“သွေးရေကန်” လို့လူသိများတဲ့ ပုံမှန်မဟုတ်တဲ့ ရေအနီရောင်တွေကိုသာ မြင်တွေ့ရမယ့် ရေကန်

“သွေးရေကန်” လို့လူသိများတဲ့ ပုံမှန်မဟုတ်တဲ့ ရေအနီရောင်တွေကိုသာ မြင်တွေ့ရမယ့် ရေကန်

သွေးရေကန်” လို့လည်း လူသိများကြတဲ့ Laguna Colorada ဟာ ချီလီနယ်စပ်နဲ့ ဘိုလီးဗီးယား အနောက်တောင်ဘက်မှာ တည်ရှိတဲ့ ရေတိမ်ဆားအိုင်တစ်ခု ဖြစ်ပါတယ်။

အံ့သြဖွယ်ရှုခင်းများ၊ သစ်ပင်ပန်းမန်များနဲ့ တိရစ္ဆာန်များကို စွဲဆောင်နိုင်တဲ့ Eduardo Avaroa Andean Fauna Reserve တွင် ရေကန်ကို တွေ့ရှိနိုင်ပါတယ်။

ဒီကန်ဟာ ၆၀ ကီလိုမီတာ ကျယ်ဝန်းပြီး ကန်ရဲ့ရေအနက်ဟာလည်း ၃၅ စင်တီမီတာ (၁ ပေ ၂ လက်မ) သာရှိပြီး အမြင့်ဆုံးအနက်မှာ ၄ ပေ ၁၁ လက်မသာ ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီကန်ဟာ အရင်ကတည်းကတော့ အနီရောင် မဟုတ်ခဲ့ပါဘူး။ အပြာရင့်ရောင်မှ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တဲ့ ရေကန်တစ်ခုပါ။

ကြည်လင်ပြတ်သားတဲ့ ကောင်းကင်ပြာပြာ၊ နောက်ခံအဝေးက Andes တောင်တန်းများနှင့်အတူ ရေကန်ရဲ့ အနီရောင် အရောင်မျိုးစုံ ပေါင်းစပ်ထားပြီး လှပတဲ့ ပန်းချီကား တစ်ခုလို တည်ရှိနေတာကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဓာတ်ပုံဆရာများအတွက်တော့ အံ့မခန်း ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီရေကန်ဟာ ကြိုးကြာနီတွေကိုလည်း အမြောက်အမြား တစ်ပြိုင်တည်း တွေ့ရှိနိုင်တဲ့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ၆ မျိုးသာရှိတဲ့ ကြိုးကြားနီမျိုးစိတ်ထဲက ၃ မျိုးကို အဆိုပါကန်မှာ တွေ့ရှိနိုင်ပါတယ်။

ဒီရေကန်ဟာ ကမ္ဘာ့သဘာဝအံ့ဖွယ် ခုနစ်ပါးထဲမှ တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရပြီး အံ့သြဖွယ် ဆားအိုင်မှာ ပါရှိနေတဲ့ ဓာတ်သတ္တုဆိုင်များ၊ အပြာရင့်ရောင်မှ အနီရင့်ရောင်အဖြစ် သဘာဝအတိုင်း ပြောင်းလဲသွားမှု၊ ကြိုးကြာနီတို့အတွက် ရေပန်းစား ကျော်ကြားနေရခြင်းဖြစ်ပါတယ်။

ကန်ရောင်ဟာ ဘာကြောင့် အနီရောင် ပြောင်းလဲသွားရတာလဲ ဆိုရင်တော့ ဒေသန္တရ ဒဏ္ဍာရီအရ ရေဟာ နတ်ဘုရားများရဲ့ သွေးဖြစ်တယ်လို့ ဆိုထားပေမဲ့ သိပ္ပံပညာရှင်များကတော့ နှစ်ပေါင်များစွာ လေ့လာထားခဲ့ပြီးချိန်မှာ အခုလိုမျိုး ကောက်ချက်ချထားနိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ရေထဲက အနီရောင် စွန့်ပစ်ပစ္စည်းများနဲ့ အစိမ်းရင့်ရောင် ရေညှိများဟာ Laguna Colorada ကန်ကို သွေးရောင်ဖြစ်စေခဲ့တာလို့ သိရပြီး ဒေသတွင်းထွက် စတိုးဆိုင်များက ဒီအမှိုက်များဟာ စိမ်းလန်းတဲ့အရောင်နဲ့ ပေါင်းစုံတဲ့အခါ အံ့အားသင့်ဖွယ်ရာ သွေးရောင်ကို ဖြစ်ပေါ်စေခဲ့တာလို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သဘာဝအတိုင်း ပြောင်းလဲသွားခဲ့တဲ့ ရေကန်ရဲ့ အနီရောင်အရောင်ဟာ တသမတ်တည်း ဖြစ်နေတတ်ပေမဲ့ နေ့အလင်းရောင်မှာတော့ မြူမှုန်များဟာ ကန်ရဲ့ အချို့နေရာများကို ကြည်လင်စေတာကြောင့် လိမ္မော်ရောင် သို့မဟုတ် ပိုမိုထင်ရှားတဲ့ အနီရောင်အဖြစ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

အံ့သြဖွယ်အကောင်းဆုံး အပိုင်းမှာ သင့်မျက်စိရှေ့မှာပဲ ရေရဲ့အရောင်များဟာ သဘာဝအတိုင်း ပြောင်းလဲသွားနေတာကို မြင်တွေ့ရနိုင်တာပါ။

Laguna Colorada ရဲ့ အလွန်စွဲမက်ဖွယ်ဖြစ်စေတဲ့ အနီရောင်ရေရဲ့ အချို့သောနေရာတွေမှာ အဖြူရောင်ကွက်လေးတွေကိုလည်း မြင်တွေ့ရတတ်ပါသေးတယ်။

ရေကိုဖြတ်၍ အနီရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်တွေပေါင်းစုံလာတဲ့အခါ အဖြူရောင်အကွက်များဟာ ရေကန်ထဲက နှင်းပွင့်လေးများလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒီအဖြူရောင်တွေကတော့ ရေထဲက ပေါင်ဒါမှုန့်တွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ၊ ဒီရေကန်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီလာ နောက်ခံသမိုင်းကြောင်းတွေနဲ့ ကန်ရဲ့အလှနဲ့ ဘေးပတ်လည်က ရှုခင်းအလှတို့ ပေါင်းဆုံလာတဲ့ အလှတရားတို့ဟာ လူသားတစ်ယောက်အနေနဲ့တော့ မသေခင်အချိန်မှာ မဖြစ်အနေ သွားရောက်လည်ပတ်သင့်တဲ့ အံ့အားသင့်ဖွယ်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.