ကမ္ဘာ့အကြီးမားဆုံး ငါးမန်းမျိုးစိတ် မီဂါလိုဒွန် အကြောင်း တစေ့တစောင်း
အသက်ရှင်ဖူးသမျှ အကြီးဆုံး အသားစားကောင်များထဲမှ တစ်ကောင်အနေဖြင့် megalodon ဟာ လူတို့ရဲ့ စိတ်ကူးစိတ်သန်းများကို ဖမ်းစားထားပါတယ်။
ဒီငါးမန်းကြီးဟာ သမုဒ္ဒရာရဲ့နက်နဲတဲ့အမှောင်ထဲမှာ အခုထိ ပုန်းခိုနေသေးသလားဆိုတာ ကျွန်တော်တို့ အဖြေရှာကြည့်ရအောင်ပါ။
ကမ္ဘာ့အကြီးဆုံး ငါးမန်း
အစောဆုံး မီဂါလိုဒွန် ကျောက်ဖြစ်ရုပ်ကြွင်းများ (ယခင်က Carcharodon သို့မဟုတ် Carcharocles megalodon ဟုလူသိများသော Otodus megalodon) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀ မှ စတင်ခဲ့တာပါ။
ဒီကြီးမားလှတဲ့ ငါးမန်းကြီးများဟာ သမုဒ္ဒရာကို နှစ်ပေါင်း ၁၃ သန်း အကြာ လွှမ်းမိုးထားခဲ့ပြီး မီဂါလိုဒွန်ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးငါးမန်းသာမက တည်ရှိဖူးသမျှ အကြီးဆုံးငါးများထဲမှ တစ်ခုဖြစ်ပါတယ်။
ခန့်မှန်းချက်များအရ ဒီငါးမန်းကြီးဟာ အရှည် ၁၅ မီတာမှ ၁၈ မီတာအထိ ကြီးထွားလာပြီး အကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားတဲ့ ငါးမန်းဖြူကြီးထက် သုံးဆ ပိုရှည်ပါတယ်။
ပြီးပြည့်စုံတဲ့ မီဂါလိုဒွန် အရိုးစုမှာ 18 စင်တီမီတာ ရှည်လျားတဲ့ သွားများ အရွယ်အစားအပေါ် အခြေခံထားပါတယ်။
တကယ်တော့ megalodon ဆိုတဲ့ စကားလုံးက ‘သွားကြီး’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသွားတွေက အကောင်ကြီးတွေ ဘာတွေစားခဲ့လဲ အစရှိတဲ့ စိတ်ဝင်စားစရာအကြောင်းတွေ ကျွန်တော်တို့ကို အများကြီးပြောပြနိုင်ပါတယ်။
မီဂါလိုဒွန်တွေ ဘာစားကြလဲ
သူတို့ရဲ့ကြီးမားသော သွားများဖြင့် megalodon ဟာ ဝေလငါးများကဲ့သို့ ငါးကြီးများကို စားကြလေ့ရှိပြီး အခြားငါးမန်းများ စားနိုင်ချေရှိတဲ့ လင်းပိုင်ကဲ့သို့ သေးငယ်သော ရေတိရစ္ဆာန်များ နှင့် ဝေလငါးများ ကဲ့သို့ ကြီးမားသော တိရစ္ဆာန်များလည်း ပါဝင်နိုင်ပါတယ်။
ဝေလငါးကြီးကဲ့သို့ သားကောင်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် မီဂါလိုဒွန်ငါးမန်းတွေဟာ သူတို့ရဲ့ ပါးစပ်ကို ကျယ်ကျယ်ဖွင့်နိုင်ရမှာပါ။
အဲ့အတွက်လည်း သူတို့ မေးရိုးကို ၂.၇ မှ ၃.၄ မီတာ အကျယ်ထိ ဖွင့်ဟနိုင်ကာ အရွယ်ရောက်ပြီးသူ နှစ်ဦးကို ဘေးချင်းကပ်လျက် မျိုချရလောက်အောင် ကြီးမားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ဒီမေးရိုးများဟာ သွားပေါင်း ၂၇၆ ချောင်းဖြင့် စီတန်းလျက် ရှိပြီး ငါးမန်းကိုက်တဲ့ စွမ်းအားကို ပြန်လည်တည်ဆောက်တဲ့ လေ့လာမှုများက မီဂါလိုဒွန်တွေဟာ တည်ရှိဖူးသမျှတွင် အစွမ်းထက်ဆုံး သားကောင်များထဲမှ တစ်ကောင် ဖြစ်နိုင်ကြောင်း အကြံပြုထားကြပါတယ်။
မီဂါလိုဒွန်ရဲ့ အသွင်အပြင်
မီးဂါလိုဒွန်ဟာ အလွန်ကြီးမားတဲ့ ငါးမန်းဖြူတစ်ကောင်နှင့် တူကြောင်း ပြသထားကြပေမဲ့ ယခုအခါမှာတော့ မှားယွင်းတယ်လို့ ယူဆနေကြပါပြီ။
မီဂါလွန်ဒိုတွေမှာ အလွန်တိုတဲ့ နှာတံ သို့မဟုတ် rostrum ရှိပြီး အပြာရောင်ငါးမန်းတွေလိုမျိုး အလေးချိန်နဲ့ အရွယ်အစားကို ထောက်ဆရန် ရှည်လျားသော အမြှေးတောင်များပါရှိကြပါတယ်။
နေရာပေါင်းစုံမှာ ကျက်စားကြတဲ့ ငါးမန်း
မီဂါလိုဒွန်ဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများမှာလည်း လိုက်လျောညီထွေ နေထိုင်နိုင်ပြသလို မျိုးစိတ်များဟာဘည်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လာသဖြင့် အန္တာတိကမှလွဲ၍ တိုက်တိုင်းတွင် မီဂါလိုဒွန် သွားများကို တွေ့ရှိရသည်။
မြောက်အမေရိက အရှေ့ဘက်ကမ်းရိုးတန်း၊ ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြောက်ကာရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ ရေငန်ချောင်းတွေနဲ့ မြစ်တွေရဲ့အောက်ခြေမှာ သူတို့ရဲ့သွားတွေ အများကြီးတွေ့နိုင်ပါတယ်။
သူတို့ဟာ မော်ရိုကိုကမ်းရိုးတန်းနဲ့ သြစတြေးလျရဲ့ အစိတ်အပိုင်းတွေမှာလည်း အနေများကြပါတယ်။
မျိုးသုဥ်းသွားခဲ့ပြီဖြစ်
Pliocene (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်း) အဆုံးတွင် မီဂါလိုဒွန်များဟာ ကမ္ဘာလုံးဆိုင်ရာ အေးစက်မှုအဆင့်သို့ ရောက်ရှိသွားရာမှာ မျိုးသုဉ်းသွားပြီဖြစ်ကြောင်း သိရပါတယ်။
နောက်ဆုံး မီဂါလိုဒွန် သေဆုံးချိန်ကို အတိအကျမသိရသော်လည်း အထောက်အထားအသစ်များအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၆ သန်းခန့်က ဖြစ်ကြောင်း သက်သေပြခဲ့ကြပါတယ်။
လိပ်များ၊ ပင်လယ်ငှက်များရဲ့ ၃၅% အပါအဝင် ရေနေသတ္တဝါကြီးများရဲ့ သုံးပုံတစ်ပုံဟာ အပူချိန်အေးသွားသဖြင့် မျိုးသုဉ်းသွားကာ အစာကွင်းဆက်ရဲ့ခြေရင်းရှိ သက်ရှိအရေအတွက် ကျဆင်းသွားခဲ့ပြီး တုန်လှုပ်သွားစေခဲ့သလို ထိပ်ရှိ သားရဲများအတွက်တော့ အကျိုးသက်ရောက်စေခဲ့ပါတယ်။
ကမ္ဘာမြေရဲ့ အေးစက်မှုဟာ မီဂါလိုဒွန်တွေကို နည်းလမ်းများစွာဖြင့် မျိုးသုဉ်းစေနိုင်ခဲ့တာပါ။
မီဂါလိုဒွန်တွေ ရှိနေနိုင်သေးလား
ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မီဂါလိုဒွန်လောက်ကြီးတဲ့ တိရစ္ဆာန်တစ်ကောင်က သမုဒ္ဒရာထဲမှာ အသက်ရှင်နေသေးရင် ကျွန်တော်တို့ သိရပါလိမ့်မယ်။
ဒါပေမဲ့ အခြားရေနေ သတ္တဝါကြီးများကို ကိုက်ခဲ့တဲ့ အမှတ်အသားများနဲ့ ကြီးမားတဲ့ သွားများဟာတော့ သမုဒ္ဒရာကြမ်းပြင်တွင် သောင်းနှင့်ချီ၍ အမှိုက်သရိုက်များအဖြစ် ဆက်လက်ရှိနေဦးမှာပါကြောင်း တင်ပြလိုက်ပါတယ်။
Knight News Team