တစ်မြို့လုံးမှာ တစ်ယောက်ထဲ

တစ်မြို့လုံးမှာ တစ်ယောက်ထဲ

မြို့တစ်မြို့လုံးမှာ လူတစ်ယောက်ထဲ ရှိနေပြီး သူကလဲ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် ဒီမြို့ဟာ အမေရိကန်နိုင်ငံမှာ ရှိပါတယ်ဆိုရင် သင်ယုံပါ့မလား။တကယ်ရှိပါတယ်။

မိုနိုဝီ ( Monowi ) ဆိုတဲ့ ကမ္ဘာ့အသေးဆုံးမြို့ဟာ နီဘရာ့စကားပြည်နယ်၊ အမေရိကန်နိုင်ငံမှာ တည်ရှိပါတယ်။တစ်မြို့လုံးမှာ သူမတစ်ယောက်သာနေထိုင်ပြီး သူမအမည်က Elsie Eiler ဖြစ်ပါတယ်။

သူမဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး သူမခင်ပွန်းဟာ ၂၀၀၄ ခုနှစ်က ကွယ်လွန်သွားပါတယ်။ သူမဟာ မြို့ကို တစ်ယောက်ထဲ အသက်ဝင်အောင် ရုန်းကန် လုပ်ကိုင်ပေးပါတယ်။

မြို့တော်ဝန်၊ စာရေး၊ စာကြည့်တိုက်မှူး၊ ဘဏ္ဌာစိုး၊ စားပွဲထိုး စသဖြင့် ရာထူးအားလုံးကို သူတာဝန်ယူထားပါတယ်။

သူမဟာ အိမ်မှာ အရက်ရောင်းတဲ့ အတွက် အခွန်အခကိုလဲ ကိုယ်တိုင် ပေးဆောင်သူလဲ ဖြစ်ပါတယ်။ နှစ်တိုင်း သူမဟာ လုပ်ငန်းအတွက် သတိပေးစာ ထုတ်ပြန်ထားလေ့ရှိပါတယ်။ သူ့ရဲ့ အရက်ဆိုင်အတွက် ကြော်ငြာဆိုလဲ မမှားပါဘူး။

ဒါ့အပြင် မြို့တော်ဝန်ရွေးဖို့အတွက်မဲဆွယ်တာလည်း ပါပါတယ်။ မဲပေးသူကတော့ သူကိုယ်တိုင်ပါဘဲ။နှစ်တိုင်းသူမဟာ မြို့ရဲ့လမ်းအတွက် လုပ်ငန်းလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

တစ်နှစ်ကို ဒေါ်လာ ၅၀၀ အထိ တိုးပြီး လမ်းအတွက် လှူဒါန်းပါတယ်။ လမ်းကတော့ ခရိုင်အုပ်ချုပ်ရေးက ဘတ်ဂျက်အရသာ ပြင်နိုင်မှာမို့ သူမက ကြိုးစားပေးနေတာပါ။ လေးစားဖွယ်ဖြစ်ပါတယ်။

သူမရဲ့ကြိုးစားမှုကြောင့် မြို့ရဲ့လမ်းမီးတိုင် ၃ ခု ရရှိနေပါပြီ။ ခရိုင်က ဒါတွေကိုလည်း ပြင်ဆင်ပေးပါတယ်။သူမက ရေခွန်လည်း ပေးရပါတယ်။ အရက်လိုင်စင်ကိုလည်း မြို့ရဲ့အတွင်းရေးမှုးနေရာမှာ သူကိုယ်တိုင်လက်မှတ်ထိုး သူကိုယ်တိုင်ကောက်ယူပြီး ပေးဆောင်တာပါ။

အနီးနားက လူမနေတဲ့ အိမ်တွေကိုလဲသူမက စာရင်းပြုစုထားပါတယ်။ သူမက တစ်နေ့မှာ တချို့သူတွေ ဒီကိုပြောင်းရွှေ့လာကြပြီး မြို့လူဦးရေလဲ တိုးလာလိမ့်မယ်လို့ မျှော်လင့်နေတာပါ။

ကျမ ဒီမှာပျော်ပါတယ်။ ဒီမှာပဲ ကြီးပြင်းခဲ့ပြီး ကျမဘာလိုခြင်တယ်ဆိုတာ ကျမသိပါတယ်လို့ သူမကပြောပါတယ်။

၁၉၃၀ ခုနှစ်တုန်းက မြို့မှာ လူဦးရေ ၁၅၀ လောက်ရှိခဲ့ပြီး ကုန်စုံဆိုင်၊ စားသောက်ဆိုင်တွေနဲ့ ရဲစခန်းအကျဉ်ထောင်ငယ်တစ်ခုတောင် ရှိခဲ့ပါတယ်။

Elsie နဲ့ သူမခင်ပွန်းတို့ဟာ အရက်ဆိုင်ကို ၁၉၇၁ ခုနှစ်မှာ ဖွင့်ခဲ့ကြပါတယ်။အဲဒီအချိန်က Monowi ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပါပြီ။ ဒုတိယကမ္ဘာစစ် အပြီးမှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ သေဆုံးခဲ့တဲ့ Elsie ရဲ့ အဖေဖြစ်သူ နာရေး ကျင်းပအပြီးမှာ ဘုရားရှစ်ခိုးကျောင်းဟာလဲ လုပ်ငန်းရပ်ဆိုင်းသွားပါတယ်။

စာပို့ဌာနလည်း ရပ်သွားပြီး ကုန်စုံဆိုင် ၃ ခုလည်း ၁၉၆၇ နဲ့ ၁၉၇၀ ခုနှစ်ကြားမှာ ပိတ်သွားပါတယ်။ ၁၉၇၄ ခုနှစ်မှာ တစ်ခုထဲသော ကျောင်းဟာလဲ ပိတ်သွားပြီး ၁၉၈၀ ခုနှစ်မှာတော့ လူဦရေဟာ ၁၈ ဦးသာ ကျန်ပါတယ်။

အနှစ်၂၀ အကြာမှာတော့ မြို့မှာ Elsie နဲ့ သူမခင်ပွန်းသာ ကျန်ရှိနေခဲ့ပါတော့တယ်။

ဒီနေ့မှာတော့ Monowi မြို့လေးဟာ Boyd County ရဲ့ ပူးတွဲအုပ်ချုပ်မှုအောက်မှာရှိနေပြီ ဖြစ်ပါတယ်။ သူမရဲ့အရက်ဆိုင်ကတော့ ပုံမှန်ဖေါက်သည်တွေနဲ့ စည်ကားနေဆဲဖြစ်ပါတယ်။ ဖေါက်သည်တွေဟာ မိုင် ၂၀ ၃၀ အကွာကလာကြသူတွေဖြစ်ပြီး သူမအကြောင်းကို နားလည်စာနာကြသူတွေဖြစ်ကြပါတယ်။

တချို့ဆိုရင် Lincoln မြို့နဲ့ Omaha မြို့ကတောင် လာကြသူတွေရှိပါတယ်။ သူမကိုစောင့်ရှောက်ဖို့ပါ။

ဆောင်းရာသီရောက်ပြီဆို နှင်းတွေကို ဖယ်ရှား‌ပေးဖို့ သူမဆီကို ဧည့်သည် တွေလာကြပါတယ်။ အများစုဟာ Monowi မှာ ကြီးပြင်းခဲ့သူတွေဖြစ်ပြီးသူမကို သိကျွမ်းသူတွေပါ။ ဒီအချိန်တွေဆို အိမ်တစ်လုံးထဲမှာ တစ်ယောက်ထဲ အထီးကျန်နေသူ မဟုတ်တော့ပါဘူး။

သူတို့တွေ တစ်နေ့လုံး လာကြပါတယ်။သိသူရော၊ မသိသူရောပေါ့ ဒီအချိန်ဆို ကျမ အရမ်းပျော်ပါတယ်လို့ သူမက ပြောပါတယ်။ Rudy ရဲ့ စာကြည့်တိုက်ကိုလဲ သူမစောင့်ရှောက်ထားပါတယ်။ စာကြည့်တိုက်လေးဟာ သပ်ရပ်သန့်ရှင်းပြီး ဖတ်စရာ စာအုပ်တော်တော်များများရှိပါတယ်။

မဂ္ဂဇင်းတွေလဲရှိပြီးသူမခင်ပွန်းဖြစ်သူ စုဆောင်ထားခဲ့တာပါ။ လူတိုင်းအသုံးပြုနိုင်အောင် ခွင့်ပြုထားပါတယ်။

Monowi ကိုသွားဖူးသူတိုင်းက ဒီမြို့နဲ့ သူမဟာ သူတို့ကို စိတ်ခံစားမှုတစ်မျိုး ရရှိစေတယ်လို့ပြောကြပါတယ်။

တစ်ခါလောက် သွားလည်ကြပါစို့လို့ ဖိတ်ခေါ်လိုက်ပါတယ်။

Knight News Team

One Woman Town (Monowi)

Leave a Reply

Your email address will not be published.