Boeing ရဲ့ ထုတ်ပြန်ချက်အသစ်

Boeing ရဲ့ ထုတ်ပြန်ချက်အသစ်

အင်ဒိုနီးရှား၊ အီသီယိုးပီးယားတို့မှာ Boeing 737 NG လေယာဉ်တွေ ပျက်ကျတဲ့အကြောင်းကို မှတ်မိကြမှာပါ။ Knight News မှာလည်း တင်ပြခဲ့ဖူးပါတယ်။

ပျက်ကျတဲ့အကြောင်းက လေယာဉ်ရဲ့ MCAS( Manoeuvring Characteristics Augmentation System) ကြောင့်ဖြစ်ပါတယ်။ ဒီ system က လေယာဉ်ကို nose dive ခေါ် ခေါင်းစိုက်ကျစေပြီး ပျက်ကျတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ခုတော့ Boeing ကုမ္ပဏီဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ပြီလို့ကြေညာလိုက်ပါတယ်။

MCAS ဟာ လေယာဉ်ရဲ့ AOA ( Angle of Attack ) များလို့ လေယာဉ် Stall ဖြစ်တာကို ကာကွယ်ဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် လေယာဉ်အရမ်းဦးမော့ပြီး တက်တဲ့အခါ အမြန်နှုန်းကျပြီး လေယာဉ်နောက်ကို လျောကျတာမျိုးကို Stall လို့ခေါ်ပါတယ်။

ဒါကို သိနိုင်ဖို့ AOA ( Angle of Attack) ခေါ် အာရုံခံကရိယာနှစ်ခုကို လေယာဉ်ရဲ့ရှေ့ပိုင်း ဘေးတဖက်တချက်မှာ တပ်ဆင်ထားပါတယ်။ ( ပုံ ၁ )။ ဒီကရိယာက အလိုအလျောက်မောင်းစနစ် ( Auto-Pilot System) နဲ့ချိတ်ဆက်ထားပါတယ်။

AOA က ပို့တဲ့ အချက်အလက်ကို Autopilot Computer ကတွက်ချက်ပြီး Stall ဖြစ်နိုင်တယ်လို့ အဖြေရရင် လေယာဉ် ဦးခေါင်းကို စိုက်ချဖို့ အမြီးပိုင်းမှာရှိတဲ့ Horizontal stabilizer ကို အပေါ်ကိုတွန်းတင်ပါတယ်။ Jackscrew actuator ကတဆင့်ပါ။ဒါကြောင့် လေယာဉ်ဦးခေါင်းစိုက်သွားပြီး လေယာဉ်ကို Stall မဖြစ်အောင်ကာကွယ်ပါတယ်။

အရင်က အဲဒီစနစ်ဟာ လေယာဉ် လုံလောက်တဲ့ ဦးစိုက်မှုရပေမယ့် မရပ်သွားပဲ ဆက်လက် စိုက်ကျနေစေခဲ့လို့ လေယာဉ်တွေ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ခုတော့ software အသစ်နဲ့ ကွန်ပျူတာကို အဆင့်မြှင့်ပြီး fly by wire system ရဲ့ မှားယွင်းနိုင်တဲ့ limit တွေကို ကွန်ပျူတာက တွက်ချက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် stabilizer တခုလုံးကို လှုပ်ရှားစေမဲ့အစား အနားစွန်းက အတက်ငယ် ( trim tab ) တွေကို ပိုင်းလော့က ခလုပ်နှိပ်ယုံနဲ့ ရွေလျားစေပြီး လေယာဉ်ကိုထိန်းကျောင်းနိုင်စေပါတယ်။

နောက်ထပ် Jackscrew Actuator ကို ပုံမှန်နေရာပြန်ရောက်စေဖို့ ခလုပ်အသစ်တခု တပ်ဆင်ထာလိုက်ပါပြီ။ဒါကိုတော့ လေယာဉ်ခေါင်းခန်းက pedestal လို့ခေါ်တဲ့ ဧရိယာမှာ Trim wheel အောက်ဖက်နားမှာတပ်ဆင်ထားပါတယ်။ နောက်ဆုံး ထိန်းမရရင် Stabilizer Trim wheel ကို ပိုင်းလော့ကိုယ်တိုင် လက်နဲ့ လှည့်ပြီးထိန်းလို့ရပါတယ်။

လေယာဉ် stall ဖြစ်ခဲ့ရင် ပိုင်းလော့က shaker motor လို့ခေါ်တဲ့ လက်ကိုင်မှာတပ်ဆင်ထားတဲ့ မော်တာကလည်ပြီး လက်ကိုင်ကို တုန်ခါစေပါတယ်။ဒါဆိုရင် ပိုင်းလော့ဟာ မိမိလေယာဉ် stall ဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။ ခုခေတ် လေယာဉ်တွေမှာ အသံ( Audio )တို့ အလင်း (Warning light ) တို့နဲ့ပါ အချက်ပြတာမို့ သိလွယ်ပါတယ်။

ဒီအခါမှာ သတ်မှတ်ထားတဲ့ procedure အတိုင်း လိုက်နာလုပ်ဆောင်ပြီး လေယာဉ်ကိုထိန်းကြောင်းမောင်းနှင်ယုံပါဘဲလို့ တင်ပြရင်း Boeing လေယာဉ်ကုမ္ပဏီ ကြီးရဲ့ကြေငြာချက်ကို သိသလောက် ဗဟုသုတအနေဖြင့် မျှဝေလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.