လူဦးရေ အဆမတန်ကျဆင်းနှုန်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်တဲ့ တရုတ်နိုင်ငံ

လူဦးရေ အဆမတန်ကျဆင်းနှုန်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်တဲ့ တရုတ်နိုင်ငံ

ကမ္ဘာ့အကြီးမားဆုံးနိုင်ငံဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံတစ်ပုံကျော်ရှိပြီး တရုတ်နိုင်ငံ လူဦးရေဟာ သန်း ၆၆၀ မှ ၁.၄ ဘီလီယံအထိ တိုးလာခဲ့ရာမှ ထူးထူးခြားခြား ဆယ်စုနှစ် လေးခုအကြာမှာ သူတို့ရဲ့ လူဦးရေက ၁၉၅၉-၁၉၆၁ ခုနှစ်မှာ ကြီးစွာတဲ့ အငတ်ဘေးကြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လူဦးရေ ထိုးကျလာနှုန်းနဲ့ ရင်ဆိုင်နေရတာပါ။

တရုတ်နိုင်ငံက အမျိုးသားစာရင်းအင်းဗျူရိုရဲ့ နောက်ဆုံးကိန်းဂဏန်းများအရ တရုတ်နိုင်ငံ လူဦးရေဟာ ၁ ဒသမ ၄၁၂၁၂ ဘီလီယံမှ ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၄၁၂၆၀ ဘီလီယံအထိ တိုးလာခဲ့ပြီး လေးသိန်းကျော်သာ စံချိန်တင် တိုးလာကာ နှစ်စဉ် ရှစ်သန်းနှုန်း တိုးတက်လာမှုဟာ ချက်ချင်းကို ထိုးကျသွားခဲ့ရပါတော့တယ်။

ဘာကြောင့် တရုတ်တို့ လူဦးရေကျဆင်းမှုနဲ့ ကြုံတွေ့နေရတာလဲ

တင်းကျပ်တဲ့ COVID တိုက်ဖျက်ရေးအစီအမံများကို ရင်ဆိုင်ရာမှာ ကလေးမယူဖို့ ဆုံးဖြတ်တာက လူဦးရေကျဆင်းလာမှုကို အထောက်အကူဖြစ်စေနိုင်ပေမဲ့ ဒီလိုကလေး မယူမှုတွေဟာ သွေးရိုးသားရိုး ဖြစ်စဥ်များ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အာဏာပိုင်တွေရဲ့ တင်းကြပ်တဲ့ အစီအစဥ်ကလည်း အဓိက အခန်းကဏ္ဍမှာရှိနေပါတယ်။

တရုတ်နိုင်ငံက စုစုပေါင်းမွေးဖွားနှုန်း (အမျိုးသမီးတစ်ဦးလျှင် မွေးဖွားမှု) ဟာ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် ၂.၆ ဖြစ်ခဲ့ပါတယ်။ ဒါဟာ နှစ်စဥ်လူသေဆုံးမှုကို အစားထိုးရန် လိုအပ်တဲ့ ၂.၁ ထက် ကျော်လွန်ခဲ့တာပါ။

နောက်ပိုင်းမှာလည်း ၁.၆ နဲ့ ၁.၇ အကြားရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ၁.၃ သို့ ကျဆင်းခဲ့သလို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ ၁.၁ သို့ ကျဆင်းသွားခဲ့ပါတယ်။

နှိုင်းယှဥ်အားဖြင့်ဆိုရရင် သြစတြေးလျနှင့် အမေရိကတွင် စုစုပေါင်း ကလေးမွေးဖွားနှုန်းဟာ အမျိုးသမီးတစ်ဦးလျှင် ၁.၆ ဦး မွေးဖွားသည်။

တရုတ်နိုင်ငံဟာ ၎င်းရဲ့ ကလေးတစ်ယောက် တစ်အိမ်ထောင် မူဝါဒကို ၂၀၁၆ ခုနှစ်တွင် စွန့်လွှတ်ခဲ့ပေမဲ့ ယမန်နှစ်က အခွန်နှင့် အခြားမက်လုံးများဖြင့် ကျောထောက်နောက်ခံ ပြုထားတဲ့ ကလေးသုံးယောက် မူဝါဒကို မိတ်ဆက်ခဲ့သော်လည်း ယင်းမှာ ကျရှုံးခဲ့ပုံ ပေါ်ပါတယ်။

နိုင်ငံတော်ရဲ့ မက်လုံးပေးမှုများကြောင့် ကလေးယူရန် တရုတ်အမျိုးသမီးများ အဘယ်ကြောင့် တွန့်ဆုတ်နေကြတာလဲ ဆိုရာမှာ သီအိုရီများ ကွဲပြားနေပါတယ်။

နေထိုင်မှုစရိတ် မြင့်တက်လာခြင်း၊ အိမ်ထောင်သက်တမ်း တိုလာခြင်း၊ ကလေးမွေးဖွားခြင်းကို နှောင့်နှေးခြင်းနှင့် ကလေးယူလိုစိတ် လျော့နည်းခြင်းတို့ ပါဝင်နေပါတယ်။

ထို့အပြင် တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနိုင်တဲ့ အရွယ်ရှိ အမျိုးသမီးများမှာ မျှော်လင့်ထားတာထက် နည်းပါးလာပြီး ၁၉၈၀ ခုနှစ်မှစ၍ ကလေးတစ်ဦးတည်းသာမွေးရန် ကန့်သတ်ထားတဲ့ စုံတွဲအများအပြားဟာ ယောက်ျားလေးတစ်ဦးကိုသာ ရွေးချယ်ခဲ့ကြပြီး မိန်းကလေး ၁၀၀ တိုင်းမှာ ယောက်ျားလေး ၁၃၀ ယောက် ဆိုတဲ့ လူဦးရေ အချိုးမကျမှုကလည်း ဒီလိုတွေ ဖြစ်ပေါ်စေခဲ့တာပါပဲ။

လူဦးရေ အဆမတန်ကျဆင်းမှုရဲ့ ကျိုးကြောင်းဆီလျော်တဲ့ ယူဆချက်များ

တရုတ်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေသည် လွန်ခဲ့တဲ့ နှစ် ၁,၀၀၀ မှာ ၀.၃၄ သာ အငတ်ဘေးကြောင့် တိုးလာခဲ့တာပါ။

မကြာသေးမီက China Academy of Social Sciences မှ လူဦးရေ ၁.၄၄ ဘီလီယံသည် ၂၀၁၉ ခုနှစ်မှာ အထွတ်အထိပ်သို့ ရောက်လာရန် မျှော်မှန်းထားခဲ့ကြပေမဲ့ ဆန့်ကျင်ဘက်လားရာကို ထိုးဆင်းသွားခဲ့ရပါပြီ။

ဒါကြောင့် Shanghai Academy of Social Sciences ဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် နှစ်စဉ် ပျမ်းမျှ ၁.၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားပြီး တရုတ် လူဦးရေဟာ ၂၁၀၀ ခုနှစ်တွင် ၅၈ သန်းအထိ ကျဆင်းသွားပြီး ယနေ့ချိန် ရဲ့ ထက်ဝက်ကျော် လျော့နည်းသွားနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါကြောင့် ကမ္ဘာ့လူဦးရေ ၆ ပုံ ၁ ပုံ ခန့်ရှိတဲ့ ဒီနိုင်ငံနဲ့ ဒီလူဦးရေသာ ရုတ်တရက် အဆမတန် ဒီ့ထက်ပိုပြီး တိမ်ကောသွားတော့မယ်ဆိုရင် ကမ္ဘာကြီးအတွက်လည်း အနည်းနဲ့အများ သက်ရောက်မှုတွေ ကြုံတွေ့လာမှာဖြစ်ပါသည်။

ကျူးကျော်ဝင်ရောက်တာမျိုးတွေ၊ ပိုင်နက်သိမ်းတာမျိုးတွေနဲ့ အခြားသော နည်းလမ်းတွေလည်း မလွဲမသွေ ဖြစ်လာနိုင်တာမလို့ တရုတ်အာဏာပိုင်တွေလည်း တစ်အိမ်ထောင်စု ကလေးသုံးယောက်ဆိုတာထက် အခြားသော နည်းလမ်းကောင်းတွေ တော်တော်တော့ ပြင်ဆင်သွားရပါလိမ့်မယ်ဖြစ်‌ပါ‌ကြောင်း တင်ပြလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *