ကြောင်များကို ခြင်၊ အင်းဆက်နှင့် ပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးတဲ့ အပင်

ကြောင်များကို ခြင်၊ အင်းဆက်နှင့် ပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးတဲ့ အပင်

ကြောင်များစွာအတွက်၊ catnip ပင်ရဲ့ အနံ့သည် ၎င်းတို့အား လျှာဖြင့်လျှက်ခြင်း၊ လူးလိမ့်ခြင်း၊ အပင်ကိုက်ဖြတ်ခြင်း စသည့်တို့ကို ပြုလုပ်စေရန် ဆွဲဆောင်နိုင်သည်။

ယင်းအနံ့သည် catnip ပင်အတွက် အင်းဆက်ပိုးမွှားများ၏ ဖျက်စီးခြင်းရန်ကို ကာကွယ်ပေးပြီး ကြောင်များကို ပို၍ဆွဲဆောင်သည်ဟု ဓာတုဗေဒလေ့လာဆန်းစစ်မှုအသစ်တစ်ခုက တွေ့ရှိခဲ့သည်။

အရွက်ကောင်းများနှင့် နှိုင်းယှဉ်ပါက ကြေမွသောအရွက်များသည် အင်းဆက်ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်သည့် iridoids ဟုခေါ်သောဒြပ်ပေါင်းများကို ပိုမိုထုတ်လွှတ်ကြောင်း သုတေသီများက ဇွန်လ 14 ရက်နေ့ထုတ် iScience တွင် ဖော်ပြခဲ့ကြသည်။

ပိုမိုများပြားသော အနံ့ထုတ်လွှတ်မှု များသည် ကြောင်များကို အပင်နားတွင် လှိမ့်ချင်စိတ်ပေါ်လာအောင် နှိုးဆွပေးပါတယ်။

အဲ့လိုလှိမ့်လိုက်ခြင်းအားဖြင့် အပင်ရဲ့အနံ့သည် ကြောင်များ၏ ကိုယ်ပေါ်မှာ အချိန်အနည်းငယ်ကြာအောင်စွဲသွားပါတယ်။ ယင်းအနံ့သည်သဘာဝအတိုင်း ပိုးမွှားများရဲ့ရန်ကို ကာကွယ်ပေးပါတယ်။

ဂျပန်နိုင်ငံ၊ Morioka ရှိ Iwate တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Masao Miyazaki နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ကြောင်များပေါ်တွင် ကောင်းမွန်သောအကျိုးသက်ရောက်မှုရှိသော အာရှတိုက်ရှိ အပင်တစ်မျိုးဖြစ်သည့် catnip (Nepeta cataria) နှင့် ငွေနွယ်ပင် (Actinidia polygama) နှစ်ခုစလုံး၏ ဓါတ်ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

အပင်နှစ်မျိုးလုံးသည် အင်းဆက်ပိုးမွှားများမှ အပင်ကို ကိုက်ဖြတ် စားသောက်ခြင်း မပြုအောင် ဟန့်တားသည့် iridoids များကို သဘာဝအတိုင်း ထုတ်လုပ်ပေးသည်။

ကြောင်များသည် ယင်းအပင်များပေါ်တွင် ကစားကြသည်နှင့်အမျှ ပျက်စီးနေသောအရွက်များသည် နဂိုအရွက်များထက် iridoids 10 ဆခန့် ပိုထုတ်လွှတ်ပေးသည်။

အပင်နှစ်မျိုးစလုံးသည် ဓာတုဗေဒဆေးရည်များထက် ခြင်များ နှင့် အင်းဆက်များကို ပိုမိုဖယ်ရှားပေးကြောင်း လေ့လာတွေ့ရှိခဲ့သည်။

Knight News

Leave a Reply

Your email address will not be published.