ဘုရားဖြစ်ဖို့ကြိုးစားသူ လူငယ်တစ်ယောက်

ဘုရားဖြစ်ဖို့ကြိုးစားသူ လူငယ်တစ်ယောက်

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က အမှန်တကယ်ဖြစ်ခဲ့ပြီး BBC လိုသတင်းဌာနကြီးကတောင် စောင့်ကြည့် သတင်းယူခဲ့ ဖေါ်ပြခြင်းခံရတဲ့အပြင် တစ်ကမ္ဘာလုံးဟိုးလေးတကျော်ဖြစ်ခဲ့ကြတဲ့ ဇါတ်လမ်းပါ။ နီပေါနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့ပါတယ်။

အသက် ၁၅ နှစ်လောက်သာရှိတဲ့ လူငယ်တစ်ယောက်ဟာ လုံးဝတိတ်ဆိတ်စွာ တရားထိုင်နေခဲ့ပါတယ်။ သူဟာ ၁၀ လနီးပါး တရားကျင့်နေစဉ်အတွင်း အိပ်စက်ခြင်းမရှိသလို အစားလဲမစားခဲ့ပါဘူး။

လူတွေက သူ့မှာ တန်ခိုးစွမ်းအားတွေရရှိနေပြီလို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဗုဒ္ဓ ဘုရားရှင် ပြန်လည်ဝင်စားတာလို့ပြောကြပါတယ်။ လူထောင်ပေါင်းများစွာဟာ သူ့ကို ကိုယ်တိုင်မြင်ရဖို့ တန်းစီနေကြပါတယ်။

အိုလောကလူသားတို့ ထိတွေ့ခံစားမှုမှန်သမျှ မမြဲသော သဘောသာရှိပါ၏။ လက်ရှိအခြေအနေမှန်သမျှသည်လဲ မမြဲသောသဘောသာရှိပါ၏။

ဒါကတော့ လူငယ်ရဲ့ရွတ်ဖတ်မှုတစ်ခုဖြစ်ပါတယ်။

ဒီလူငယ်ဟာ မစားမသောက်ဘဲ လနဲ့ချီပြီး ဘယ်လိုအသက်ရှင်နေပါသလဲ။ အဖြေကတော့ရှိပါတယ်။ သင်ထင်သလိုတော့ ဟုတ်ခြင်မှ ဟုတ်ပါလိမ့်မယ်။

ဒီ ဗုဒ္ဓ လို့ထင်ကြတဲ့ လူငယ်မှာ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ဒါကိုသူ့ရဲ့ အနီးကပ် သာဝကတွေတောင် မသိကြဘူးလို့ဆိုပါတယ်။

နီပေါနိုင်ငံ အလယ်ပိုင်းက တောနက်တစ်ခုမှာ Ram Bahadur Bomjon အမည်ရှိတဲ့လူငယ်တစ်ဦးဟာ သူ့ရဲ့တရားကျင့်မှုပုံစံအရ ဗုဒ္ဒ အငယ်စားအဖြစ် နာမည်ကြီးလာပါတယ်။

သူဟာ သစ်ပင်အောက်မှာ တစ်ယောက်တည်း ကျင့်နေတာပါ။ သူဟာ ကျော်ကြားလာပြီး ကမ္ဘာတလွှားက သန်းချီတဲ့ လူတွေဟာ သူ့ကိုတွေ့ရဖို့ နီပေါကို လာခဲ့ကြပါတယ်။

သူတို့ဟာ သစ်ပင်ခြေရင်းမှာမနားတမ်း။ တရားကျင့်နေတဲ့သူ့ကိုတွေ့ကြရပါတယ်။ လူငယ်ဟာ လှုပ်ရှားမှု မရှိသလို စားတာ၊ ရေချိုးခန်းသွားတာမျိုးလဲ မရှိပါဘူး။လာရောက်သူတွေဟာ အရမ်းကိုအံ့ဩနေပါတယ်။ သူတို့ရဲ့ငွေကြေးတွေကို လူငယ်ကို လှူဒါန်းကြပါတယ်။

သာမန်လူတစ်ယောက်ဟာ ဒီလို မစားမသောက် မလှုပ်ရှားဘဲ နေနေရင် လေဖြတ်တာ ဖြစ်နိုင်ပါတယ်။ ဒီလူငယ်က ဘာမှမဖြစ်ပါဘူး။ ဒါကသူ့ရဲ့ နောက်ကွယ်က ထူးဆန်းတဲ့ပဟေဠိပါ။

တချို့က သူ့ဦခေါင်းမှာ အရောင်တွေထွက်နေပြီး မြွေ ကိုက်တာတောင် သူကဘာမှမဖြစ်ဘူးလိုပြောကြပါတယ်။

လူငယ်ရဲ့လျှို့ဝှက်ချက်ဟာ တနေ့မှာပေါ်ထွက်လာပါတယ်။ ဒီလိုပါ။ သူဟာ သူ့ရဲ့ တရားကျင့်နည်းကို သင်ပြဖို့ အမျိုးသမီးတစ်ယောက်ကို သူ့နေရာအထိ ဖိတ်ခေါ်ခဲ့ပါတယ်။

သုံးလအကြာမှာတော့ အမျိုးသမီးကို ပြန်လည်တွေ့ကြရပါတယ်။သူမဟာ လက်တဖက် ကျိုးနေပါတယ်။သူမပြောတာကတော့ ဒီ ၃ လအတွင်း သူမဟာ စိတ်ပိုင်း ရုပ်ပိုင်းနှစ်ခုစလုံး ပြင်းပြင်းထန်ထန် နှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။

သူမဟာ လူငယ်တင်မက သူ့နားက နိုင်ငံခြားသာများရဲ့ မတော်မတရားပြုမှုတွေကိုပါ ခံခဲ့ရပါတယ်။ သူမလိုဘဲ တခြားသူတော်တော်များများကလဲ လိမ်လည်မှု မတော်မတရားပြုမှုတွေနဲ့စွပ်စွဲ လာကြပါတယ်။

သူဟာ လူခြေတိတ်တဲ့ ညအချိန်မှ စားတာသောက်တာ ကိုယ်လက်သန့်စင်တာကို လုပ်ပါတယ်။အိပ်တာလဲ ပါတာပေါ့။

ဒါကို လူတွေမသိအောင် အတွင်းလူတွေက ဖုံးကွယ်ထားပေးပါတယ်။ သူဟာ အလှူငွေ နဲ့ ကျိကျိတက် ကြွယ်ဝချမ်းသာလာပါတယ်။ အဲနောက်မှာ ဧည့်သည်တွေဟာ သူ့ကိုမတွေ့ရတော့ပါဘူး။

ဇါတ်လမ်းက ဒီလောက်နဲ့ရပ်မသွားပါဘူး ရဲတွေဟာ သူ့ကို လိုက်ရှာကြပါတယ်။ သူက‌ တော့ ပျောက်ကွယ်သွားပြီး ခုထိတော့ သူ့သတင်းကို မရကြတော့ပါဘူး။

ဒါဟာ နီပေါမှာ ၂၀၀၈၊ ၂၀၀၉ ခုနှစ်လောက်မှာ တကယ်ဖြစ်ခဲ့တာပါ။ ဒီလိုနည်းနဲ့ လိမ်သူတွေကို Religious Scammer တွေလို့ခေါ်ပါတယ်။

ခုနောက်ပိုင်းမှာ အီမေးလ်၊ မက်ဆင်ဂျာ အစရှိသဖြင့် လူမှုကွန်ယက်ကနေ လိမ်ညာမှုတွေရှိပါတယ်။

ဒါလဲ scammer တွေပါဘဲ။စာရှုသူများသတိထားနိုင်ဖို့ ရှာဖွေတင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *