၂၀ ရာစု နောက်ပိုင်း အဆိုးရွားဆုံးသော လေယာဥ်ပျက်ကျမှုများ
လေကြောင်းဖြင့် ခရီးသွားခြင်းဟာ စာရင်းအင်းအရ ခရီးသွားရန် အလုံခြုံဆုံး နည်းလမ်းဖြစ်ပေမဲ့ ရာနှုန်းပြည့် ဘေးကင်း လုံခြုံနေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။
လေကြောင်းနဲ့ ခရီးသွားရာမှာ တစ်စုံတစ်ရာ မှားယွင်းသွားတဲ့အခါ သေဆုံးစေတဲ့အထိ ပေးဆပ်ရနိုင်ပါတယ်။
၁၉၉၀ ပြည့်နှစ်၊ နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခဲ့ချိန်မှာ ကမ္ဘာတစ်ဝှမ်းက လေယာဥ်ပျက်ကျတဲ့ သတင်းတွေကို မကြာခဏဆိုသလို ကြားသိခဲ့ရသလို ၂၀၀၀ ပြည့်နှစ် အလွန် နည်းပညာတွေ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာချိန်မှာလည်း လေယာဥ်ပျက်ကျမှုတွေ ကြုံတွေ့ခဲ့ရတုန်းပါပဲ။
အဲ့ဒီထဲကမှ အဆိုးရွားဆုံးသော လေယာဉ်ပျက်မှုတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
1. Air France Flight 4590 (2000)
ပြင်သစ်လေကြောင်းလိုင်းမှ အမှတ် ၄၅၉၀ လေယာဉ်ဟာ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပါရီရှိ Charles de Gaulle လေဆိပ်မှ New York ရှိ JFK သို့ ဦးတည်ပျံသန်းခဲ့ပါတယ်။
လေယာဉ်ဟာ ပျံတက်ချိန်တကတည်းက တာယာတစ်လုံးက ပြုတ်ထွက်ပျက်စီးသွားရင်း လေယာဥ်ရဲ့ ဘယ်ဘက်တောင်ပံကို ထိမှန်ကာ ပျက်ကျမှု ဖြစ်ပွားခဲ့ရပါတော့တယ်။ ဒီပျက်ကျမှု ဖြစ်စဥ်မှာ လေယာဉ်ပေါ်ပါ ခရီးသည် ၁၁၃ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
2. American Airlines Flight 587 (2001)
9/11 အကြမ်းဖက် တိုက်ခိုက်မှုအပြီး လ အနည်းငယ်အကြာမှာပဲ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာကြီးကို ဆက်လက် တုန်လှုပ်စေခဲ့တာကတော့ နယူးယောက်က လေကြောင်းဖြစ်ရပ်ဆိုးပါပဲ။
ဒီမတော်တဆမှုဟာ အမေရိကန် လေကြောင်းလိုင်း Flight 191 ပြီးရင် ဒုတိယမြောက် အဆိုးရွားဆုံး လေကြောင်း မတော်တဆမှုဖြစ်ပြီး လေယာဉ်ပေါ်မှာ လူပေါင်း ၂၆၀ နဲ့ မြေပြင်မှာ ၅ ဦး သေဆုံးခဲ့ပါတယ်။
9/11 နှင့် နီးကပ်နေတာကြောင့် နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်မယ်လို့ စိုးရိမ်မှုများ ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်မှူးရဲ့ အမှားကြောင့်သာ လေယာဥ် ပျက်ကျခဲ့ရတာဖြစ်ပါတယ်။
လေယာဉ်ရဲ့ ဒလက်တံကို အလွန်အကျွံ အသုံးပြုခဲ့မှုကြောင့် လေယာဉ်ရဲ့ အင်ဂျင်များ မီးလောင်ခဲ့ရာမှ စတင်ပြီး လေယာဉ်ဟာ Queens ရဲ့ နေရာတစ်ခုထံသို့ ပျက်ကျပျက်စီးသွားခဲ့ပါတယ်။
3. Malaysia Airlines Flight 370 (2014)
မလေးရှားလေကြောင်းလိုင်း အမှတ် ၃၇၀ ဟာ မြို့တော် ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ရေဒါထဲမှ ပျောက်ဆုံးသွားခဲ့ပြီး နောက်ထပ်မတွေ့ရတော့ပါဘူး။
လေကြောင်း ထိန်းချုပ်မှုမှာ ပြဿနာ တစ်စုံတစ်ရာ မရှိသော်လည်း လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။
ဒီထူးဆန်းစွာ ပျောက်ဆုံးသွားမှုဟာ နိုင်ငံတကာကို ထိတ်လန့်စေခဲ့ပြီး ပြည်ပ အကူအညီတွေနဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာမှာ အထောက်အထား အပိုင်းအစများနဲ့ အနီးစပ်ဆုံးအရာဖြစ်တဲ့ လေယာဥ်က အတောင်ပံ အစိတ်ပိုင်းလေးကို မူလရှာဖွေရေးနေရာမှ ကီလိုမီတာ ၃,၇၀၀ အကွာရှိ ရီယူနီယံ ကျွန်းမှာ ၂၀၁၅ ခုနှစ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
Malaysia Airlines Flight 370 နှင့် ပတ်သတ်၍ အကောင်းဆုံး ခန့်မှန်းချက်မှာ လေယာဉ်ဟာ လောင်စာဆီ မကုန်မီမှာ လမ်းကြောင်းပြောင်းသွားဖွယ်ရှိပြီး ပျက်ကျသွားခဲ့ပုံပေါ်ကာ လူပေါင်း လိုက်ပါလာခဲ့တဲ့ ခရီးသည် ၂၃၉ ဦးလုံး ယနေ့ချိန်ထိ ဘာအကြောင်းကြောင့်ရယ်လို့ အဖြေရှာမရခဲ့တဲ့ ဒီ ကြေကွဲဖွယ်ဖြစ်ရပ်မှာ သေဆုံးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
Knight News Team