လွတ်လပ်ပြီးမှ ပြန်အကျဥ်းကျသွားတဲ့ ၄ နိုင်ငံ

လွတ်လပ်ပြီးမှ ပြန်အကျဥ်းကျသွားတဲ့ ၄ နိုင်ငံ

ခုတင်ပြမှာကတော့ မူလက လွတ်လပ်မှု အပြည့်ရှိပါရဲ့နဲ့ ပြန်လည် ပျောက်ဆုံးသွားရှာတဲ့ တိုင်းပြည် ၄ ခုအကြောင်း ဖြစ်ပါတယ်။

၁။ မြောက်ကိုရီးယား

ကိုရီးယားကျွန်းဆွယ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တို့ရဲ့ ကျူးကျော်မှုကိုခံခဲ့ရပါတယ်။ စစ်အပြီးမှာ ကျွန်းဆွယ်ဟာ နှစ်ပိုင်းကွဲသွားပြီး မြောက်ပိုင်းဟာ ဆိုဗီယက်တို့သိမ်းပိုက်ခြင်းခံရပါတယ်။

တောင်ပိုင်းကတော့ အမေရိကန် အုပ်ချုပ်မှုအောက် ရောက်သွားပါတယ်။ တပိုင်းစီမှာ သီးခြားအစိုးရတခုစီ ဖွဲ့စည်းဖြစ်ပေါ်လာပါတယ်။

မြောက်ပိုင်းမှာ ကင်အီဆွန်းက ၁၉၄၈ ခုနှစ် မှာ အာဏာရလာပါတယ်။ သူက ၁၉၅၀ ခုနှစ်မှာ တောင်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ပါတယ်။ ဒီ မအောင်မြင်တဲ့ ကျူးကျော်မှုကြောင့် သွေးချောင်းစီးခဲ့‌ပါတယ်။ နိုင်ငံ ၂ ခုဟာ ကွဲပြားနေဆဲပါ။

မြောက်ကိုရီးယားဟာ ၁၉၇၀ ခုနှစ်အထိ စီးပွားရေး ကောင်းမွန်ခဲ့ပါတယ်။ဒီနောက်တော့ အဆိုးဖက်ကို ရောက်လာပါတော့တယ်။ ကင်ရဲ့ ရက်စက်တဲ့အုပ်ချုပ်မှုအောက်မှာ လူအမြောက်အများအငတ်ဘေး ဆိုက်ခဲ့ပါတယ်။

လူဦးရေ သုံးပုံတစ်ပုံဟာ အကျဉ်းထောင်နဲ့ ရဲဘက်စခန်းကို အပို့ခံရပြီး အာရှမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့ပါတယ်။ တဖက်က တောင်ကိုရီးယားဟာ စီးပွားရေးမှာ ကျားတကောင်ဖြစ်လာပါတယ်။

၂။ အီရန်

၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးမတိုင်ခင်က အီရန်ဟာ တိုးတက်တဲ့နိုင်ငံတခုပါ။၁၉၇၀ ခုနှစ်အထိ အီရန်မှာ နှစ်တိုင်း ဒါဇင်နဲ့ချီတဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပြီး ပေါ့ သီချင်းတွေထွက်ရှိခဲ့ပါတယ်။ ခေတ်မီ မဂ္ဂဇင်းတွေ ထုတ်လုပ်ဖြန့်ချီပါတယ်။

အီရန်အမျိုးသမီးတွေဟာ ဥရောပစတိုင် ဖက်ရှင်တွေ ဝတ်ဆင်ကြပါတယ်။ မီနီစကတ်၊ ရေကူးဝတ်စုံတွေ လွပ်လပ်စွာဝတ်ဆင်နိုင်ပါတယ်။ အရက်ဆိုင်များဖွင့်နိုင်ပြီး လွပ်လပ်စွာ သောက်သုံးနိုင်ပါတယ်။

ပညာရေးကလဲ ကျား၊မ မခွဲခြားဘဲ လွတ်လပ်မှု အပြည့်ပါ။ Mahrabad နိုင်ငံတကာလေဆိပ်ဟာ အာရှအနောက်ပိုင်းမှာ အလုပ်အများဆုံး လေဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်။

အစ္စလာမ်တော်လှန်ရေး အပြီးမှာတော့ အားလုံးပြောင်းလဲသွားပါတယ်။ ရှာဟီရာ ဥပဒေကို အတည်ပြုလိုက်တော့ ဥရောပ ယဉ်ကျေးမှု အနုပညာ ဖက်ရှင်နဲ့ အဝတ်အထည် အသုံးအဆောင်အားလုံးတားမြစ်လိုက်ပါတယ်။

အမျိုးသမီး ပညာရေးဝန်ကြီး Farrokhroo Parsa ကို သေဒါဏ်ပေးလိုက်ပါတယ်။ အမျိုးသမီး လုပ်ငန်းရှင်တွေအားလုံး ဖမ်းဆီးပါတယ်။ မိန်းကလေးများ လက်ထပ်ဖို့အသက်အရွယ်ကို ၉ နှစ်ကစ သတ်မှတ်လိုက်ပါတယ်။

၃။ ဗင်နီဇွဲလား

ဗင်နီဇွဲလားဟာ တချိန်က တောင်အမေရိကရဲ့ အချမ်းသာဆုံးနိုင်ငံ တစ်ခုပါ။ အိမ်နီးချင်းနိုင်ငံတွေနဲ့မတူဘဲ ဒီမိုကရေစီ အစိုးရတရပ်က အုပ်ချုပ်ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ခုနှစ်မှာဖြစ်ခဲ့တဲ့ Bolivarian တော်လှန်ရေး‌ကြောင့် အာလုံး ပြောင်းလဲသွားပါတယ်။

ခေါင်း‌ဆောင်သစ် Hugo Chavez က ဆိုရှယ်လစ်စနစ်ကို အသက်သွင်း ပါတယ်။ သူဟာ ရေနံလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီး နိုင်ငံခြားသားပညာရှင်တွေကို နှင်ထုတ်လိုက်ပါတယ်။ ဒီကစပြီး အခြေအနေတွေ တဖြည်းဖြည်း ဆိုးဝါးလာပါတယ်။

ငွေကြေးဖေါင်းပွမှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၁၃,၀၀၀,၀၀၀ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ ဗင်နီဇွဲလားငွေဟာ တန်ဖိုးမဲ့သွားပြီးသုံးမရဖြစ်သွားပါတယ်။ ငှက်ဖျားရောဂါ အငတ်ဘေးနဲ့ ရာဇဝတ်မှုတွေ မြင့်တက်လာပါတယ်။

အလုပ်မရှိ၊ အစားအစာမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလဲ မရှိတော့ပါဘူး။ ဓါတ်ဆီကို ခွဲတမ်းနဲ့သာ ရောင်းချနိုင်ပါတော့တယ်။ ဥပဒေတွေက တင်းကြပ်လွန်းလို့ လက်ရှိသမ္မတ Nicolas Maduro ကို သံလက်သီးလို့တောင် ခေါ်ကြပါတယ်။

၄။ အာဖဂန်နစ္စတန်

အာဖဂန်ဟာ ၁၉၆၀ ခုနှစ်မတိုင်ခင်က ပျော်စရာအပြည့်နဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ ဒီမိုကရက်စနစ်ကို တဖြည်းဖြည်းကူးပြောင်းပြီး တိုင်းပြည်ကလဲ တိုးတက်လာပါတယ်။

အာဖဂန်ရဲ့ ဖက်ရှင်ပညာရှင် ကဘူးလ်မြို့က Arfia Tarzi ဟာ Vogue မဂ္ဂဇင်းမှာ ဖေါ်ပြခံရပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေဟာ အာဖဂန်ကို ဖက်ရှင်ထည်တွေဝယ်ဖို့ တဖွဲဖွဲ လာကြပါတယ်။

ဆိတ်သားရေနဲ့ချုပ်တဲ့ ဖက်ရှင်ဝတ်စုံနဲဟာ နာမည်ကြီးပါတယ်။ကဘူးလ်မြို့က ပန်းခြံတွေမှာ ဧည့်သည်တွေ ပြည့်နေပါတယ်။

အာဖဂန်ရဲ့စီးပွားရေးဟာ စိုက်ပျိုးမွေးမြူရေးနဲ့ သတ္တုတူးဖေါ်ရေးမှာ အခြေခံထားတာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကလည်း ပေါများပါတယ်။ပညာရေးကျန်းမာရေး ကလဲတိုးတက်လာပါတယ်။

၁၉၇၈ ခုနှစ်မှာတော့ အခြေအနေအားလုံးဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဖျက်ဆီးခံလိုက်ရပါတယ်။ ဆိုဗီယက်တို့ကလဲ အာဖဂန်ကို ကျူးကျော်လာပါတယ်။ဒီနောက်မှာတော့ စစ်ပွဲဟာ ၁၀ နှစ်ကြာအောင် သွေး‌ေချာင်းစီးဖြစ်ပွားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာတာလီဘန် လက်အောက်ရောက်တဲ့ နယ်မြေတွေဟာ လွတ်လပ်ခြင်းတွေ ပျက်သုဉ်းကုန်ပါတယ်။

တီဗွီ ဖျော်‌ဖြေမှုနဲ့ အမျိုးသမီးပညာရေး အားလုံးတားမြစ်လိုက်ပါတယ်။ထောင်ချီတဲ့ အာဖဂန်တွေဟာ ငတ်မွတ်ခြင်း၊ ဖမ်းဆီးသဝာ်ဖြတ်ခံရခြင်းတွေကြောင့် အသက်ဆုံးရှုံးကြပါတယ်။

၂၀၀၁ ခုနှစ်ထိ တိုင်းပြည်ဟာ တာလီဘန်တွေကြောင့် ပျက်ဆီးကြေမွနေပါတယ်။နောက်ပိုင်းဘအမေရိကန်တို့ ဝင်ရောက်လာပေမဲ့ ပြန်လည်ထူထောင်ရေးဟာ အကုန်အကျများသော်လဲ မထိရောက်ခဲ့ပါဘူး။

အမေရိကန်ဟာ အာဖဂန်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ဖို့ မဖြစ်နိုင်တဲ့အဆုံးမှာတော့ ၂၀၂၁ ခုနှစ်မှာ အာဖဂန်က ထွက်ခွာခဲ့ပါတယ်။သနားစရာ အာဖဂန်ပြည်သူတွေဟာ တင်းကြပ်တဲ့ တာလီဘန်တို့ရဲ့ အောက်မှာ ကျန်နေခဲ့ပါပြီ။

Knight News Team

Leave a Reply

Your email address will not be published.