ကားပိတ်ဆို့တာတွေ ဘယ်လိုရှင်းမလဲ

ကားပိတ်ဆို့တာတွေ ဘယ်လိုရှင်းမလဲ

အားလပ်ရက်မှာ ကားနဲ့လျောက်သွားခြင်ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးမသွားဖြစ်တာမျိုးတွေကြုံဖူးကြမှာပါ။

ဒါကိုဖြေရှင်းနိုင်မည့် ယာဉ်တစ်မျိုးကို ဆွီဒင်လူမျိုးတစ်ဦးက တီထွင်ထားပါတယ်။ ရှူ့စားကြပါအုံး။

သင်ဟာ ပိုင်းလော့လိုင်စင်မရှိဘဲနဲ့ ဒီယာဉ်ပျံကလေးကို မောင်းနှင်နိုင်ပါတယ်။ သင့်အိမ်က စတင်ထွက်ခွာပြီး သင်ကြိုက်တဲ့နေရာမှာ ဆင်းလိုက်ယုံပါဘဲ။

ဆွီဒင်မှာ ထုတ်လုပ်တာ ဖြစ်ပြီး သူ့အမည်က Jetson ဖြစ်ပါတယ်။Jetson One ကို တစ်ယောက်စီး ထုတ်လုပ်တာဖြစ်ပြီး တစ်နာရီ ၆၃ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

အဲဒီယာဉ်မှာ လျှပ်စစ်မော်တာ ၈ လုံး တပ်ဆင်ထားပါတယ်။ မြင်းကောင်ရေ ၁၀၂ ကောင်အားရှိပြီး တစ်လုံးချို့ယွင်းခဲ့ရင်တောင် ဆက်လက်ပျံသန်း နိုင်ပါတယ်။

Three Axis ခေါ် ဝင်ရိုးသုံးဖက်လုံး လှည့်နိုင်တဲ့ မောင်းတံနဲ့ ပါဝါ လီဗာတံတွေ ပါဝင်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယံဖရိမ် နဲ့ပြုလုပ်ပြီး ဖိုင်ဘာ ကွန်ပိုးစစ် အိမ်တည်ဆောက်ပေးထားလို့ ထိခိုက်မှုဖြစ်နိုင်ခြေ နဲပါးပါတယ်။

ပျံသန်းချိန်မိနစ် ၂၀ ထိရလို့ မိုင် ၂၀ ခရီးကို သွားနိုင်ပါတယ်။ အမြန်နှုန်းကိုလဲ software control စနစ်တပ်ဆင်ထားပြီး အရေးပေါ် အခြေအနေတွေမှာ အန္တရာယ်ကင်းအောင် ပြုလုပ်ပေးထားပါတယ်။

ယာဉ်အလေးချိန်က ၈၆ ကီလိုဂရမ်သာရှိပေမဲ့ ၉၅ ကီလိုဂရမ်ကို တင်ဆောင်ပျံသန်းနိုင်ပါတယ်။ Li DAR အမည်ရ စက်တပ်ဆင်ထားလို့ လေဝဲတွေ၊ လေပူစီးကြောင်းတွေကိုထောက်လှမ်းနိုင်ပါတယ်။

ဆင်းသက်ရာမှာလဲ မြေပြင်က အရာဝထ္ထုတွေကို အာရုံခံကရိယာ အကူအညီနဲ့ သိရှိနိုင်လို့ ချောမွေ့ငြင်သာစွာဆင်းသက်နိုင်ပါတယ်။

လေထီးတစ်ခုပါဝင်လို့ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ပါတယ်။လေထီးဟာ လျှင်မြန်စွာ ပွင့်စေနိုင်ပြီး ယာဉ်ကို ဖြေးညှင်းစွာ ကျဆင်းစေမှာဖြစ်ပါတယ်။

ယာဉ်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၉၂,၀၀၀ ဖြစ်ပါတယ်။ အနာဂတ် သယ်ယူပို့ဆောင်ရေးတွေဟာ ဒီလို ဖန်တီးတီထွင်မှုတွေကြောင့် ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *