ယူကရိန်း အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အကြောင်း

ယူကရိန်း အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အကြောင်း

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်ခံရတာ ၄ လကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ယူကရိန်းပြည်သူတွေဟာ ရုရှားကို ခုခံနေကြဆဲပါ။

ဒီထဲကမှ ယူကရိန်းရဲ့ ထူးခြားတဲ့ တပ်ဖွဲ့တခုအကြောင်း ရှာဖွေတင်ပြပါရစေ။

ဒီတပ်ဖွဲ့အမည်က Shaman Battalion လို့ခေါ်ပါတယ်။ တပ်ဖွဲ့ကို လျှို့ဝှက်စွာ ဖွဲ့စည်ထားတာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ဟာ ရုရှားတို့ရဲ့ နယ်မြေထဲအထိ ဝင်ရောက်တိုက်ခိုက်ပါတယ်။ အထူးစစ်ဆင်ရေး အနေနဲ့ပါ။

တရားဝင် တပ်ဖွဲ့အမည်က အမှတ် ၁၀ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့လို့ ခေါ်ပါတယ်။သူတို့ဟာ စွမ်းရည်ပြည့်ဝပြီး အထူးစစ်ဆင်ရေးတွေကို ပြောင်မြောက်စွာ ဆင်နွဲနိုင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ရုရှားရဲ့ Bolgorov က ဆီသိုလှောင်ရာနေရာတစ်ခုဟာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မီးဟာ နာရီပေါင်းများစွာ လောင်ကျွမ်းခဲ့ပါတယ်။

ဒီမြို့ဟာ ရုရှားပိုင် မြို့တစ်မြို့ဖြစ်ပြီး ယူကရိန်းနယ်စပ်နဲ့ ၂၅ မိုင်လောက်ကွာ‌ ဝေးပါတယ်။ ဗွီဒီယို အထောက်အထားအရ ဒီနေရာကိုရဟတ်ယာဉ်နှစ်စင်းက တိုက်ခိုက်တာ တွေ့ရပါတယ်။

ယူကရိန်းဖက်ကတော့ ဒီသတင်းကို အတည်မပြုပေမဲ့ ရုရှားရဲ့ ဆီသိုလှောင်တဲ့ နေရာတော်တော်များများမှာ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းကို ဦးတည်နေတဲ့ ရထားလမ်း၊ တံတား‌ တွေဟာလဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီထဲကတချို့ဟာ စနစ်တကျ ဖေါက်ခွဲ့ခဲတာ တွေ့ရပါတယ်။

ရုရှားကတော့ တလျောက်လုံး ငြင်းဆိုနေတာဖြစ်ပေမဲ့ သူတို့ရဲ့ ဝါဒဖြန့်နည်း အဟောင်းကြီးက အလုပ်မဖြစ်ပါဘူး။ ယူကရိန်းကို ကျူးကျော်ရာမှာသုံးတဲ့ထောက်ပို့လမ်းကြောင်းတွေဟာ အားနည်းသွားပါတယ်။

Shaman တွေက ဒီကိစ္စဟာ ကျနော်တို့ လုပ်နိုင်တာ အများအပြားထဲက တချို့သာရှိသေးတယ်လို့ဆိုပါတယ်။သူတို့ထဲအထိ ကျနော်တို့ ရောက်လာမယ်ဆိုတာ ရုရှားတွေကမယုံနိုင်ကြဘူးလေလို့ ဆက်ပြောပါတယ်။

Shaman တပ်ဖွဲ့တွေကို ကျစ်လစ်စွာ ဖွဲ့စည်းထားတာပါ။ ရန်သူကို ထောက်လှမ်းခြင်း၊ တိုက်ခိုက်ချေမှုန်းခြင်းတွေကို အဓိက လေ့ကျင့်ပေးထားပြီး ထူးချွန်ထက်မြက်သူတွေကိုသာ ရွေးချယ်ဖွဲ့စည်းထားပါတယ်။

ဒီတပ်ဖွဲ့ထဲဝင်ရောက်နိုင်ဖို့ အရည်အချင်းစစ်ဆေးမှုတွေ အထပ်ထပ်အောင်မြင်မှ ဖြစ်မှာပါ။ ခက်ခဲတဲ့အခြေအနေမှာ ရှင်သန်နေထိုင်တတ်ရပါမယ်။ အထူးသဖြင့် ရေငုပ်တာ၊ လေထီးခုန်တာ၊ တောင်တက်တာတွေကို ထပ်တလဲလဲ လေ့ကျင့်ရပါတယ်။

တချို့ဟာ အာဖဂန်စစ်ပွဲတလျောက် ဗြိတိန် အမေရိကန်တို့နဲ့ အတူပါဝင်ခဲ့လို့ ကျင်သား ရနေပါတယ်။

ယူကရိန်း စစ်ဖက်အရာရှိကြီးတစ်ဦးကဆိုရင် သူတို့ကို အခက်ဆုံးစစ်ဆင်ရေးတွေမှာဘဲ အသုံးပြုပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့က အရဲရင့်ဆုံးနဲ့ အတော်ဆုံးအဖွဲ့ဖြစ်လို့ပါတဲ့။ အမှန်ပါဘဲ ဒီအဖွဲ့ရဲ့ စွမ်းရည်တွေကို ကျူးကျော်ခံရပြီးအစောပိုင်းအချိန်တွေကထဲက ပြသနိုင်ခဲ့ပါတယ်။

ရုရှားဟာ သူ့ရဲ့အထူးတပ်ဖွဲ့ဖြစ်တဲ့ Spetsnaz troop ကို Hostomel မြို့ကိုစေလွှတ်ခဲ့ပါတယ်။ ဒီမြို့က Kyiv မြို့နဲ့နီးပါတယ်။

ရုရှားလေထီးစစ်သားတွေဟာ မြို့ရဲ့လေဆိပ်ကို သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလေဆိပ်ကိုရရင် ရုရှားတပ်တွေကို လက်နက်ထောက်ပံ့ရေးအတွက် လမ်းကြောင်းပွင့်သွားမှာပါ။ ကိဗ်မြို့ကိုလဲ အလွယ်တကူ သိမ်းနိုင်မှာပါ။

Shaman တပ်ဖွဲ့တွေက လေယာဉ် ဂိုဒေါင်တွေနဲ့ လေယာဉ်ကွင်းတဝိုက်မှာ ပုန်းအောင်းနေရာယူထားကြပါတယ်။လေးနာရီကြာ ပြင်းထန်စွာတိုက်ခိုက်ကြပါတယ်။ ရုရှားရဲ့ Spetsnaz တွေ အရေးမလှခဲ့ကြပါဘူး။ လေးရက်အကြာမှာတော့ ရုရှားအထူတပ်ဖွဲ့အကုန်နီးပါးခြေမှုံးခံလိုက်ရပါတယ်။

ဒီတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်တပ်ရဲ့ကျောရိုးသဖွယ် လှုပ်ရှားစစ်ကစားနေကြပြီး ခုထိလဲ ပါဝင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

ကျနော်တို့က အနောက်အုပ်စုရဲ့ အထောက်အပံ့ ရရ ၊မရရ တိုက်မှာပါ။ ကျနော်တို့ကလေးတွေရဲ့အနာဂတ်ကို ကျနော်တို့ကာကွယ်နေတာပါလို့ ကိုယ်ပိုင်နံပါတ် ၂၂ တပ်ဖွဲ့ဝင် တစ်ယောက်ကပြောပါတယ်။

အခုဆိုရင်တော့ NATO တို့၊ ယူအက်စ် တို့အကူအညီတွေကလဲ တဖွဲဖွဲ ရောက်လာနေပြီဖြစ်လို့ Shaman Battalion အဖွဲ့ရဲ့ စွမ်းရည်တွေကို ပိုမိုမြင်တွေ့ရဖို့ရှိပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *