ရုရှားနဲ့တရုတ်တို့ကို အနိုင်ယူမယ့် အမေရိကန်ရဲ့ နောက်ဆုံးပေါ် လက်နက်

ရုရှားနဲ့တရုတ်တို့ကို အနိုင်ယူမယ့် အမေရိကန်ရဲ့ နောက်ဆုံးပေါ် လက်နက်

အမေရိကန်ဟာ လက်နက်ပြိုင်ဆိုင်မှုမှာ ရှရှားနဲ့တရုတ်ကို အနိုင်ယူဖို့အတွက် နောက်ဆုံးပေါ်လက်နက်ဖြစ်တဲ့ မိုးပျံလေပူဖောင်းများကို တီထွင်ဖန်တီးနေပါတယ်။

အဲဒီ မိုးပျံလေပူ‌‌ဖောင်းများမှာ ပင်တံခွန်ရဲ့ အဆင့်မြင့် စောင့်ကြည့်ရေး ကွန်ယက်များကို ထည့်သွင်းထားမှာဖြစ်ပြီး အမြင့်ပေ ၆၀,၀၀၀ က‌နေ ၉၀,၀၀၀ ကြားမှာ လွတ်တင်ထားမှာ ဖြစ်ပါတယ်။အဲဒီကနေ အသံထက်မြန်တဲ့ လက်နက်တွေကို ခြေရာခံမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဒီမိုးပျံပူဖောင်းစီမံကိန်းကို မစ်ရှင်များစွာအတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားပါတယ်။ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၈ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

မိုးပျံပူဖောင်းတွေကို နိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေကို ထောက်လှမ်းရှာဖွေတဲ့ စီမံကိန်းတစ်ခုမှာ အသုံးပြုထားပြီး ဖြစ်ပါတယ်။

ယခုအခါမှာတော့ အမေရိကန်စစ်တပ်ဟာ မီးပျံပူဖောင်းတွေကို စစ်ဖက်ကာကွယ်ရေးမှာ အသုံးပြုမှာဖြစ်ပြီး အဓိက ကတော့ တရုတ်နဲ့ ရှရှားတို့ တီထွင်နေသည့် အသံထက်မြန်တဲ့ လက်နက်များကို ခြေရာခံပြီး ဟန့်တားနိုက်ဖို့ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်ဟာ အမြင့်ပေမြင့်မားတဲ့ မိုးပျံလေပူဖောင်းတွေနဲ့ စီးပွားရေးဂြိုဟ်တုများကို“သတ်ကွင်းဆက်” ဟု ဖော်ပြထားတဲ့ တိုက်ခိုက်မှုများမှာ အသုံးပြုဖို့ အာရုံစိုက်ထားပါတယ်။

အထူးပြုလုပ်ထားတဲ့ မိုးပျံလေပူဖောင်း‌တွေကို Raven Aerostar,Raven Industries ကုမ္ပဏီရဲ့ ဌာနခွဲမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မိုးပျံလေပူဖောင်းများမှာ ပျံသန်းမှုထိန်းချုပ်ရေး ယူနစ်တစ်ခု တပ်ဆင်ထားပြီး ၎င်းတို့အား ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်စေဖို့ ကြာရှည်ခံစေမည့် နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီများဖြင့် ပါဝါပေးထားပါတယ်။

တစ်ချိန်တည်းမှာ မိုးပျံလေပူဖောင်းများပေါ်မှာ တင်ဆောင်ထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်းများက ပျံသန်းမှု ဘေးကင်းရေး၊ လမ်းပြမှုနှင့် ဆက်သွယ်ရေးအတွက် လုပ်ဆောင်ပါတယ်။

မိုးပျံပူဖောင်းများဟာ လေတိုက်ရာလမ်းကြောင်းများကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဝင်လာတဲ့အာရုံခံကိရိယာဒေတာကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ပေးသည့် သီးသန့်စက်-သင်ယူမှု အယ်လဂိုရီသမ်ဖြင့်လည်း ဖြည့်စွက်ထားပါတယ်။

မိုးပျံလေပူဖောင်းများဟာ အသုံးပြုရလွယ်ကူပြီး ထုတ်လုပ်ဖို့ ကုန်ကျစရိတ်လည်း လေယာဉ်တွေ၊ဂြိုဟ်တုတွေနှင့် နှိုင်းယှဉ်ပါက များစွာ သက်သာပါတယ်။

အမေရိကန်ရဲ့ ဒီမိုးပျံလေပူဖောင်း နည်းပညာဟာ အသစ်အဆန်းတော့မဟုတ်ပါဘူး။နာဆာ၊ပုဂ္ဂလိက ကုမ္ပဏီများနဲ့အမေရိကန်စစ်တပ်တို့ဟာ ၎င်းတို့ရဲ့ အသုံးပြုမှုကို ယခင်ကတည်းက စမ်းသပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အခြားလေယာဉ် ကုန်ကျစရိတ်ထက် အားသာချက်များစွာရှိလို့ ဖြစ်ပါတယ်။

Knight News Team

U.S. military’s newest weapon against China and Russia:hot air balloons

Leave a Reply

Your email address will not be published.