ကမ္ဘာပေါ်က နေ လုံးဝမဝင်တဲ့ နိုင်ငံများ

ကမ္ဘာပေါ်က နေ လုံးဝမဝင်တဲ့ နိုင်ငံများ

တစ်ခါတလေမှာ လူတချို့က တစ်နေ့တာကို မကုန်ဆုံးစေချင်ကြဘူးလို့ ဆန္ဒပြုလေ့ရှိကြပါတယ်။

ဒါဆိုရင် ဒီဆန္ဒကို အခုပြောပြပေးသွားမယ့် နိုင်ငံတွေမှာ ဖြည့်ဆည်းနိုင်ပါတယ်။ ကမ္ဘာပေါ်က နေ မ၀င်သောနေရာများ အကြောင်းကို တွေးကြည့်လိုက်ရင် နေ့ဟာ ဘယ်တော့မှ မကုန်ဆုံးသလို ဘယ်အချိန်မှာ အိပ်ရပြီး ဘယ်အချိန်မှာ နိုးထရမလဲဆိုတာကိုလည်း မသိနိုင်တော့ပါဘူး။

နော်ဝေးနိုင်ငံ

အာတိတ်စက်ဝိုင်းတွင် တည်ရှိပြီး နော်ဝေးကို “သန်းခေါင်ယံနေမင်းမြေ” လို့ ခေါ်ကြပါတယ်။ မေလမှ ဇူလိုင်လနှောင်းပိုင်း အထိ ၇၆ ရက်တာ ကာလအတွင်း နေမ၀င်ပါဘူး။

တောက်ပတဲ့ နေရောင်ခြည်ဟာ ဒေသတစ်ခုလုံးကို တစ်နေ့မှာ နာရီ ၂၀ ခန့် လွှမ်းခြုံထားတတ်ပါတယ်။

ဥရောပရဲ့ မြောက်ဘက် လူနေထိုင်မှုအရှိဆုံး ဒေသဖြစ်တဲ့ နော်ဝေးနိုင်ငံ၊ Svalbard တွင် ဧပြီလ ၁၀ ရက်မှ သြဂုတ် ၂၃ ရက် အထိ နေရောင်ဟာ တစ်နေ့တာလုံး အဆက်မပြတ်ထွန်းလင်းနေလေ့ရှတယ်လို့ သိရပါတယ်။

အိုက်စလန်နိုင်ငံ

လှပတဲ့ အိုက်စလန်နိုင်ငံဟာ ဗြိတိန်ပြီးရင် ဥရောပရဲ့ အကြီးဆုံး ကျွန်းဖြစ်ပါတယ်။ အိုက်စလန်ဟာ မေလ ၁၀ ရက်မှ ဇူလိုင်လ အထိ နေရောင်ခြည်ဟာ မိုးကုပ်စက်ဝိုင်း အထက်တွင် အမြဲရှိနေပါတယ်။

ရင်သပ်ရှုမောဖွယ်ရာ မြောက်ဘက်အလင်းရောင်များ အပြင် တောင်တက်ခြင်း၊ တောရိုင်းတိရစ္ဆာန် ကြည့်ရှုခြင်း၊ ဝေလငါး ကြည့်ရှုခြင်း၊ ဂူသွင်းခြင်း၊ စက်ဘီးစီးခြင်းနှင့် အမျိုးသားဥယျာဉ်များသို့ လည်ပတ်ခြင်း စသတဲ့ ကြည်နူးဖွယ်ကောင်းသော လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

ကနေဒါနိုင်ငံ

ကမ္ဘာ့ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး ကနေဒါရဲ့ အစိတ်အပိုင်း အများအပြားဟာ တစ်နှစ်တာပတ်လုံး နှင်းများ ဖုံးလွှမ်းနေလေ့ရှိပါတယ်။

Inuvik နှင့် အနောက်မြောက် နယ်မြေများကဲ့သို့ နေရာမျိုးတွင် နွေရာသီတွင် ရက် ၅၀ လောက် ခန့် နေရောင်က မဝင်သွားဘဲ တောက်ပတတ်ပါတယ်။

ကနေဒါမှာတော့ တောင်တက်ခြင်း၊ ရေပူစမ်းများ၊ ကြိုးတံတားလမ်းလျှောက်ခြင်း၊ ကမ္ဘာ့ဒုတိယအကြီးဆုံး လမ်းပိုင်းရှိ လမ်းခရီးများနှင့် သမိုင်းဝင် အထိမ်းအမှတ် အများအပြားကို သွားရောက် လည်ပတ်နိုင်ပါသေးတယ်။

အလက်ဇကာနိုင်ငံ

မေလနှောင်းပိုင်းမှ ဇူလိုင်လနှောင်းပိုင်းအထိ Alaska နိုင်ငံတွင် နေမ၀င်ပါ။ လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဆောင်းရာသီမှာတော့ တိုင်းပြည်ယာ အမှောင်ထုထဲမှာပဲ ရှိနေပါတယ်။

ကြီးမားလှပတဲ့ ရေခဲမြစ်များနှင့် နှင်းများ ဖုံးလွှမ်းနေတတ်သော တောင်များကြောင့် လူသိများပြီး တောင်တက်ခြင်း သို့မဟုတ် ရှုခင်း လှည့်ပတ်ကြည့်ရှုခြင်းများ ပြုလုပ်နိုင်ပြီး နှင်းတွေကျနေတဲ့ လှပတဲ့ တောင်တန်းတွေနဲ့အတူ ဝေလငါးတွေကိုတောင် သွားကြည့်လို့ရတယ်။

ဆွီဒင်နိုင်ငံ

ပူနွေး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံမှာတော့ နေရောင်ခြည်ဟာ မေလ အစောပိုင်းမှ သြဂုတ်လ နှောင်းပိုင်းအထိ သန်းခေါင်ယံ အချိန်ခန့်တွင်မှ ပျောက်ကွယ်သွားတတ်ပြီး နံနက် ၄ နာရီ ခွဲမှာ ပြန်လည် ထွက်ပေါ်လာပါတယ်။

စွန့်စားခန်း လှုပ်ရှားမှုများဖြင့် သင့်ကိုယ်သင် မအားမလပ်နေခြင်းဖြင့်လည်း ဤရှည်လျားတဲ့ နေ့ရက်များကို ဖြတ်သန်းနိုင်ပါတယ်။

ဒါမှမဟုတ် ငါးမျှားတာ၊ ဂေါက်ရိုက်တာ၊ နှင်းလျှောစီးတာ၊ အမျိုးသားဥယျာဉ်တွေကို လည်ပတ်တာ၊ မြေနိမ့်ပိုင်းလမ်းတွေကို စူးစမ်းတာတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။

ဖင်လန်နိုင်ငံ

ရေကန်များနှင့် ကျွန်းပေါင်းထောင်ချီရှိသော ဖင်လန်နိုင်ငံရဲ့ နေရာအများစုဟာ နွေရာသီတွင် နေကို ၇၃ ရက် ကြာ မြင်တွေ့ရပါတယ်။

မြောက်ဘက်အလင်းရောင်ကို မြင်ရတဲ့အပြင် နှင်းလျှောစီးတာကိုလည်း နှစ်သက်နိုင်ပါသေးတယ်။

ဆောင်းဦးလများမှာတော့ ကြွေကျလာတဲ့ သစ်ရွက်များနဲ့ သူတို့ရဲ့ အရောင်အသွေးတွေက ဒီဒေသရဲ့ အံ့မခန်းမြင်ကွင်းများကို ပေးစွမ်းစေမှာပါ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *