သက်တမ်းတစ်လျှောက် အဆိုးဆုံး ကံဆိုးမိုးမှောင်ကျခဲ့သော သင်္ဘောကြီးများရဲ့ နစ်မြုပ်ခဲ့မှု့သမိုင်းများ
၁။ Wilhelm Gustloff
၁၉၄၅ ခုနှစ် ဇန်နဝါရီလ တုန်းက ဂျာမနီသင်္ဘောတစ်စီးဟာ ဘဲလ်တစ်ပင်လယ်ထဲမှာ အရှေ့ပါရူးရှား က အနီရောင်စစ်တပ်ရဲ့ တိုက်ခိုက်မှု့ကြောင့် နစ်မြုပ်ခဲ့ဖူးပါတယ်။
သင်္ဘောရဲ့ ညာဘက်ပိုင်းကို ထိခိုက်ခဲ့ပြီးတော့ ၄၅မိနစ်တောင်မကြာတဲ့ အချိန်ကာလအတွင်းမှာဘဲ သင်္ဘောကြီး တစ်စီးလုံးနစ်မြုပ်ခဲ့ရပါတယ်။
ဒီနစ်မြုပ်မှု့မှာ ခန့်မှန်းခြေလူပေါင်း ၉၄၀၀ ခန့် ဆုံးပါးခဲ့ပြီးတော့ သင်္ဘောနှစ်မြုပ်မှု့သမိုင်းမှာ အကြီးမားဆုံးသော အသက်ဆုံးရှုံးမှု့ ဖြစ်ရပ်ဖြစ်သွားခဲ့ပါတယ်။
၂။ MV Doña Paz
ဒီဇင်ဘာလ ၂၀ရက်နေ့ ၁၉၈၇ခုနှစ်မှာတော့ MV Doña Paz လို့အမည်ပေးထားတဲ့ ခရီးသည်တင်သင်္ဘောကြီးဟာ MT Vector လို့ခေါ်သော ဖီလစ်ပိုင်နိုင်ငံက လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိခဲ့ပြီးတော့ နစ်မြုပ်ခဲ့ရပါတယ်။
ခန့်မှန်းခြေ လူပေါင်း ၄၃၇၅ ယောက်အထိသေဆုံးခဲ့ပြီးတော့ စစ်အေးကာလအတွင်းမှာ နစ်မြုပ်ခဲ့တဲ့ အဖြစ်အပျက်တွေထဲကမှ အများဆုံးသေဆုံးသော နစ်မြုပ်မှု့ဖြစ်ခဲ့ပါတယ်။
အဲ့ဒီညမှာ ခရီးသည် တွေအားလုံး အိပ်စက်နေတဲ့အချိန်မှာပဲ လောင်စာဆီပေါင်း ၈၈၀၀ ကို သယ်ဆောင်လာတဲ့ Vector သင်္ဘောနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ ဒီတိုက်မိမှုကြောင့် MV Doña Paz သင်္ဘောတစ်ခုလုံး အလျှင်အမြန် မီးကူးခဲ့ပြီး ဘေးပတ်လည်ရေပြင်မှာလဲ မီးတွေနဲ့ပြည့်နေခဲ့ပါတယ်။
၃။ RMS Lusitania
လီဗာပူးလ် ၊ လန်ဒန်နှင့် နယူးယောက်တို့အပြင် အိုင်ယာလန်၊ တို့ကို ခေါက်တုံ့ ခေါက်ပြန် မောင်းနှင်နေခဲ့တဲ့ ဗြိတိန် နိုင်ငံက သင်္ဘောကတော့ ပထမကမ္ဘာစစ်အတွင်းမှာဘဲ ဂျာမနီတွေရဲ့ သင်္ဘောပစ်ဒုံးကျည်တွေနဲ့တွေ့ခဲ့ပြီးတော့ ၁၉၁၅ခုနှစ် မေလ ၇ ရက်နေ့မှာ နစ်မြုပ်ခဲ့ပါတယ်။
၎င်းသင်္ဘောကြီးတစ်စီးလုံး နစ်မြုပ်ဖို့ ကြာချိန်ကတော့ ၁၈မိနစ်ဘဲကြာခဲ့ပါတယ်။ နစ်မြုပ်မှု့ကြောင့် ၁၉၅၉ ယောက်မှာ ၁၁၉၈ ယောက်သေဆုံးခဲ့ပြီးတော့ ၇၆၁ယောက်ကတော့ အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။
၄။ RMS Lancastria
ဒုတိယကမ္ဘာစစ်အတွင်းမှာ နစ်မြုပ်ခဲ့တဲ့ ဗြိတိန်စစ်သင်္ဘောတစ်စီးဘဲဖြစ်ပါတယ်။၁၉၄၀ခုနှစ် ဂျွန်လ ၁၇ရက်နေ့မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီးတော့ အသက်ပေါင်း ၄၀၀၀ ခန့် ဆုံးရှုံးခဲ့ရပါတယ်။
ဒီဆုံးရှုံးမှု့ဟာ ဗြိတိန်နိုင်ငံအနေနဲ့ သင်္ဘောတိမ်းမြုပ်မှု့မှာ အကြီးမားဆုံးသောဆုံးရှုံးမှု့ဖြစ်ခဲ့ပါတယ်။ဒီနစ်မြုပ်မှု့မှာ သေဆုံးခဲ့တဲ့ အရေအတွက်ဟာ တိုက်တန်းနစ်နှင့် လူစီတားနီးယား သင်္ဘောတို့ နစ်မြုပ်မှု့တွေရဲ့ နှစ်ခုပေါင်းတောင်ရှိပါတယ်။
၅။ RMS Empress of Ireland
စိန့်လောရန့်စ် မြစ်အတွင်မှာ နစ်မြုပ်ခဲ့ရတဲ့ ကနေဒါသင်္ဘောကတော့၁၉၁၄ခုနှစ် မေလ၂၉ရက်နေ့မှာ နစ်မြုပ်ခဲ့တာဘဲဖြစ်ပါတယ်။၁၀၁၂ယောက်သော လူတွေသေဆုံးခဲ့ရပြီး ၄၆၅ ယောက်သာ လွတ်မြောက်ခဲ့ရပါတယ်။
မနက်ပိုင်းမှာပင် ကျောက်မီးသွေးအလုပ်သမားတွေဟာ သင်္ဘော ညာဘက်ပိုင်းမှာ ကျောက်မီးသွေးတွေကို ၀န်မမျှဘဲတင်မိခဲ့တာကြောင့် အလေးချိန်မမျှဘဲ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
၆။ MV Goya
ဒီဂျာမန်ပို့ဆောင်ရေး သင်္ဘောကတော့ ခရီးသည်ပေါင်း ၆၁၀၀ ကိုတင်လို့ နိုင်ငံရပ်ခြားကို ဒုတိယကမ္ဘာစစ်အတွင်းမှာ သွားလာနေတုန်း ၁၉၄၅ခုနှစ် ဧပြီလ ၁၆ရက်နေ့မှာ ဆိုဗီယက်တွေရဲ့ ရေငုတ်သင်္ဘော မှ ဒုံးကျည်ထိမှန်လို့ နစ်မြုပ်ခဲ့ရပါတယ်။
သင်္ဘောကြီးတစ်စီးလုံးဟာ ခုနှစ်မိနစ်ဆိုတော့ အချိန်လေးအတွင်းမှာပင် နစ်မြုပ်သွားခဲ့ပြီးတော့ ခရီးသည်အားလုံးနီးပါးသေဆုံးခဲ့ရပါတယ်။ ဒီနစ်မြုပ်မှု့ကတော့ စစ်အတွင်း နစ်မြုပ်မှု့တွေထဲက ဒုတိယအကြီးမားဆုံးသော နစ်မြုပ်မှု့ဘဲဖြစ်ပါတယ်။
၇။ Titanic
သင်္ဘောတိမ်းမှောက်မှု့များထဲမှာ နာမည်အကြီးဆုံးသော နစ်မြုပ်မှု့ဖြစ်ပြီးတော့ ၁၉၁၂ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ နစ်မြုပ်ခဲ့တာဘဲဖြစ်ပါတယ်။
UK ကနေ နယူးယောက်မြို့တော်ကို သွားနေတဲ့လမ်း၊ မြောက် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရေခဲကျောက်ဆောင်ကို တိုက်မိခဲ့ပြီးတော့ နစ်မြုပ်ခဲ့တာဘဲဖြစ်ပါတယ်။
တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှု့မှာတော့ လူဦးရေ ၁၅၁၄ ယောက်ခန့်သေဆုံးခဲ့ပြီးတော့ ခရီးသည်တင်သင်္ဘော များနစ်မြုပ်မှု့ စာရင်းထဲမှာ တတိယမြောက်အကြီးမားဆုံးသောနစ်မြုပ်မှု့ဖြစ်ခဲ့ပါတယ်။
ခရက်ဒစ်