အမဲလိုက်ရာမှာ အထူးချွန်ဆုံးသော တိရစ္ဆာန်များ

အမဲလိုက်ရာမှာ အထူးချွန်ဆုံးသော တိရစ္ဆာန်များ

သန်မာခြင်း၊ ရုတ်တရတ် အလျင်နဲ့ လှုပ်ရှားနိုင်ခြင်း၊ ချွန်ထက်သောသွားများနှင့်အတူ ပြင်းထန်သော အော်ဟစ်သံများ ပြုလုပ်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်များအကြောင်း ပြောရာမှာ ခေါင်းထဲပေါ်လာမယ့် ပထမဆုံးပုံရိပ်ဟာ အသားစား အမဲလိုက် သားကောင်တွေပါပဲ။

အောက်ပါတို့ဟာတော့ တိရစ္ဆာန်တိုင်းပြည်ရဲ့ ထိပ်တန်းမုဆိုး ၁၀ ဦး ဖြစ်ပါတယ်။

10. Tarantula ပင့်ကူ

ကမ္ဘာပေါ်တွင် တာရန်တူလာမျိုးစိတ် ရာပေါင်းများစွာရှိပြီး အပူပိုင်းဒေသများတွင် တွေ့ရှိရသည်။

အဆိုပါ ပင့်ကူရဲ့ ၅ လက်မအရွယ် ကိုယ်ထည်နှင့် ၁၁ လက်မ ခြေထောက် အရှည်တို့သည် ယင်းတို့အား တိရစ္ဆာန်လောကရှိ ကျွမ်းကျင်သော မုဆိုးများထဲမှ တစ်ဦး ဖြစ်လာစေသည်။

အမှန်တကယ်တော့ သူတို့ဟာ ညအချိန်တွေမှာ အင်းဆက်ငယ်လေးတွေ ဖြတ်သွားတဲ့နေရာ အနီးမှာ ပုန်းနေတတ်ကြပြီး သားကောင်ကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ တရှိန်ထိုး ထိုးဆင်းသွားကြပါတယ်။ ကြွက်များ၊ ဖားများနှင့် ငှက်ငယ်များဟာ သူတို့ရဲ့ အစာတွေဖြစ်ကြပါတယ်။

9. Black Mamba မြွေ

Black Mamba သည် အာဖရိကတိုက်၏ အရှည်ဆုံး အဆိပ်ရှိသောမြွေဖြစ်သည်။ အရွယ်ရောက်နေသည့် အနက်ရောင် Mamba တစ်ကောင်သည် အရှည် ၁၄ ပေ ရှိကာ ၎င်းတို့၏ ခန္ဓာကိုယ်အရှည် စုစုပေါင်း၏ သုံးပုံတစ်ပုံအထိ ဦးခေါင်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် ၎င်းတို့သည် နို့တိုက်သတ္တဝါများကဲ့သို့သော အရွယ်အစားကြီးမားသော သားကောင်များကို ရှာဖွေကြပြီး တိရစ္ဆာန်ငယ်များနှင့် ငှက်များကိုလည်း အမဲလိုက် စားသောက်ကြလေ့ရှိသည်။

8. Piranha ငါး

ကမ္ဘာပေါ်ရှိ အန္တရာယ်အရှိဆုံးငါးများထဲမှ တစ်မျိုးဖြစ်ပြီး တောင်အမေရိကမြစ်များတွင် နေထိုင်ကြသည်။

သန်မာသော မေးရိုးများနှင့် ချွန်ထက်သော သွားများကို အသုံးပြု၍ သားကောင်အမြောက်အများကို အမဲလိုက်လေ့ရှိကြသည်။

လူသားများပင်လျှင် ၎င်းတို့၏ သန်မာသော မေးရိုးများဖြင့် ၁၀ စက္ကန့်အတွင်း အလွယ်တကူ ချေမှုန်းခံရနိုင်သည်။

၎င်းတို့၏ အထူးအာရုံခံအင်္ဂါများသည်လည်း ရေထဲတွင် သားကောင်ရှိနေသည်ကို သိရှိနိုင်စေရန် ကူညီပေးသည်။

7. Gray Wolf ဝံပုလွေ

မီးခိုးရောင် ဝံပုလွေများသည် အခြားထိပ်တန်းသားကောင်များနှင့် မတူဘဲ အုပ်စုလိုက် အမဲလိုက်ကြသည်။

အုပ်စုဖွဲ့ အမိုက်လိုက်သည့် အရေအတွက်မှာ ၆ ကောင် မှ ၁၀ ကောင် ကြား ရှိသည်။ မီးခိုးရောင် ဝံပုလွေများသည် လေမှတဆင့် ၎င်းတို့၏ နှာခေါင်းများဖြင့် သားကောင်များကို အနံ့ခံ ရှာဖွေတွေ့ရှိကြသည်။

ထူးခြားချက်မှာ သူတို့သည် မြေပြင်ပေါ်မှာ ငြိမ်ငြိမ်လေး ရပ်နေကြသည့် တိရစ္ဆာန်တွေကိုတော့ ဘယ်တော့မှ မတိုက်ခိုက်ကြပေ။ Gray wolf များသည် ၎င်းတို့အား ပြေးရန် ခြိမ်းခြောက်ကြပြီးမှသာ အမဲလိုက်ကြလေ့ရှိသည်။

6. Komodo Dragon

ကိုမိုဒိုနဂါးများသည် အင်ဒိုနီးရှားကျွန်းစုများတွင် တွေ့ရှိရသည့် အိမ်မြှောင် မျိုးစိတ်များတွင် အကြီးဆုံး တိရစ္ဆာန်ဖြစ်သည်။

၎င်းတို့သည် အလေးချိန် ၇၀ ကီလိုဂရမ် အထိ ရှိပြီး အရှည် ၁၀ ပေ အထိ ရှိသည်။ ကိုမိုဒိုနဂါးများသည် အနံ့ခံအာရုံ အလွန်းကောင်းလှပြီး အကွာအဝေး ၁၀ ကီလိုမီတာမှပင် သားကောင်များကို ရှာဖွေ တွေ့ရှိနိုင်သည်။

သားကောင်များသည် ကိုမိုဒိုနဂါး အနီးသို့ ဖြတ်သွားသောအခါတွင် ၎င်းတို့သည် ရုတ်တရက် တိုက်ခိုက်ခြင်း ဖြစ်သည်။

မာကျောသော အမြီးများကို အသုံးပြု၍ ဝက်နှင့် သမင်များကဲ့သို့ သားကောင်များကို ဖြိုခွင်းပြီး အဆိပ်ပြင်းသော သွားများဖြင့် ကိုက်ဖြတ်ခြင်းကို ပြုလုပ်ကြသည်။

5. မိကျောင်း

မိကျောင်းများသည် ကျွမ်းကျင်သော ရေနေ မုဆိုးများထဲမှ တိရစ္ဆာန် ဖြစ်ပြီး ကျွဲ၊ မြင်း၊ ကျား၊ တောဝက် စသည်ဖြင့် တိရစ္ဆာန်မျိုးစုံကို ကျက်စားကြသည်။

မိကျောင်းများသည် ချောင်းမြောင်း သားကောင်များဖြစ်ပြီး သောက်ရေအတွက် ရောက်လာသော သားကောင်များကို ရေစပ်တွင် စောင့်ဆိုင်းပြီး အမဲလိုက်လေ့ရှိကြသည်။

၎င်းတို့၏ ရှည်လျားပြီး သန်မာသော မေးရိုးများသည် သားကောင်များကို အလွယ်တကူဖမ်းနိုင်ရန် ကူညီပေးပြီး သားကောင်များကို ရေအောက်သို့ ဆွဲငခေါ်ကာ လှည့်ပတ်ဝှေ့ယမ်း၍ ဖျက်ဆီးပစ်လေ့ရှိပြီးမှ စားသောက်ကြသည်။

မိကျောင်းများသည် ညဘက်အမြင်အာရုံ အလွန်ကောင်းမွန်သည့် အမဲလိုက်သမားများလည်း ဖြစ်ကြသည်။

4. Killer Whale ဝေလငါး

ဤဝေလငါးများသည် သမုဒ္ဒရာအားလုံးတွင် တွေ့ရတတ်သော သွားရှိ ဝေလငါးများဖြစ်ပြီး ၎င်းတို့၏ သားကောင်စာရင်းတွင် ဖျံများ၊ ပင်လယ်ခြင်္သေ့များ၊ ရေနေနို့တိုက်သတ္တဝါများနှင့် အခြားသော ဝေလငါးများ ပါဝင်သည်။

ဤ အသားစား ဝေလငါးများသည် အမဲလိုက်ရန်အတွက် အကောင် ၄၀ အထိ အုပ်စုဖွဲ့ထားပြီး အုပ်စုတစ်ခုစီသည် မတူညီသော သားကောင်များကို ဖမ်းရန်အတွက် မတူညီသော နည်းလမ်းများကို အသုံးပြုကြသည်။

ရေအောက်ထဲမှာတော့ သူတို့ဟာ အသံထွက်ပြီး ရေနေသားကောင်တွေရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းကာ အမဲလိုက်ကြပါတယ်။

3. Grizzly Bear ဝက်ဝံ

၎င်းတို့သည် မြောက်အမေရိကဒေသများတွင် တွေ့ရသော ဝက်ဝံအညို မျိုးကွဲများဖြစ်သည်။ အရွယ်ရောက်ပြီးသား ဂရစ်ဇ်လီတစ်ကောင်သည် ကိုယ်အလေးချိန် ၃၂၀ မှ ၃၇၀ ကီလိုဂရမ်ကြားရှိပြီး အမြင့် ၇ ပေအထိရှိသည်။

၎င်းတို့၏ ကြီးမားသောခြေသည်းများနှင့် အားကောင်းသောမေးရိုးများသည် မျောက်၊ ဆတ်၊ သမင်၊ နွားထီးနှင့် ကြီးကောင်သိုးကဲ့သို့သော နို့တိုက်သတ္တဝါကြီးများကို အလွယ်တကူ အမဲလိုက်နိုင်ရန် ကူညီပေးသည်။

ဒီဝက်ဝံရဲ့ အမြန်နှုန်းက တစ်နာရီ မိုင် ၄၀ နှုန်းရှိပြီး ရေကူးတတ်တယ်သလို အထူးသဖြင့် ဆော်လမွန်ငါးများကို လိုက်ဖမ်းနိုင်စွမ်းရှိပြီး ငါးများကို တွယ်ကပ် ဖမ်းဆုပ်ရန်အတွက် သူတို့၏ ထူးခြားသည့် ခြေသည်းများကို အသုံးပြုကြသည်။

2. ခြေင်္သေ့

နို့တိုက်သတ္တဝါကြီးများ ဖြစ်ကြသည့် ကျွဲ၊ တောရိုင်း တိရစ္ဆာန်များနှင့် ဆင်များ အားလုံးဟာ တောဘုရင် ခြင်္သေ့များ၏ သားကောင်များ ဖြစ်လာသည်။

များသောအားဖြင့် အမဲလိုက်ခြင်းအတွက် ခြင်္သေ့မများသည် အဓိက ဦးဆောင်ကြပြီး ခြင်္သေ့အထီးများကတော့ ခြင်္သေ့ငယ်လေးများကို ပြုစုစောင့်ရှောက်ကြသည်။

အနီးကပ်ဆုံး သားကောင်အတွက် အာရုံစူးစိုက်ပြီး လည်ပင်းကို ရုတ်တရက် ပြင်းပြင်းထန်ထန် ကိုက်လိုက်တာက အချိန်တိုအတွင်း သေစေနိုင်ပြီး ထွက်ပြေးဖို့ အခွင့်အလမ်းလည်း မရှိနိုင်ပေ။

သစ်ကုလားအုတ် သို့မဟုတ် ဆင်များကဲ့သို့ ပိုကြီးသော သားကောင်များကိုတော့ အနောက်မှနေ တိုက်ခိုက်ကြသည်။

1. ငါးမန်းဖြူ

ဤငါးမန်းအမျိုးအစားကတော့ တိရစ္ဆာန်နိုင်ငံ၌ အအောင်မြင်ဆုံး မုဆိုးဘုရင်များ ဖြစ်သည်။

၎င်းတို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံး အမဲလိုက်သမားများဖြစ်ပြီး အရှည် ၆ ပေ မှ ၂၀ ပေ ကြား၊ အလေးချိန် ၂၅၀၀ ကီလိုဂရမ်အထိရှိသည်။ ပင်လယ်ခြင်္သေ့များ၊ ဖျံများ၊ ပင်လယ်လိပ်များ စသည်တို့ကို ကျက်စားလေ့ရှိသည်။

၎င်းတို့တွင် ကွဲပြားပြှး ချွန်ထက်သော တြိဂံပုံစံသွား အချောင်း ၃၀၀ ရှိသည်။ သူတို့၏ အနံ့ခံအာရုံသည် မြောက်မြားစွာတဲ့ ကီလိုမီတာ အကွာမှ သားကောင်များကို ရှာဖွေရန် ကူညီပေးသည်။

ငါးမန်းဖြူကြီးများသည် အောက်မှ ရုတ်တရက် တိုက်ခိုက်ကာ အားကောင်းသော မေးရိုးနှင့် သွားများကို အသုံးပြု၍ သားကောင်များကို ချေမှုန်းကြသည်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *