ထူးဆန်းလှပတဲ့ ပင်လယ်ပြင်အတွင်းမှ အပြာရောင် တွင်းပေါက်ကြီး အကြောင်း

ထူးဆန်းလှပတဲ့ ပင်လယ်ပြင်အတွင်းမှ အပြာရောင် တွင်းပေါက်ကြီး အကြောင်း

ပင်လယ်ပြင်အတွင်းမှ အပြာရောင်တွင်းပေါက် (Great Blue Hole) ဟာ ဘလီဇ်နိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းမှာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ တွင်းပေါက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဒီတွင်းပေါက်ကြီးဟာ ကမ္ဘာ့အံ့ဖွယ် ထူးဆန်းလှပတဲ့နေရာ ၁၀ ခုတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

ဒါကြောင့်မို့လို့လည်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) က ပင်လယ်ပြာတွင်းပေါက်ကို သဘာဝတရားရဲ့ အလှတရားအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

အပြာရောင်တွင်းပေါက်

အပေါ်စီးမှကြည့်လျှင် ပင်လယ်ပြင်အတွင်း ကြီးမားကျယ်ဝန်းလှတဲ့အဝိုင်းပုံစံတွင်းပေါက်ကြီးတစ်ခုကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

ဒီအပြာရောင်တွင်းပေါက်ကြီးကတော့ ဘလီဇ်ပင်လယ်ပြင်အတွင်း သန္တာကျောက်တန်းများဝိုင်းရံပြီး လှပစွာတည်ရှိနေပါတယ်။ တစ်နည်းအားဖြင့် ရှည်လျားလှတဲ့သန္တာကျောက် တန်းများရဲ့ အလယ်ဗဟိုချက်တွင် စက်ဝိုင်းပုံစံအဖြစ် သဘာဝအတိုင်းတည်ရှိနေတာကို မြင်တွေ့ နိုင်ပါတယ်။

ရုတ်တရက်ကြည့်ပါက ထိုတွင်းပေါက်ထဲသို့ကျရောက်သွားပါက ပြန်လမ်းမရှိသောနေရာလို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်သော်လည်း တကယ်တမ်းမှာမူ တွင်းပေါက်အောက်ခြေတွင် သန္တာကျောက်တန်းများဖြင့်လှပစွာတည်ရှိနေပြီး

ရေအောက်ရဲ့ သဘာဝအလှတရားများကို စူးစမ်းရှာဖွေလေ့လာလိုသူများအတွက် စိတ်ဝင် စားစရာနေရာတစ်ခုလည်း ဖြစ်ပေါ်နေတာကို တွေ့ရှိရပါတယ်။

တည်နေရာအကျယ်အဝန်း

ဘလီဇ်နိုင်ငံမြို့တော် ဘလီဇ်မြို့ရဲ့ပင်မကုန်းပြင်မြင့်မှနေပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ၇၀ ကီလိုမီတာ (၄၃ မိုင်) အကွာမှာ တည်ရှိနေပါတယ်။

တိုင်းတာချက်များအရ တွင်းပေါက်ကြီးရဲ့ ကန့်လန့်ဖြတ် အကျယ်မှာ ၃၁၈ မီတာ (၁၀၄၃ ပေ) ကျယ်ဝန်းပြီး ရေအောက်အနက် ပေ ၁၂၄ မီတာ (၄ဝ၇ ပေ) နက်ပါတယ်။

တွင်းပေါက်ထဲက သဘာဝအလှတရား

တွင်းပေါက်ရဲ့အတွင်းပိုင်းကတော့ သန္တာကျောက်တန်း ကျောက်ဆောင်များဖြင့်တည်ရှိနေပြီး ၎င်းကျောက် တန်း ကျောက်ဆောင်များအတွင်း ကျင်လည်ကျက်စားလျက်ရှိနေကြတဲ့ ရေအောက်သတ္တဝါမျိုးစုံတို့ကိုလည်းတွေ့ရှိရပါတယ်။

အဆိုပါ ရေအောက် သတ္တဝါများထဲတွင် Midnight Parrotfish ကဲ့သို့ ငါးမျိုး စိတ်များလည်းရှိနေပါတယ်။ ဒါ့အပြင် ငါးမန်းမျိုးကွဲစိတ်များစွာကိုလည်းတွေ့ရှိ နေရပါတယ်။

သဘာဝတရားရဲ့ ရေအောက် အလှအပများကို စူးစမ်းလေ့လာသူများအတွက် ငါးမန်းအန္တရာယ်ကိုလည်း ဂရုပြုရမှာဖြစ်သလို ရေ အောက်တွင်းပေါက်အတွင်း လိုဏ်ဂူများကလည်းရှိနေသောကြောင့် ၎င်းဂူပေါက်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာတတ်တဲ့ ငါးမန်းများနှင့် အခြားအသားစားရေအောက်အတ္တဝါ များရဲ့ အန္တရာယ်ကိုလည်း သတိပြုရမှာဖြစ်ပါတယ်။

သဘာဝတွင်းပေါက်ဖြစ်တည်မှု

သဘာဝပတ်ဝန်းကျင်ရေးရာစူးစမ်းလေ့လာသူများရဲ့ အဆိုအရ ၎င်းတွင်းပေါက်ကြီးဟာ လွန်ခဲ့သောနှစ် သန်းပေါင်းများစွာထဲက ဖြစ်တည်လာခဲ့ကြတယ်လို့ ယူဆထားကြပါတယ်။

အဓိကဖြစ်တည်မှုမှာ ရေခဲပြင်များပြိုကျမှုကြောင့် တိုက်စားခြင်းခံရမှုမှတစ်ဆင့် ဖြစ် တည်ခဲ့တယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။

ဒါပေမဲ့ ယနေ့အချိန်အထိတော့ အပြာရောင်တွင်း ပေါက်ကြီး မည်သို့ဖြစ်တည်လာတယ်ဆိုတာကိုတော့ မည်သူမျှတပ်အပ်မပြောနိုင်ကြပါဘူး။

ဒီတွင်းပေါက် ကြီးနဲ့ပတ်သက်၍ ၁၉၉၇ ခုနှစ်တွင် ပင်လယ်ပြင်စူးစမ်း လေ့လာရေးသမားဖြစ်တဲ့ Jacques-Yves Cousteau ဦးဆောင်တဲ့ Calypso အမည်ရှိသင်္ဘောတစ်စင်းဖြင့် ဖြတ်သန်းစဉ် အဆိုပါတွင်းပေါက်ကြီးကို သတိပြုတွေ့ ရှိလာရာမှ နောက်ပိုင်း လူသိများထင်ရှားလာခဲ့ပါတယ်။

အန္တရာယ်တွင်းပေါက်

ပင်လယ်ပြင်အတွင်း သဘာဝအလျောက်ဖြစ် တည်နေတဲ့ အပြာရောင်တွင်းပေါက်ကြီးက အလှ တရားပြည့်စုံသလို အန္တရာယ်လည်း အလွန်ကြီးမား တယ်ဆိုတာကို လက်ခံထားကြပါတယ်။

ဘာကြောင့် လဲဆိုတော့ ရံဖန်ရံခါတွင် အပြာရောင်တွင်းပေါက်က အလွန်ကြီးမားတဲ့ ရေဝဲကြီးများဖြစ်ပေါ်လာပြီး တွင်းဝ ရေပြင်မှ ရုပ်ဝတ္ထုများကို ဆွဲယူစုပ်ဆွဲတတ်ပါတယ်။

ထိုသို့သောအခြေအနေမျိုးတွင် အပြာရောင်တွင်း ပေါက်အနီးဖြတ်သန်းသွားလာမိတဲ့ သင်္ဘောများအပါ အဝင် ကျန်ရုပ်ဝတ္ထုပစ္စည်းများရဲ့ဘေးအန္တရာယ်လည်း မတွေးဝံ့စရာဖြစ်ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်

မည်သို့ပင်ဆိုစေကာမူ သဘာဝကပေးတဲ့အလှတရားများဖြင့် ပြည့်စုံနေတဲ့ အပြာရောင်တွင်းပေါက် ကြီးကို ယူနက်စကိုက ရှေးဟောင်းယဉ်ကျေးမှုသဘာဝ အလှတရာ၊အဖြစ် သတ်မှတ်ပေးထားပါတယ်။

ဒါ့အပြင် ရေနက်ပိုင်းဒေသအတွင်း စူးစမ်းလေ့လာလို သူများက ရေငုပ်ဝတ်စုံအပြည့်အစုံဖြင့် ရေငုပ်စူးစမ်း လာကြတဲ့ ကမ္ဘာ့အကောင်းဆုံးရေငုပ်နိုင်တဲ့နေရာ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

ယနေ့ အချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကား လျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

ရေးသားသူ-ဆရာ ရဲမာန်ခအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.