ကမ္ဘာတစ်ဝှမ်းက လူမဆန်သော လူ့တိရစ္ဆာန်များ
၁။ ဆက်ဒမ် ဟူစိန်
ဆက်ဒမ်သည် အနှစ်နှစ်ဆယ်ကျော်ကြာ ကာ့ဒ်၊ ရှာဘတ်၊ ယာဇီဒစ်၊ အာရှုရိနှင့် မန်ဒဲန်လူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အီရတ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့အပြင် ဟူစိန်သည် အိမ်နီးချင်းနိုင်ငံများကို ကြုံရာကျပန်း ကျူးကျော်ရန် စိတ်အားထက်သန်နေပုံရပြီး အခြေအနေများကို သူ့စိတ်တိုင်းကျ မဖန်တီးနိုင်တဲ့အခါ သူ့ရဲ့ ပြည်သူလူထုအပေါ် ခေါင်းပုံချပြီး အဆိပ်ငွေ့များဖြင့် သုတ်သင်ခြင်းကိုလည်း ပြုလုပ်ခဲ့သူဖြစ်သည်။
၂။ အိုစမာ ဘင်လာဒင်
ခေတ်မီ အကြမ်းဖက်ဝါဒ၏ မျက်နှာစာနှင့် အယ်လ်ကိုင်ဒါကို တည်ထောင်သူအနေဖြင့် FBI မှ ဒေါ်လာ ၂၅ သန်း ဆုကြေးငွေဖြင့် ဖမ်းဝရမ်းထုတ်ခံရသည့်အထိ သူ့ဘဝကို နေထိုင်ခဲ့သည်။
သို့သော်လည်း သူသည် အမေရိကန် သမ္မတ အုပ်ချုပ်ရေး သုံးဆက်အထိ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး သမ္မတ အိုဘားမား လက်ထက်မှာမှ အသေဖမ်းမိနိုင်ခဲ့သည်။
၃။ မော်စီတုန်း
“တော်လှန်ရေးဆိုတာ ညစာစားပွဲလည်းမဟုတ်၊ စာစီစာကုံး၊ ပန်းချီ၊ ပန်းထိုးမှုတစ်ခုလည်း မဟုတ်ဘူး။ ညင်သာစွာ၊ ဖြည်းဖြည်းချင်း၊ ဂရုတစိုက်၊ လေးလေးစားစား၊ ယဉ်ကျေးစွာ၊ ကျိုးနွံစွာ တော်လှန်ခြင်း ပြုလိုပ်လို့မရပါ။
“တော်လှန်ခြင်းသည် တော်လှန်ပုန်ကန်မှုဖြစ်ပြီး လူတန်းစားတစ်ခုက နောက်တစ်မျိုးကို ဖြုတ်ချသည့် အကြမ်းဖက်မှုတစ်ခုဖြစ်သည်” ဟု ဆိုခဲ့သူ မော်စီတုန်းကလည်း ကမ္ဘာ့သမိုင်းက အထင်ရှားဆုံး လူ့အညစ်အကြေး တစ်ခုပါပဲ။
၄။ အဲလိဇဘတ် ဘတ်သိုဝီ
“ကမ္ဘာ့သမိုင်း၏ အအောင်မြင်ဆုံး အမျိုးသမီး ကွင်းဆက်လူသတ်သမား” ဟု တံဆိပ်ကပ်ခံခဲ့ရသော 1500 ပြည့်လွန်နှစ်များမှ ဟန်ဂေရီလူမျိုး အမျိုးသမီးတစ်ဦး အဲ့ဘိဇဘတ် သည် “Blood Countess” သို့မဟုတ် “Blood Queen” အဖြစ် လူသိများလာခဲ့သည်။
သူမသည် ငယ်ရွယ်မှုကို ထိန်းသိမ်းရန်အတွက် အပျိုစင်သွေးဖြင့် ရေချိုးခဲ့သူလည်းဖြစ်ပြီး တရားရုံး မှတ်တမ်းများအရ အဲလိဇဘတ် နှင့် ကြံရာပါများစွာသည် မိန်းကလေးငယ်များစွာကို ရိုက်နှက်ခြင်း၊ မီးရှို့ခြင်း၊ မျက်နှာအသားများကို ကိုက်ခြင်း၊ အေးခဲစေခြင်း၊ လှီးဖြတ်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ပြုလုပ်ခဲ့တယ်ဟု သိရပါသည်။
၅။ အက်ဒေါ့ဖ် ဟစ်တလာ
လူသန်းပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခဲ့ခြင်း၊ သမိုင်းတွင် အခြားသူများထက် သေဆုံးမှု ပိုများစေခဲ့ခြင်းတို့ အတွက် တာဝန်ရှိပြီး ဥရောပတိုက်ကြီး တစ်ခုလုံးကို ၆ နှစ်တာ ကာလအတွင်း ဖျက်ဆီးခဲ့သူဖြစ်တာကြောင့် သူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး။
၆။ ဂျိုးဆက် စတာလင်
ဂျိုးဆက်သည် ယူကရိန်းနိုင်ငံ တစ်ခုလုံးကို ငတ်မွတ်စေခဲ့သည်။ ဒီထက်ဆိုးတာတွေတောင် ပြုလုပ်ခဲ့သူဖြစ်တာကြောင့် သူ၏ ဆိုးသွမ်းမှုအဆင့်ကို ထုတ်ဖော်ပြသဖို့ မလွယ်ပါဘူး။
ဂန္တဝင် အာဏာရှင်များစာရင်း၏ ထိပ်တန်းအဆင့်တွင် နေရာယူနိုင်ခဲ့သူ ဂျိုးဆက်သည် သူ၏ အရင်းနှီးဆုံးသူငယ်ချင်းများနှင့် လူယုံပေါင်းများစွာကို ကွပ်မျက်ခဲ့ပြီး စုစုပေါင်းသေဆုံးမှုအရေအတွက် သန်း ၆၀ ဝန်းကျင် အထိ ပဲ့ကိုင်ခဲ့သူလည်း ဖြစ်သည်။
၇။ ဟင်းနရစ် ဟင်းမ်လာ
SS ၏ခေါင်းဆောင်၊ ဂျာမန်ရဲချုပ်၊ ဂက်စတာပို ခေါင်းဆောင်အနေဖြင့် သူသည် လူ ၁၀ သန်းနီးပါးသေဆုံးမှုကို ကိုယ်တိုင်ကိုယ်ကျ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စစ်ပွဲ ပြီးသွားသောအခါတွင်လည်း သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများကိုပင် သူနှင့်မသက်ဆိုင်တော့သလို ကွပ်မျက်ခဲ့သူဖြစ်သည်။
Knight News Team