ရေခဲပြင်ဧရိယာ နည်းပါးလာတာကြောင့် ကြိုးစားရှင်သန်နေကြသော ပိုလာဝက်ဝံများ
Pihoqahiak ဆိုသည်မှာ “အမြဲတမ်း လှည့်လည်သွားလာနေသူ” ဖြစ်ပြီး ဖျံများကို ရှာဖွေရန် တစ်နှစ်လျှင် ကီလိုမီတာထောင်ပေါင်းများစွာ ကျင်လည်ကျက်စားလေ့ရှိသည့် ပိုလာဝက်ဝံအတွက် အမည်ဖြစ်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံအချို့ဟာ လအနည်းငယ်ကြာမျှသာအေးခဲနေသည့် ဂရင်းလန်း၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ရှင်သန်ဖို့ တော်တော် ကြိုးစားနေကြရပါတယ်။
ဝင်ရိုးစွန်းဝက်ဝံအများစုနှင့်မတူဘဲ၊ အဆိုပါ ပိုလာဝက်ဝံများသည် နှစ်စဉ် ပင်လယ်ရေခဲပြင်နောက်သို့ လိုက်မသွားခြင်း သို့မဟုတ် အမဲလိုက်ရန်အတွက် မြေပြင်ပေါ်သို့ ပြောင်းရွှေ့နေထိုင်ခြင်းများ မပြုလုပ်ကြပါ။
၎င်းတို့သည် တစ်နှစ်လျှင် ရှစ်လကျော်ကြာ ပင်လယ်ရေခဲများ ကင်းစင်သော ဖော့ဂျ်တွင် နေထိုင်သူများဖြစ်သည်” ဟု Seattle ရှိ Washington တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Kristin Laidre က ဆိုသည်။
“ပုံမှန်အားဖြင့်၊ ပိုလာဝက်ဝံတစ်ကောင်ဟာ ပင်လယ်ရေခဲတွေမရှိဘဲ အကြာကြီးရှင်သန်နိုင်မှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။
ပိုလာဝက်ဝံများ (Ursus maritimus) အတွက် ပင်လယ်ရေခဲသည် အေးခဲနေသော ပင်လယ်ရေသက်သက်မျှသာ မဟုတ်ပေ။ အဲ့ဒီနေရာမှာ ၎င်းတို့၏ နှစ်သက်ရာ သားကောင်များ (ဖျံများ) ကို အမဲလိုက်ရန် မကြာခဏ အသုံးပြုသည့် နေရာဖြစ်ပါတယ်။
သို့သော် လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကြီးရဲ့အပူချိန် မြှင့်တက်လာတာကြောင့် ရေခဲများ တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။
အာတိတ်သမုဒ္ဒရာရှိ Beaufort ပင်လယ်နှင့် ကနေဒါနိုင်ငံ Hudson ပင်လယ်အော်ရှိ ပင်လယ်ရေခဲပြင်တွင် နေထိုင်သည့် ဝင်ရိုးစွန်းဝက်ဝံအရေအတွက်သည်လည်း ကျဆင်းလာနေပြီ ဖြစ်ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တားဆီး မထားပါက ဝက်ဝံ မျိုးစိတ်အများစုဟာ ၂၁၀၀ ခုနှစ်မှာ ပျက်စီးသွားမယ်လို့ သုတေသီများက ခန့်မှန်းထားကြပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ (International Union for Conservation of Nature of Conservation) ကလည်း ဝက်ဝံမျိုးစိတ်များကို “ထိခိုက်လွယ်” ဟူ၍ အမျိုးအစားခွဲခြားသတ်မှတ်ထားပါတယ်။
ဂရင်းလန်းအရှေ့တောင်ဘက်ရှိ ကမ်းရိုးတန်းများနှင့် အလားတူ ကန့်သတ်ဧရိယာများဟာ ဝက်ဝံအနည်းစုအတွက် နောက်ဆုံး ယာယီခိုလှုံရာဖြစ်လာနိုင်သော်လည်း ရာသီဥတုပြောင်းလဲမှုကို တားဆီးလိုက်မှသာ ရေခဲပြင်တွေကို မှီခိုနေရတဲ့ မျိုးစိတ်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဇီဝဗေဒပညာရှင် Laidre နှင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့ပါတယ်။
ရေခဲမြစ်များဟာ အာတိတ်ဒေသမှာ များပြားလာခြင်းမရှိဘဲ အပူချိန်များလွန်းပါက ပျောက်ကွယ်သွားနိုင်ပါတယ်။
“ဝင်ရိုးစွန်းဝက်ဝံတွေအတွက်တော့ ဒါက ဘာမှမဖြစ်ပါဘူး” လို့ Bozeman, Mont. တွင် အခြေစိုက်သော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်း Polar Bears International ရဲ့ သတ္တဗေဒပညာရှင်နှင့် သိပ္ပံပညာရှင်ကြီး Steven Amstrup က ပြောကြားခဲ့သည်။ “သူတို့က ဒီကြီးမားတဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ မလိုအပ်ပဲ လုံလောက်တဲ့ အစားအစာအရင်းအမြစ်တွေကို ရှာဖွေနေတာ ထင်ရှားပါတယ်။”
ပိုလာဝက်ဝံများဟာ ဖော့ဂျော်ဒ်ရှိ ရေခဲမြစ်များ သို့မဟုတ် မြစ်လက်တက်များပေါ်တွင် အခြေချနေထိုင်ကြသည်မှာ လုံးဝ အံ့သြစရာမဟုတ်ကြောင်း Amstrup ကဆိုပါတယ်။
“မကြာခဏဆိုသလို၊ ဤရေခဲမြစ်များရဲ့ မြစ်များဟာ ယင်းတို့အတွက် အလွန်ကောင်းမွန်သောနေရာများ ဖြစ်လာတယ်” လို့ သူကဆိုပါတယ်။
ဘာလို့လဲဆိုတော့ အရည်ပျော်နေတဲ့ ရေခဲမြစ် မျက်နှာပြင်မှာ သမုဒ္ဒရာရဲ့ နက်ရှိုင်းတဲ့ အပိုင်းဆီကနေ အစားအစာ အာဟာရတွေကို ရှာဖွေ ရရှိနိုင်လို့ပဲ ဖြစ်ပါတယ်။
Knight News