စနစ်ကို မကြိုက်လို့ပြောင်းလဲရာမှ တိုးတက်သွားတဲ့နိုင်ငံများ

စနစ်ကို မကြိုက်လို့ပြောင်းလဲရာမှ တိုးတက်သွားတဲ့နိုင်ငံများ

ကမ္ဘာကြီးမှာ စက်မှုတော်လှန်ရေးကြီးပေါ်လာပြီးနောက် ဆိုရှယ်လစ်ခေါ် သာတူညီမျှ ကောင်းစားရေး ဝါဒတစ်ခု ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံတော်တော်များများက သဘောကျနှစ်ခြိုက်ပြီး နိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် ထူထောင်လာကြသည်။ ထိုနိုင်ငံများသည် အချို့က အောင်မြင်၍ အချို့က ရှုံးနိမ့်ခဲ့ကြသည်။

အချို့က အချိန်မီ ပြောင်းလဲနိုင်ခဲ့၍ တိုးတက်အောင်မြင်သွားကြသည်။ မည်သည့်နိုင်ငံများ ဖြစ်သည်ကို တင်ပြပါမည်။

၁။ အစ္စရေး

လူဦးရေ တစ်သန်းမပြည့်တဲ့ အစ္စရေးနိုင်ငံအား ဆိုရှယ်လစ်စနစ်ဖြင့် စတင်ထူထောင်ခဲ့ပါသည်။ ဘုံလယ်ယာမြေများတွင် အလုပ်သမားများ စုပေါင်း အလုပ်လုပ်ကြရသည်။

သူတို့၏ သက်သာချောင်ချိရေး ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ကလေးငယ်များပညာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးများအားလုံး အစိုးရမှ တာဝန်ယူဆောင်ရွက်သည်။ သို့သော် ကြီးထွားလာသော စီးပွားရေးကြောင့် သက်သာ ချောင်ချိမှုတွင် စီမံခန့်ခွဲမှုများ လွဲချော်မှုတချို့ရှိလာခဲ့သည်။

၁၉၆၅ ခုနှစ်တွင် တိုင်းပြည်သည် ပြောင်းလဲဖို့ ဦးတည်လာခဲ့သည်။ တိုင်းပြည်ချမ်းသာသော်လဲ အလုပ်လက်မဲ့မှာ ၁၉၆၅ မှ ၁၉၆၇ ခုနှစ်အတွင်း သုံးပုံတပုံခန့် မြင်တက်လာခဲ့သည်။

၁၉၇၀ ခုနှစ်ထိ အစိုးရမှ ငွေစိုက်ထုတ်ခြင်း၊ ချေးငွေထုတ်ပေးခြင်းတို့ဖြင့် ကုစားခဲ့ရသည်။ သို့သော် ၁၉၈၄ ခုနှစ်တွင် ငွေဖေါင်းပွမှုမှာ ၄၈၀ ရာခိုင်နှုန်းသို့ ရောက်သွားသည်။ အခွန် လိုငွေပြမှုနှင့်အတူ နိုင်ငံခြားကြွေးမြီမှာလဲ မြင့်တက်လာခဲ့သည်။

ဤအခြေအနေကို ကယ်တင်ခဲ့သူမှာ အမေရိကန်မှ ရော်နယ်ရေဂင် နှင့်သူ၏အစိုးရအဖွဲ့ဖြစ်သည်။ အမေရိကန်က အစ္စရေးအား ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ခွင့်ပြုပြီး တစ်နှစ်အတွင်းမှာပင် ငွေဖေါင်းပွမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းသာ ရှိတော့ပြီး ဘတ်ဂျက် လိုငွေပြမှုမှာလဲ ၁၅ ရာခိုင်နှုန်းသာ ရှိတော့သည်။

၂၀၀၀ ခုနှစ်တွင် အစ္စရေးအား ကမ္ဘာ့စီးပွားရေးအောင်မြင်သည့်နိုင်ငံများစာရင်းတွင် ထိပ်ပိုင်းမှ နေရာယူထားသည်ကို တွေ့ကြရပါသည်။

၂။ အိန္ဒိယ

၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ်မှာ ဂျဝါဟလာနေရူး ဖြစ်ပါသည်။ ဆိုရှယ်လစ် စနစ်ကို နှစ်သက်သူဖြစ်ပြီး နှစ်ပေါင်း ၃၀ ခန့် တိုင်းပြည်အား ဆိုရှယ်လစ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။

သွင်းကုန်များ တားမြစ်ခြင်း၊ ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုခြင်းတို့ဖြင့် စီးပွားရေးကို အကောင်အထည် ဖေါ်ပါသည်။

ကုန်ဈေးနှုန်းကို ထိန်းချုပ်ကာ လိုင်စင်မရှိဘဲ ကုန်ထုတ်လုပ်သူများအားဖမ်းဆီးထောင်ချပါသည်။ထိပ်ပိုင်းပုဂ္ဂိုလ်များအတွက် အခွန်အား ၉၇.၇၅ ရာနှုန်းအထိ တိုးမြှင့်ကောက်ခံစေခဲ့သည်။

ပုဂ္ဂလိက ဘဏ် ၁၄ ခု၊ ၁၉၆၉ ခုနှစ်တွင် ပြည်သူပိုင် သိမ်းခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်တွင် နောက်ထပ် ဘဏ် ၆ ခုအား နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။

သို့သော် တိုးပွားလာသော လူဦးရေ ကြောင့် ၁၉၇၇ ခုနှစ်တွင် နိုင်ငံလူဦးရေ ထက်ဝက်မှာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရပါသည်။ နိုင်ငံစီးပွားရေးမှာလဲ ဆိုးရွားစွာ ကျဆင်းခဲ့ပါသည်။

နေရူး

၁၉၈၀ ခုနှစ်တွင်မူ နိုင်ငံသည် ဆိုရှယ်လစ် စနစ်ကို စွန်ပစ်ခဲ့ပါသည်။ မယုံနိုင်စရာ တိုင်းပြည်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး GDP မှာလဲ တရိပ်ရိပ် မြင့်တက်လာခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ ကားဈေးကွက် နံပါတ် ၄ နေရာကို ရယူနိုင်ခဲ့ပြီဖြစ်ပါသည်။ စမတ်ဖုန်းဈေးကွက်တွင်လည်း ယင်းနှစ်မှာပင် အမေရိကန်ကို ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

၃။ အင်္ဂလန်

ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလန်၏ ကြီးကျယ်လှသော စက်မှုလုပ်ငန်းကြီးများမှာ ဆိုရှယ်လစ်သဘောအရ နိုင်ငံပိုင်ဖြစ်လာခဲ့သည်။ ထိပ်ပိုင်း လူတန်းစားများအား အခွန် ၈၃ ရာနှုန်းအထိ သတ်မှတ်ကောက်ခံခဲ့သည်။

ရင်းနှီးငွေပေါ် ကောက်ခံသည့်အခွန်မှာ မယုံနိုင်ဖွယ် ၉၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ အိုးအိမ်အများစုမှာ အစိုးရပိုင်ဖြစ်သည်။ ၁၉၅၀ မှ ၁၉၇၅ ခုနှစ်အထိ စက်မှုနိုင်ငံများထဲတွင် ထုတ်လုပ်မှု အနည်းဆုံးနိုင်ငံ ဖြစ်သွားခဲ့ရပါသည်။ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးသို့ ရောက်ရှိခဲ့သည်။

ပြည်သူလူထု အသုံးစရိတ်မှာ GDP ၏ ၅၉ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ရာ အကျပ်အတည်းနှင့် ရင်ဆိုင်လာခဲ့ရပါသည်။ ဤ အခြေအနေအားလုံးကို မာဂရက်သက်ချာ ဝန်ကြီးချုပ် ဖြစ်လာချိန် ၁၉၇၅ ခုနှစ်တွင် ပြောင်းလဲပစ်နိုင်ခဲ့ပါသည်။

သူမက ပုဂ္ဂလိကပိုင် ကဏ္ဍကို တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။ လေကြောင်း လေဆိပ် အခြားလုပ်ငန်းများစွာကို ပုဂ္ဂလိကပိုင်အဖြစ် ခွင့်ပြုပေးခဲ့ပြီး အခွန်ကို ၄၅ ရာနှုန်းအထိ လျော့ချပေးခဲ့ပါသည်။

၁၉၈၀ ခုနှစ်တွင် ဒုတိယမြောက် တိုးတက်မှုအမြန်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ စီးပွားရေးတွင်လည်း ဂျပန်ပြီးလျင် ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည်။

ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၃၃ သန်းကို ဖေါ်ဆောင်နိုင်ခဲ့ပါသည်။ငွေဖေါင်းပွမှုမှာလည်း ၁၉၈၃မှ၁၉၈၅ ခုနှစ်အတွင်း ၂၇ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ရာ ၂.၅ ရာနှုန်းသာ ရှိပါတော့သည်။

မာဂရက်သက်ချာ

နိုင်ငံပိုင်လုပ်ငန်းများကိုပိုင်ဆိုင်မှု ၆၀ ရာနှုန်းထိ လျော့ချပေးခဲ့သဖြင့် အလုပ်အကိုင် ၆ သိန်းခန့် ပြည်သူများရရှိနိုင်ခဲ့သည်။

အင်္ဂလန်သည် ယခုအခါ မာဂရက်သက်ချာ၏ ကြိုးပမ်းမှု ကြောင့် ဒုတိယအကြီးဆုံး စက်မှုနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲပြီ ဖြစ်ပါကြောင်း တင်ပြရင်း ဆိုရှယ်လစ်မှ ပြောင်းလဲခဲ့သည့်နိုင်ငံများကို ဖေါ်ပြလိုက်ရပါသည်။

Knight News Team

Leave a Reply

Your email address will not be published.