ အကြီးဆုံး မျက်လုံးများကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ကမ္ဘာ့တိရစ္ဆာန်တွေထဲမှာ အကြီးမားဆုံး မျက်လုံးပိုင်ရှင်တွေပါပဲ။

၁။ ဝေလငါးပြာ

အပြာရောင် ဝေလငါးဟာ သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်ဖြစ်ပြီး အလေးချိန် ၁၈၀ တန် နှင့် အရှည် ၉၈ ပေ (၃၀ မီတာ) ရှိပါတယ်။

သူတို့ရဲ့လျှာတစ်ခုတည်းက ဆင်တစ်ကောင်လောက်နဲ့ ကားတစ်စီးလောက်အထိ အလေးချိန်ရှိနိုင်သလို အရွယ်အစားကြီးမားလွန်းတာကြောင့် ရေထဲက သတ္တဝါလေးတွေဟာလည်း များသောအားဖြင့် သူတို့ရဲ့ပါးစပ်ထဲကို ရောက်ရှိခဲ့ကြရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.