အာဖရိကမြေမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ခေါင်းနှစ်လုံးပါရှိတဲ့ မြွေ

အာဖရိကမြေမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ခေါင်းနှစ်လုံးပါရှိတဲ့ မြွေ

သဘာဝတရားရဲ့ အလှတရားတွေနဲ့ ဆန်းကြည်မှုတွေဟာ ယခုအခါမှာ နည်းပညာနဲ့ ဗဟုသုတတွေအားလုံးဖြင့် ပိုမို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါပြီ။

အခုအခါမှာလည်း တောင်အာဖရိကရဲ့ နက်နဲတဲ့ တောအုပ်ထဲက ရှားပါးတဲ့ မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီဖြစ်ပြီး စာဖတ်သူတို့အတွက်လည်း စွဲမက်ဖွယ်ကောင်းနေမှာ သေချာပါတယ်။

ခေါင်းနှစ်လုံးပါရှိတဲ့ အလွန်ရှားပါးတဲ့ မြွေတစ်ကောင်ကို တောင်အာဖရိက တောနက်များထဲမှာ တွေ့ရှိခဲ့ရပြီး မြွေကယ်တင်သူ Nick Evans ဟာ ဒီ အန္တရာယ်မရှိသော မြွေမျိုးစိတ်ဖြစ်တဲ့ Southern Brown Egg-eater လို့ အမည်ရတဲ့ ဦးခေါင်းနှစ်လုံးပါ မြွေရဲ့ ဓာတ်ပုံများကို သူ့ရဲ့ Facebook စာမျက်နှာတွင် မျှဝေထားခဲ့ပါတယ်။

ဒီထူးဆန်းတဲ့မြွေကို တောနက်က ဥယျာဉ်ထဲမှာ ဖြတ်သန်းသွားလာနေတာ တွေ့ရှိခဲ့တဲ့ အမျိုးသားကတော့ ဘယ်သူ့ကိုမှ မထိခိုက်စေလိုတာကြောင့် ပုလင်းတစ်လုံးထဲ ထည့်ထားကာ Mr Evans ကို ယူဆောင်သွားပေးဖို့ တောင်းဆိုခဲ့တာပါ။

“ဒီပုံပျက်နေတဲ့ မြွေကြီးကို မြင်လိုက်ရတာက ထူးဆန်းတဲ့ မြင်ကွင်းပါပဲ” ဟု Evans က သူ့ ရဲ့ Facebook မှာ ရေးသားထားခဲ့ပြီး Evans ရဲ့ အဆိုအရ အလျား တစ်ပေလောက်ရှိပြီး အရွယ်မရောက်သေးတဲ့ မြွေပါ။ သူ ဘယ်လိုရွေ့သွားလဲဆိုတာက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။

တစ်ခါတလေမှာ ခေါင်းတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဘက်ကို သွားဖို့ ကြိုးစားကြတယ်။ တခြားအချိန်တွေမှာလည်း တစ်ဖက်က ခေါင်းတစ်ခေါင်းက ငြိမ်နေလိမ့်မယ်။ အဲဒါက အထိရောက်ဆုံး ရွေ့လျားမှုလို့ ထင်ရတယ်လို့ မြွေရဲ့ ပုံစံကို အသေးစိတ် ပြောပြသွားခဲ့ပါတယ်။

ဒီမြွေမှာ ဘာကြောင့် ခေါင်းနှစ်လုံးပါရှိနေရတာလဲ

ဦးခေါင်းနှစ်လုံး (သို့မဟုတ်) နှစ်လုံးထက်ပိုတဲ့ မွေးစတိရစ္ဆာန်များဟာ နို့တိုက်သတ္တဝါများထက် တွားသွားသတ္တဝါများမှာ ပိုအဖြစ်များတဲ့ polycephaly လို့ ခေါ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရတာကြောင့် ဖြစ်ပါတယ်။

အခုလို အခြေအနေ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းတစ်ခုမှာ သန္ဓေသားလောင်းဟာ ပြီးမြောက်အောင် မျိုးမအောင်သွားဘဲ တနည်းအားဖြင့် သီးခြား သန္ဓေသားနှစ်ခုဟာ လုံးလုံးလျားလျား ပေါင်းစပ်လိုက်နိုင်ပြီး Orthrus လို သတ္တဝါမျိုးတွေကို ဖန်တီးနိုင်ပါတယ်။

၂၀၁၃ ခုနှစ်က စစ်တမ်းတွေအရ မြွေပွေးပေါက် ၄,၀၈၇ ကောင်ရဲ့ နမူနာမှ ဦးခေါင်းနှစ်လုံးနှင့် အကောင်ပေါက် ၃ ကောင်သာ ပေါက်မြောက် ရှင်သန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဦးခေါင်းကွဲပုံပေါ် မူတည်၍ ဤ polycephaly ဟာ ကြာရှည်စွာ မရှင်သန်နိုင်ပါ။

မတူကွဲပြားတဲ့ အစာအိမ်နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဦးခေါင်းနှစ်လုံးနဲ့ မြွေတစ်ကောင်ဟာ အစာအိမ် တစ်ခုထဲ ပါရှိတဲ့ ဦးခေါင်းနှစ်လုံးပါ မြွေထက် အစာငတ်ခံခြင်း မလုပ်ပဲ သားကောင်ကို တိုက်ခိုက်ရန် အလားအလာ ပိုများပါတယ်။

Knight News

Leave a Reply

Your email address will not be published. Required fields are marked *