ဒူဘိုင်းမှာ ရှောင်ကျဉ်စရာများ
သင်ဟာ ဒူဘိုင်းကို အလည်အပါတ် သွားခဲ့မယ်ဆိုရင် ခုဖေါ်ပြထားတာလေးတွေကိုသတိထားရှောင်ရှားသင့်ပါတယ်။
၁။ Dancing in public
သင်ဟာ အကဘယ်လောက်တော်တော် လမ်းပေါ်မှာ ကလို့တော့မရပါဘူး။ အဖမ်းခံရပါလိမ့်မယ်။ ဒါပေမဲ့ ဒူဘိုင်းမှာ နိုက်ကလပ်တွေအများကြီးရှိပြီး အဲဒီမှာတော့ ကြိုက်သလောက်ကဲလို့ရပါတယ်။
၂။ kissing
လူမြင်ကွင်းမှာ နမ်းတာ လုံးဝ လက်မခံနိုင်စရာလို့ သတ်မှတ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် လက်ကိုကိုင်ထားတာလဲ ခွင့်မပြုပါဘူး။
၃။ promoting a charity
ချို့ငဲ့သူများကို လှူဒါန်းမှုတစ်ခုခုလုပ်မယ်ဆိုရင်လဲ အစိုးရ ခွင့်ပြုချက် ယူရပါလိမ့်မယ်။ ခွင့်ပြုချက်မရှိပဲ လှူဒါန်းခြင်း၊ ဆိုရှယ်မီဒီယာပေါ်တင်ခြင်းများ ပြုလုပ်ခဲ့ရင်တော့ သင်ဟာ ဒူဘိုင်းကထွက်ခွာရပါလိမ့်မယ်။
၄။ လမ်းပေါ် ဆန္ဒထုတ်ဖေါ်ခြင်း
ဆန္ဒ ပြတာဟာ အစိုးရနဲ့ တော်ဝင်မိသားစုကို ဒေါသထွက်စေပါတယ်။လူစုလူဝေးနဲ့ ဆန္ဒပြတယ်ဆိုရင် နိုင်ငံသားက အဖမ်းခံရမှာဖြစ်ပြီး နိုင်ငံခြားသားကတော့ နှင်ထုတ်ခံရမဲ့အပြင် နောက်ထပ်လာခွင့်ကို တားမြစ်လိုက်မှာဖြစ်ပါတယ်။
၅။ အစိုးရ ဆန့်ကျင်ကြောင်းစာများ၊ ပို့စ်များရေးသားခြင်း
ဒူဘိုင်းအစိုးရနဲ့ တော်ဝင်မိသားစုအကြောင်းတွေကို လူမှုကွန်ယက်မှာ ဝေဖန်ရေးသားခြင်းကိုလည်း တားမြစ်ပါတယ်။။ ကျူးလွန်ခဲ့ရင် ထောင်ဒဏ်ပါ။
၆။ ဓါတ်ပုံရိုက်ကူးခြင်း
သင်ဟာ ဒူဘိုင်းသားတွေကို ဓါတ်ပုံရိုက်ခွင့် မရှိပါဘူး။အထူးသဖြင့်အမျိုးသမီးတွေကို ဖြစ်ပါတယ်။ ရိုက်မယ်ဆိုရင်လဲ ကြိုတင်သဘောတူညီချက် ရှိမှပါ။မဟုတ်ရင်တော့ အဖမ်းခံရပြီး ဒါဏ်ရိုက်ပါလိမ့်မယ်။
၇။ ကျိန်တွယ်ပြောဆိုခြင်း
လူကြားထဲမှာ ကျိန်တွယ်ပြောဆိုတာမျိုးဟာ လူ့ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ ယူဆပြီး ထောင်ဒါဏ်၊ငွေဒါဏ် နှစ်မျိုးလုံး ချမှတ်ခံရပါလိမ့်မယ်။ ဆိုရှယ် မီဒီယာပေါ်မှာလဲ ကျိန်တွယ်ခြင်းကို ခွင့်မပြုပါဘူး။
၈။ အဝတ်အစား
မသင့်လျော်တဲ့ အဝတ်အဆင်များကိုဝတ်ဆင်ခြင်းလည်း ခွင့်မပြုပါဘူး။ တချို့ခရီးသည်တွေဆို အသားကပ် ဂျင်းဘောင်းဘီ ဝတ်မိလို့ အဖမ်းခံရတာ ရှိဖူးပါတယ်။ ပြည်နှင်ဒါဏ်အထိ ချမှတ်နိုင်ပါတယ်။ မလွယ်ပါလားနော်။
၉။ ဟိုတယ် အခန်း
လက်မထပ်ရသေးဘဲ ပြည်တွင်းဟိုတယ်တွေမှာ အခန်းကိုသုံးခွင့် မပြုပါဘူး။ အပြည်ပြည်ဆိုင်ရာ ဟိုတယ်ကသာ လက်ထပ်မှုအကြောင်း မစုံစမ်းတာဖြစ်ပါတယ်။ RS ရှိရင် အင်တာနေရှင်နယ်ပဲ တည်းပေါ့နော်။
၁၀။မုဒိန်းမှု
မုဒိန်းမှုကျူးလွန်သူကတော့ အဖမ်းခံ ထောင်ကျမှာပါ။ ထူးတာက ဒူဘိုင်းရဲတွေဟာ ကျူးလွန်ခံရသူကိုလည်း ဖမ်းခွင့်ရှိပါတယ်။ တကြိမ်မက လက်ထပ်ထားသူ ဟုတ်မဟုတ် စိစစ်ဖို့ပါတဲ့။
၁၁။ ရထား
ရထားပေါ်မှာ အစားအသောက်စားမိရင် ဒါဏ်ရိုက်ခံရပါမယ်။
၁၂။ ရာမဒန်ကာလ
ရာမဒန်ဟာ ဥပုဒ်လဖြစ်လို့ အစားအသောက်ဆိုင်တွေ ပိတ်ထားလေ့ရှိပါတယ်။ လူမြင်ကွင်းမှာ အစားအသောက် စားတာမျိုး၊ ဆူညံအော်ဟစ်တာမျိုးလုပ်မိရင် ထောင်ဒဏ် တစ်လပါ။
၁၃။ အပြာ
ညစ်ညမ်းစာပေတွေ၊ဝက်ဆိုဒ်တွေ ကြည့်ရှုတာ ရေးသားဖြန့်ဝေတာ တွေကို လုံးဝ လုံးဝ ခွင့်မပြုပါဘူး။ထောငဒါဏ်ပါ။
၁၄။ မူးယစ်ဆေးဝါး
မူးယစ်ဆေး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းအတွက် ကသေဒါဏ်ပါ။တချို့သောမူးယစ်ဆေးတွေဟာ ဥရောပမှာ ခွင့်ပြုပေမဲ့ ဒူဘိုင်းမှာတော့ မရပါဘူး။ အကြောင်းပြချက်ကောင်းရင်တောင် ပြည်နှင်ဒဏ်ကအနဲဆုံးပါပဲတဲ့။
၁၅။ flipping bird
လက်ဟန်ခြေဟန်နဲ့ ရက်စက်တဲ့အမူအရာပြသခြင်းကိုလည်း တားမြစ်ပါတယ်။ လူကြားထဲ လက်လှုပ်ခြေလှုပ်နဲ့ အချက်မပြမိစေနဲ့ပေါ့။ခရီးသည်တစ်ယောက်ဆိုရင် ပါတ့်စ်ပို့ အသိမ်းခံရပြီး ထောင်ကြသွားဖူးပါတယ်။
၁၆။ ဒာရက်
ဒာရက်က ဝယ်လို့တော့ရပါတယ်။စတိုးဆိုင်တွေ၊ ဘားတွေမှာပေါ့။ ဒါပေမဲ့လူကြားထဲတို့၊ ကမ်းခြေတို့မှာတော့ မသောက်မိပါစေနဲ့ ။ ချက်ခြင်း အချုပ်ထဲရောက်သွားပါလိမ့်မယ်။
ကဲ ဒူဘိုင်းသွားကြမလားဗျို့။
Knight News Team