အမေရိကန် အစိုးရအဖွဲ့အတွက် အလုပ်လုပ်ခဲ့တဲ့ ဗီးနပ်စ် ဂြိုလ်သား
ပုံမှာမြင်ရတဲ့သူက Valiant Thor ဆိုတဲ့ ဗီးနပ်စ်ဂြိုလ်က ဂြိုလ်သားတစ်ယောက်ပါ။ ဒီကိစ္စကို ဖေါ်ထုတ်ခဲ့သူက သူနဲ့အတူတူအလုပ်တွဲလုပ်ခဲ့ရတဲ့ သုတေသနပညာရှင် Phil Schneider ဆိုသူပါ။
၂၀ ရာစုအလယ်ပိုင်းကာလတွေမှာ Thor ဟာ အမေရိကန်စစ်တပ်အတွက် နှစ်အတော်ကြာ အလုပ်လုပ်ပေးခဲ့ပါတယ်တဲ့။ သူရဲ့ပြောကြားချက်ဟာ ဂြိုလ်သားရှိမရှိအငြင်းပွားနေသူများကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။
သူက ၁၉၉၅ ခုနှစ်လောက်က ကွန်ဖရင့်တစ်ခုမှာ ဂြိုလ်သား Thor နဲ့စတင်တွေ့ခဲ့ပါတယ်တဲ့။ Thor ဟာ အမေရိကန်စစ်တပ်ရဲ့ လျို့ဝှက်စီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။
“သူက လူသားလိုပါဘဲ။ ဒါပေမဲ့ထူးခြားတဲ့ ရုပ်ရည်မျိုးဗျ။ ၁၉၃၇ ခုနှစ်ကထဲက အမေရိကန်အစိုးရထံမှာ တရားဝင်အလုပ်လုပ်နေခဲ့တာပါလို့ သူကပြောပါတယ်။
ဒါဟာ ဇာတ်လမ်းတစ်ပုဒ်ဆိုရင်တောင်မှ ပညာရှင်လဲဖြစ် အင်ဂျင်နီယာလည်းဖြစ်တဲ့Schneider ဟာအမေရိကန်အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက်ဥပဒေနဲ့ငြိနေပါပြီ။
ဒါပေမဲ့သူကိုယ်တိုင်ကလဲ Level 1 လျို့ဝှက် ပရောဂျက်များမှာ ပါဝင်လုပ်ကိုင်သူဖြစ်နေပါတယ်။ သူက စစ်ဖက်မြေအောက်လျို့ဝှက်စစ်စခန်းတွေဆောက်လုပ်ရာမှာ တာဝန်ယူထားသူပါ။
Frank E. Stranges ဆိုသူကလဲ Thor ဟာ ၁၉၃၇ ခုနှစ်ကထဲက အလုပ်လုပ်နေခဲ့တာမှန်ကန်ကြောင်း ၁၉၅၀ ခုနှစ်လောက်မှာ မကြာခဏ သူရဲ့ အာကာသယာဉ်နဲ့ ကမ္ဘာမှ ထွက်သွားတတ်ကြောင်း သူ့ရဲ့အရပ်အမောင်းက ၂ မီတာရှိကြောင်း အညိုရောင်ဆံပင်နဲ့စူးရှတဲ့ မျက်လုံးများရှိပြီး လက်ခြောင်းခြောက်ခြောင်းစီရှိကြောင်းနဲ့ အသက်က နှစ် ၅၀၀ ရှိကြောင်း သူ့ရဲ့စာအုပ်မှာရေးသား ဖေါ်ပြခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့အိုင်ကျူအဆင့်က ၁၂၀၀ ရှိပါတယ်တဲ့။ ဘာသာစကား ၁၀၀ လောက်ပြောနိုင်တယ်လို့ ထပ်မံဖေါ်ပြခဲ့ပါတယ်။
Schneider လိုဘဲ Thor ဆိုသူဂြိုလ်သားနဲ့ အတိအလင်း စကားပြောခဲ့ရသူတွေ အများအပြား ရှိနေခဲ့တယ်လို့ Gordon Duff ဆိုသူ ဂြိုလ်သားလေ့လာရေးပညာရှင်ကလဲ စစ်ပြန်မဂ္ဂဇင်းမှာ အကျယ်တဝင့် ရေးသားလာပြန်ပါတယ်။
ဝမ်းနဲစရာအဖြစ်အပျက်ကတော့ Schneider ဟာ ၁၉၉၆ ခုနှစ်၊ဇန္နဝါရီလ ၁၇ ရက်နေ့မှာ သူ့ရဲ့နေအိမ်မှာ ထူးဆန်းစွာသေဆုံးခဲ့ပါတယ်။ သူ့ရဲ့ထုတ်ဖေါ်ပြောဆိုမှုတွေကြောင့် အသဝာ်ခံရတယ်လို့ယူဆရပေမဲ့ ရဲတပ်ဖွဲ့ကတော့ Schneider ဟာ မိမိကိုယ်ကိုသဝာ်သေတာလို့ ကောက်ချက်ချခဲ့ပါတယ် ။
စာဖတ်သူကရော ဘယ်လိုထင်သလဲဆိုတာ ကွန်မင့်လေးရေးခဲ့ပါနော်။ကျေးဇူးတင်ပါတယ်။
Knight News