အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြသူများ( အပိုင်း ၂ )
အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြသူများအကြောင်း(အပိုင်း ၁) ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ဒီတစ်ခါတော့ အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။
E M Forster (1909 )ဆိုသူက The Machine stops ယန္တယားကြီး ရပ်သွားပြီလို့ အမည်ရတဲ့ သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကို တီဗွီတွေ မပေါ်ခင်မှာရေးသားခဲ့ပါတယ်။
သူ့ဇာတ်လမ်းမှာ လူသားအဖွဲ့အစည်းဟာ မြေအောက်ကမ္ဘာမှာ နေထိုင်ကြပုံကို အခြေခံရေးဖွဲ့ထားပြီး အဲဒီလူသားတွေက အကြွင်းမဲ့အာဏာရဖို့ စက်ယန္တယားကြီးတစ်ခုကို ပိုင်ဆိုင်အောင်ကြိုးစား ကြပါတယ်။
ဇာတ်ကောင်တွေဟာ ဗွီဒီယိုနဲ့ ဆက်သွယ်ကြပါတယ်။ သူတို့ဟာ အထီးကျန်ပြီး မိုဘိုင်းမျက်နှာပြင်ပေါ်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆို တွေ့ဆုံကြတာကိုရေးထားပါတယ်။
သူတို့ရဲ့တစ်ခုတည်းသော ထုတ်ကုန်က အသိပညာကို ဖုန်းကတဆင့် သတင်းဝေမျှတာဖြစ်ပါတယ်တဲ့။ ရေးသားတဲ့ ခုနှစ်မှာ ဖုန်းမပြောနဲ့ တီဗွီ တောင်မပေါ်သေးပါဘူး။အံ့ဩစရာပါ။
H G Wells ( 1914 ) ကလဲ The world set free ဆိုတဲ့စာအုပ်တစ်အုပ်ကို ၁၉၁၄ မှာ ရေးသားခဲ့ပါတယ်။စာအုပ်ထဲမှာ Atomic Physic အက်တမ်ရူပဗေဒ အကြောင်းကို အထူးပြုရေးထားတာပါ။
ပိုထူးတာက အက်တမ် ဗုံးအကြောင်းရေးခဲ့တာဖြစ်ပါတယ်။သူရေးတဲ့ဗုံးဟာ သေးငယ်တဲ့အစိတ်အပိုင်းအတွင်းမှာ ကာရိုလီနမ် လို့အမည်ပေးထာတဲ့ဒြပ်စင် တမျိုးထည့်ထားပါတယ်တဲ့ ။
ဗုံးရဲ့ စနက်တံကို ဖေါက်ခွဲလိုက်တဲ့အခါမှာ ပြင်ပကလေနဲ့ ဓါတ်ပြုပြီး အဆုံးအစမရှိပေါက်ကွဲလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။ ဒီ့အရင်က တစ်စုံတစ်ယောက်မှ ဒီလိုလက်နက်မျိုးအ ကြောင်း ရေးတဲ့ သူမရှိခဲ့ပါဘူး။အံ့ဖွယ်ပါ။ လူသားတွေဟာ အက်တမ်ဗုံးကို ၁၉၄၀ မှာတီထွင်နိုင်ခဲ့ကြပါတယ်။
Edward Bellamy(1888 )ဆိုသူဟာ အတိတ်ကိုပြန်ကြည့်ခြင်း ( Looking Backward 2000-1887)ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ် နိုင်ငံတစ်ခုအကြောင်း ရေးသားထုတ်ဝေခဲ့ပါတယ်။
အဲ့အချိန်က အရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်။ရုပ်ရှင်ရိုက်ဖို့ပါ ဝယ်ယူခံရပါတယ်။
ဇာတ်လမ်းထဲက လူဟာ ၁၈၈၇ ခုနှစ်ကစလို့ ၁၁၃ နှစ်ကြာအောင် အိပ်ပျော်နေခဲ့ပြီး ၂၀၀၀ ခုနှစ် သူအိပ်ယာက နိုးလာတဲ့အခါမှာ အမေရိကန်ပြည်ကြီးရဲ့ ပြောင်းလဲနေပုံတွေကို တွေ့ရှိရတဲ့အကြောင်း ရေးသားခဲ့တာပါ။
စာထဲမှာ အမေရိကန်ဟာ တိုးတက်တဲ့နိုင်ငံဖြစ်နေပုံ လူတွေဟာ ငွေကြေးအစား ခရက်ဒစ်ကဒ်ပြားတွေ အသုံးပြုနေကြပုံတွေ ပါပါတယ်။ ကြိုးတပ်ကရိယာတခုနဲ့ သီချင်းနားထောင်နေတာတွေ ပစ္စည်းဝယ်ယူရာမှာ အိမ်ရှေ့အရောက်ပို့ဆောင်ပေးတာတွေ ရေးသားခဲ့ပါတယ်။
Authur C Clarke ( 1968 ) ဆိုသူကတော့ 2001 Space Odyssey အမည်ရ စာတအုပ်ကိုရေးခဲ့ပါတယ်။ သူကလဲ ထူးခြားပါတယ်။
ဇာတ်လမ်းကတော့ အာကာသထဲခရီးသွားတဲ့ဇာတ်လမ်းပါ။ ဒါပေမဲ့ဇါတ်လမ်းထဲမှာ newspads လို့ခေါ်တဲ့ ကရိယာတစ်မျိုးအကြောင်းရေးထားပြီး ဒီကရိယာကတဆင့် ကမ္ဘာပေါ်ကို သတင်းပို့လို့ရတဲ့အကြောင်းရယ်။
သတင်းကိုကြည့်ရှုသူများကလဲ ဒီကရိယာ ကိုသုံးပြီး အကျယ်ချဲ့တာ ကျဉ်းအောင်လုပ် လိုသလိုသုံးပြီး ကြည့်နိုင်တယ်လို့ရေးခဲ့တော့ ဒီနေ့ခေတ်ရဲ့ Tablet တွေနဲ့တူညီနေတာကို အံ့ဖွယ်တွေ့ရပါတယ်။
ခုတင်ပြခဲ့တာ အနာဂတ်ကို ကြိုမြင်နိုင်ခဲ့တဲ့ လူထူးဆန်းများအကြောင်းဖြစ်ပြီး စာရှုသူများ နှစ်ခြိုက်ကြမယ်ထင်ပါတယ်ခများ။ကျေးဇူးတင်ပါတယ်။
Knight News Team