အနာဂတ်ကိုကြိုမြင်ကြသူများ

အနာဂတ်ကိုကြိုမြင်ကြသူများ

တချို့သောသူတွေဟာ ဆဌမအာရုံ လို့ခေါ်တဲ့ ရှေ့ဖြစ်ကို ကြိုတင်မြင်နိုင်သလို သူတို့ပြောခဲ့တဲ့ အချက်တွေကလဲ အချိန်နဲ့လိုက်ပြီး မှန်ကန်တာတွေ့ရတတ်ပါတယ်။

ခုတခေါက်တော့ အဲဒီလူတွေထဲက ထင်ရှားသူတချို့အကြောင်းကို ဖေါ်ပြလိုက်ပါတယ်။

၁။ Jules Verne

၁၈၆၃ ခုနှစ်မှာ Verne ဟာ ၂၀ ရာစုရဲ့ ပါရီ လို့အမည်ရတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။ ဝထ္ထုဟာ ၁၉၆၀ ခုနှစ်ကို အခြေတည် ရေးသားထားတာပါ။ သူဟာ ၁၉၆၀ ခုနှစ်မှာ ဖြစ်နိုင်တဲ့ အခြေအနေကို ကြိုတင်ခန့်မှန်း ရေးသားခဲ့ပါတယ်။

သူ့ရေးသားချက်တွေဟာ ကြောက်စရာကောင်းအောင် မှန်နေခဲ့ပါတယ်။ စာထဲမှာ လူတွေဟာ ဓါတ်ငွေ့ကားများကို စီးနင်းနေကြပြီး ဒီကားတွေမှာ အတွင်းပိုင်းလောင်ကျွမ်းမှုစွမ်းအင်နဲ့ ရွေ့လျားနိုင်ပုံကို ရေးခဲ့တာပါ။ ပလက်ဖေါင်းပေါ်က ဓါတ်ငွေ့ဖြည့်တင်းတဲ့ဆိုင်တွေပါ ရေးပြခဲ့ပါတယ်။

ရထားတွေဟာလဲ လေဖိအား (ရေနွေးငွေ့ဘွိုင်လာသုံး ရထား ) နဲ့ မောင်းနှင်ပြီး ကုန်တိုက်တွေမှာ ဓါတ်လှေခါးတွေ တပ်ဆင်ထားတဲ့အကြောင်းလည်းပါပါတယ်။

လူတွေဟာ ဓါတ်ပုံနဲ့ သတင်းတွေကိုလက်ကိုင်ကရိယာ (မိုဘိုင်းဖုန်း ) နဲ့တစ်ဦးကိုတစ်ဦး ပေးပို့ဆက်သွယ်နိုင်ကြမယ်လို့ သူကရေးခဲ့ပါတယ်။

နောက်ဆုံးမှာ ကွန်ပျူတာ ကွန်ယက်အကြောင်းပါ ရေးခဲ့တော့ အံ့ဩလောက်အောင်မှန်ကန်နေတာတွေ့ရပါတယ်။

၂။ Vladimir Odoyevsky

သူကတော့ The year 4338 Petersburg Letters များကို ရေးခဲ့တဲ့ ရုရှားစာရေးဆရာပါ။ ၁၈၃၅ ခုနှစ်မှာရေးခဲ့တာဖြစ်ပြီး ၁၉ ရာစုရဲ့ ကျော်ကြားတဲ့စာရေးဆရာလဲ ဖြစ်ပါတယ်။

သူ့စာထဲမှာ လေကြောင်းနဲ့ခရီးသွားခြင်းတွေ၊ တယ်လီဖုန်းအကြောင်းတွေ ဓါတ်ပုံ မိတ္တူကူးတဲ့အကြောင်းတွေ ပါဝင်ပါတယ်။ လေအေးပေးစက် ( Air-conditioning) ကိုအသုံးပြုတဲ့အကြောင်းပါ ရေးပြခဲ့ပါတယ်။

အထူးခြားဆုံးကတော့ သူ့စာထဲမှာ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ဖေါ်ပြခဲ့တာပါ။ လူတွေဟာ ဆိုရှယ်မီဒီယာကိုသုံးပြီး သတင်းဓါတ်ပုံ အချက်အလက်တွေကို မျှဝေနိုင်တာတွေကို ရေးသားခဲ့ပါတယ်။

၃။ Wernher von Braun ( 1949 )

Wernher ဟာ ဂျာမန် သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ဒုံးပျံနည်းပညာကို တီထွင်ခဲ့သူအဖြစ် သိကြပါတယ်။

သူဟာ စာတစ်အုပ်သာ ရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာ အနှစ် ၃၀ ကျော်လောက်ကို ကြိုတင် ခန့်မှန်းရေးသားခဲ့တဲ့ နည်းပညာဇာတ်လမ်းဖြစ်ပါတယ်။

သူက ကမ္ဘာကြီးဟာ တန်းတူညီမျှတဲ့ နိုင်ငံတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး အင်္ဂါဂြိုလ်ကို လေ့လာရေး ယာဉ်တွေ စေလွှတ်ကြလိမ့်မယ်လို့ ရေးခဲ့ပါတယ်။

ဒီလေ့လာရေး အစီအစဉ်ကို အီလွန် (Elon ) လို့ အမည်ရတဲ့ သူက ဦးဆောင်မယ်လို့ ရေးခဲ့ပါတယ်။ အီလွန်မတ်က် ရဲ့အင်္ဂါဂြိုလ်လေ့လာစူးစမ်းမှုတွေကိုကြိုသိနေသလိုပါ။တိုက်ဆိုင်တယ်ဆိုတာထက် မှန်နေတာလို့ပြောရင် ပိုသင့်တော်မယ် ထင်ပါတယ်။

နောက်ထပ် ထူးခြားတဲ့အမြင်တွေနဲ့ ခန့်မှန်းချက်တွေကို ဆက်လက်တင်ပြအုံးမှာမို့ စောင့်မျှော် ဖတ်ရှု့ကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.