ကျောင်းမှာ သင်ပေးသင့်တဲ့ ပထဝီဆိုင်ရာ အချက်များ
ပထဝီဆိုတာ အဆုံးမရှိတဲ့ပညာရပ်တစ်ခုလို့ပြောရင် လွန်မယ် မထင်ပါဘူး။ ဘာကြာင့်လဲဆိုရင် ကျနော်တို့ရဲ့ ဂြိုလ်ကမ္ဘာကြီးဟာ အံ့ဩစရာနဲ့ပြည့်နှက်နေပြီး အမြဲတန်း ပြောင်းလဲနေလို့ပါ။
ပိရမစ်ဆိုတာနဲ့ အီဂျစ်နိုင်ငံနဲ့တွဲမြင်နေသေးတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ခုတင်ပြမှာကတော့ ကမ္ဘာကြီးရဲ့ ထူးခြားချက်တချို့ပါ။ရှုစားကြပါအုံး။
၁။ လရဲ့အချင်းဟာ ၂၁၆၀ မိုင်ရှိပါတယ်။ ဩစတေးလျတိုက်ဟာ အရှေ့ကအနောက်ထိ ၂၄၈၅ မိုင် ရှိလို့ လထက် ကြီးပါတယ်။
၂။အိုက်စ်လန်နိုင်ငံဟာ တစ်နှစ်ကို ၂ လက္မနှုန်းနဲ့ တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ ကမ္ဘာ့ကျောက်လွှာ နှစ်ချပ် ပွတ်တိုက်မှုကြောင့် ဖြစ်ပါတယ်။
၃။ ဧဝရက်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပေမဲ့ ပင်လယ်ထဲက Mariana ချောက်ကြီးထဲကို အလွယ်တကူ ထည့်လို့ရပါတယ်။ ဒီတောင်ထက် Chimborazo တောင်က မိုးကောင်းကင်နဲ့ပိုနီးပါတယ်။သူက အီကွေတာပေါ်မှာရှိနေလို့ပါ။
၄။ ကယ်လီဖိုးနီးယားပြည်နယ်က လူဦးရေဟာ ကနေဒါ တစ်နိုင်ငံလုံး လူဦးရေထက် များပါတယ်။ကနေဒါက ၃၇.၆ သန်းရှိပြီး ကယ်လီဖိုးနီးယားက ၃၉.၅ သန်း ရှိပါတယ်။
၅။ ဆာဟာရ သဲကန္တာရမှာ နှင်းတွေကျတတ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ဇန္နဝါရီလထဲမှာ နှစ်ပေါင်း ၅၀ အတွင်း လေးကြိမ်မြောက်အဖြစ် နှင်းတွေ ကျဆင်းခဲ့ပါတယ်။
၆။ ဆာဂါဆိုပင်လယ်ဆိုတာ သမုဒ္ဒရာရေစီးကြောင်းတွေ ဝိုင်းပါတ်နေတဲ့အလယ်မှာရှိတာကြောင့် ကမ်းခြေမရှိပါဘူး။
၇။ Dead Sea လို့ခေါ်တဲ့ပင်လယ်သေဟာ စံပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၄၀၀ နိမ့်ပါတယ်။ တစ်နှစ်ကို ၃ ပေလောက် ခန်းခြောက် နိမ့်ကျ လာနေပါတယ်။ ဆားပျော်ဝင်မှုများလို့ ရေကူးရင် ရေပေါ်ပေါ်နေပါတယ်။
၈။ အာဖရိကတိုက်ဟာ စက်ဝိုင်းခြမ်းလေးခုပေါင်းစပ်ထားသလိုဖြစ်နေပါတယ်။
၉။ ဆူဒန်နိုင်ငံဟာ အီဂျစ်နိုင်ငံထက် ပိရမစ် ပိုများပါတယ်။ဆူဒန်မှာ ၂၀၀ ကနေ ၂၅၅ လောက်ရှိတဲ့ ပိရမစ်တွေရှိနေတာဖြစ်ပြီး အီဂျစ်မှာ ၁၃၈ ပဲရှိပါတယ်။
၁၀။ မက်စီကို စီတီးဟာ တစ်နှစ်ကို ၃.၂ ပေလောက် မြေအောက်ကို နစ်ဆင်းနေပါတယ်။
၁၁။ တူရကီနိုင်ငံရဲ့မြို့တော် အစ္စတန်ဘူ ဟာ တိုက်ကြီးနှစ်ခုကြားမှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ ဥရောပနဲ့ အာရှတိုက်ကြားဖြစ်ပါတယ်။ နယ်ခြားမျဉ်းဟာ မြိုအလည်တဲ့တဲ့က ဖြတ်ထားပါတယ်။
၁၂။ တရုပ်နဲ့ရုရှားနိုင်ငံဟာ တခြားနိုင်ငံ ၁၄ နိုင်ငံနဲ့ ထိစပ်နေတာ တူညီကြပါတယ်။ သီးခြားထိစပ်နေတာကတော့ တရုပ်နဲ့မြောက်ကိုရီးယား၊ရုရှားနဲ့ဖင်လန်တို့ဖြစ်ပါတယ်။
၁၃။ တခြားနိုင်ငံတစ်ခုအတွင်းထဲမှာ ပိတ်မိနေတဲ့ နိုင်ငံ ၃ ခုရှိပါတယ်။ လီဆိုသို၊ ဆန်မာရီနိုနဲ့ ဗာတီကန်စီတီး တို့ဖြစ်ပါတယ်။
လီဆိုသိုကတော့ တောင်အာဖရိကနိုင်ငံအတွင်းမှာ လုံးလုံးလျားလျား တည်ရှိနေတာဖြစ်ပြီးဆန်မာရီနိုနဲ့ ဗာတီကန်စီးတီးတို့ကတော့ အီတလီနိုင်ငံထဲမှာပါ။
၁၄။ ကမ္ဘာပေါ်မှာ ရေကန်ပေါင်း ၃၁၇၅၂ ကန်ရှိတဲ့အနက် ၉ ရာခိုင်နှုန်းက ကနေဒါမှာ ရှိပါတယ်။
ဆက်လက်တင်ပြပါအုံးမယ်။
Knight News Team