ထူးခြားဆန်းပြား အသားစားအပင်များ
အသားစားအပင်များသည် အပင်လောကတွင် ထင်ရှားကျော်ကြားပြီး အင်းဆက်ပိုးမွှားများနှင့် အခြားကျောရိုးမဲ့ သတ္တဝါများကို ထောင်ချောက်ဆင်ကာ ဖမ်းယူစားသုံးခြင်းဖြင့် ရှင်သန်နေသော အပင်များဖြစ်သည်။
၁) Monkey Cups (Nepenthes)၊(မျောက်ခွက်နွယ်ပင်)
၎င်းအပင်ကို ဘော်နီယို၊ ဆူမတြာနှင့် မလေးရှားကဲ့သို့ အပူပိုင်းဒေသများတွင် တွေ့ရှိရသည်။ ၎င်းအသားစားအပင်ကို မျောက်ခွက်ဟုခေါ်ဆိုကြသည်။
မျောက်ခွက်နွယ်ပင်သည် ကရားကဲ့သို့ သစ်ရွက်တစ်ခုကို ထုတ်ပေးပြီး တစ်ခါ တစ်ရံတွင် ရေ ၁ လီတာမက ဝင်ဆံ့ နိုင်ကာ ကြီးမားလှသည်။ ၎င်းတို့၏ ခွက်များသည် သားကောင်များကို ဖမ်းယူကာ ချေဖျက်နိုင်ကြသည်။
၂) Sundew (Drosera)
Sundew အပင်တွင် မျိုးစိတ်ပေါင်း ၂ဝဝ ခန့်ရှိပြီး ၎င်းတို့အားလုံးသည် ပုံသဏ္ဌာန်၊ အရွယ်အစားနှင့်ကြီးထွားမှုများ ခြားနားလှပါသည်။
အများစုသည် စေးကပ် နေသော လက်တံများဖြင့် ဖုံးကွယ်ထားသည်။ လေ့လာတွေ့ရှိချက်များအရ ၎င်းအသားစားအပင်များသည် ရွေ့လျားနိုင်သည်ဟု သိရသည်။
၎င်းအပင်များသည် တွယ်ကပ်နေသော အင်းဆက် ပိုးမွှားများကို လျင်မြန်စွာ အသက်ရှူကျပ်စေရန် ပြုလုပ်ကာ စားသုံးလေ့ရှိသည်။
၃) Venus Flytrap (Dionaea muscipula)
Venus Flytrap သည် လူသိများသော အသားစားအပင်ဖြစ်ပြီး ၎င်းဖမ်းယူစားသောက်သောသတ္တဝါ အများစုမှာ အင်းဆက်များနှင့် ပင့်ကူကဲ့သို့ အကောင် မျိုးများဖြစ်သည်။
၎င်းအပင်၏ ပင်စည်မှာ နိမ့်သော အနေအထားရှိကာ ပင်စည်နိမ့်မှထွက်လာသောအရွက်များမှာ စုစုပေါင်း ၄ ရွက်မှ ၇ ရွက်ခန့်သာရှိသည်။
Listverse ၏အဆိုအရ အပင်သည် အလွန်ဖွံ့ဖြိုးမှု မြန်ဆန်သောကြောင့် သက်ရှိနှင့် သက်ရှိမဟုတ်သော လှုံ့ဆော်မှုကြား ခြားနားချက်ကိုပြောပြနိုင်ကာ အမြှေးများကို ဝ ဒသမ ၁ စက္ကန့်အတွင်း အဖွင့်အပိတ်ပြုလုပ်နိုင်သည်။
Venus Flytrap တစ်မျိုးတည်းရှိသော် လည်း အမျိုးမျိုးသော မျိုးစိတ်ကွဲများ များစွာရှိသေးသည်။
၄) Butterworts (Pinguicula)
Butterworts ၊ သို့မဟုတ် စက္ကူထောင်ချောက် အပင်များသည် မြန်ဆန်ဖျတ်လတ်နိုင်၊ သို့မဟုတ် မလှုပ်မယှက်ငြိမ်သက်နိုင်ပြီး သားကောင်ဖမ်းယူရန် ၎င်းအပင်၏ အရွက်မျက်နှာပြင်ပေါ်ရှိ စေးကပ်သော အချွဲများကို ထုတ်လုပ်သည်။
Butterworts သည် သစ်ခွပန်းကဲ့သို့သော အဝါရောင်၊ ပန်းရောင်၊ ခရမ်း ရောင်၊ သို့မဟုတ် အဖြူရောင်ပန်းပွင့်များကြောင့် လူသိများထင်ရှားသည်။
၎င်းအသားစားအပင်များ သည် မှက်များကို အလွန်နှစ်သက်စွာစားသုံးကြပြီး US တွင် အများအားဖြင့် တွေ့ ရှိနိုင်သည်။
၅) Bladderworts (Utricularia)
သေးငယ်သော အိတ်ငယ်များဟု အမည်ပေး ထားသော Bladderworts သည် ရေရှင်တွင် ပေါက်ရောက်ပြီးနေထိုင်သော အသားစားအပင်တစ်မျိုးဖြစ် သည်။
စုပ်ခွက်ကဲ့သို့ အိတ်ငယ်အတွင်း အင်းဆက်ပိုးမွှားများကို ဖမ်းယူစားသောက်သည်။ အမေရိက ရုက္ခဗေဒအဖွဲ့အစည်း၏အဆိုအရ အိတ်ငယ်အဖွင့်မှာ အမွေးအမှင်လေးများက အင်းဆက်များကို အာရုံခံသိရှိ နိုင်သည်။
၎င်းအိတ်ငယ်သည် ရုတ်တရက်ဖောင်းလာ ကာ ရေစုပ်ယူခြင်းနှင့် သတ္တဝါများကိုစားသောက်ခြင်း ပြုလုပ်သည်။
၆) Lobster-pot plants (Darlingtonia californica)၊(ကျောက်ပုစွန်အိုးအပင်)
ငါးဖမ်းသမားများသည် ကျောက်ပုစွန်များကို ဖမ်းယူရာတွင်အသုံးပြုသောအိုးများဟု အမည်ပေးထားပြီး ၎င်းကျောက်ပုစွန်အိုးအပင်များသည် အသားစား အပင်ဖြစ်သည်။
၎င်းအပင်၏ ထောင်ချောက်ထဲသို့ သားကောင်ဝင်ရောက်သည့်အခါ သားကောင်ကို ဖမ်းယူထားလိုက်ပါသည်။ ယင်းနောက် သားကောင်သည် ၎င်း၏ထွက်လမ်းကို ရှာမတွေ့နိုင်တော့ဘဲ အရွက်များကြေမွသွားသည့်နေရာသို့ ဆင်းသွားစေရန် သားကောင်ကို တွန်းအားပေးကြသည်။
၇) Catapulting flypaper trap (Drosera glanduligera)
ဤအသားစားအပင်မျိုးစိတ်သည် Butterworts နှင့် Venus flypaper trap အပင်တို့ကဲ့သို့ စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
သြစတြေးလျတွင် တွေ့ ရလေ့ရှိသော ၎င်းအသားစားအပင်သည် အပြင်ဘက်ရှိ စေးကပ်သောအရွက်များဖြင့် သားကောင်ကို ဖမ်းယူသည်။
သားကောင်သည် အရွက်များပေါ်တွင် ဖိအားသက်ရောက်သည့်အခါ အပင်၏အောက်ဘက်တွင် ဆဲလ်များကွဲထွက်သွားကာ ယင်းနောက် သားကောင်ကို စားသည့်နေရာကနေ အပင်၏ အလယ်ဗဟို သို့ရောက်အောင် တွန်းပို့ပေးသည်။
Source-Knowledge Light