စပိန်ပြည်မှာ ရှော့ရစရာ

စပိန်ပြည်မှာ ရှော့ရစရာ

စပိန်ဆိုတာနဲ့ ရီးယဲလ်တို့၊ ဘာကာတို့နဲ့တွဲပြီး သိကြမှာပါ။ လှပျိုဖြူတွေပေါတဲ့ ဒီနိုင်ငံရဲ့ ထူးခြားတာလေးတွေကို ဒီတခေါက် ဖေါက်သည်ချလိုက်ပါတယ်။

၁။ စပိန်ဟာ အမြဲတမ်း ဆူညံနေတဲ့ နေရာပါ။ အသံကို ပြောတာပါ။ Fiesta လို့ခေါ်တဲ့ ဘာသာရေးပွဲတော်အတွက် လမ်းဘေးမှာ ဆူဆူညံညံ တီးမှုတ်နေကြတာ အဆန်းမဟုတ်ပါဘူး။

၂။ ရာသီဥတုကိုလိုက်ပြီး ဝတ်စားဆင်ယင်တာမျိုးလည်း မရှိပါဘူး။ အေးစက်တဲ့ ညနေခင်းမှာ နွေရာသီ ဖက်ရှင် ဝတ်ချင် ဝတ်တတ်တာမျိုးပါ။ နေသာနေပေမဲ့ ကုတ်ထူထူနဲ့ ရှိုးပြသူလဲရှိပါတယ်။

၃။ ခါးပိုက်နှိုက်တာတော့ သတိကြီးကြီး ထားရပါလိမ့်မယ်။ အထူးသဖြင့် ဧည့်သည်များတဲ့ ရာသီဆိုရင် သင့်မျက်စိကို လျင်လျင်ထားပြီး အိပ်ကပ်ကို လုံခြုံပါစေ။

၄။ မိတ်ဆက်ပေးပြီးရင် သင်တို့ဟာ သူစိမ်းတွေ မဟုတ်ဘဲ သူငယ်ချင်းဖြစ်သွားပါပြီ။ သင့်ပါးကို နမ်းပြီး နှုတ်ဆက်ခံရပါလိမ့်မယ်။

သင်က ယောက်ျားလေးဖြစ်နေပါစေ မိန်းကလေးကို နမ်းပြီး နှုတ်ဆက်နိုင်ပါတယ်။ သူမကလဲ ရှက်ရွံ့မနေဘဲ သင့်ကို ပြန်နမ်းပြီး နှုတ်ဆက်မှာပါ။

၅။ လူငယ်တွေဟာ မိဘနဲ့ အသက် ၃၀ လောက်အထိ အတူနေကြပါတယ်။ သူတို့ဟာ မိဘနဲ့ခွဲခွာဖို့ သတ္တိ မရှိပါဘူးတဲ့ ။ ဒါတစ်ခုတော့ မြန်မာနဲ့ ခပ်ဆင်ဆင်ပါပဲ။ အိမ်သစ်ရှာဖို့ရယ်၊ ကောလိပ် တက်ဖို့ရယ်က သူတို့အတွက် အဓိကမဟုတ်ဘူးဆိုဘဲ။

၆။ သူတို့ဟာ လူကြားထဲဖြစ်ပါစေ လွပ်လပ်စွာ ပြောဆိုတတ်ကြပါတယ်။အတွဲတွေ လူမြင်ကွင်းမှာ နမ်းရှုံ့နေတာ အဆန်း မဟုတ်ပါဘူး။

၇။ ဘားတွေဟာ ညပိုင်းနောက်ကျမှဖွင့်ပေမဲ့ မနက်အထိ မပိတ်ပါဘူး။ မနက်စာ စားချိန်ထိ ဖွင့်ထားပါတယ်။

ဒါကလဲ အပူပိုင်းရာသီချိန်ဆိုရင် နေ့ခင်း တရေးအိပ်ဖို့ အထောက်အကူဖြစ်လို့ပါတဲ့။ မနက်ပိုင်း မော့ခြင်တဲ့ ကွီးတို့ အကြိုက်ပါ။

၈။ ကျား၊မအတူတူ နေတယ်ဆိုတာ တစိမ်းတွေဖြစ်ပါစေ ရိုးရိုးကိစ္စပဲ ဖြစ်ပါတယ်တဲ့။ ဆိုလိုတာကို နားလည်မယ်ထင်ပါတယ်။

၉။ ပွဲတော်တွေဆိုရင် မီးရှူးမီးပန်း
ဖေါက်တာကို ကြုံရပါလိမ့်မယ်။ ဗျောက်အိုးတွေ၊ မီးပန်းတွေကိုင်ပြီး လမ်းပေါ် လျောက်ပြေးတာ မီးပုံဖိုပြီးအော်ဟစ်ပျော်ရွှင်နေကြတာ သူတို့အတွက် မဆန်းပါဘူးတဲ့။

၁၀။ တန်းစီဖို့လိုရင်လဲ ပေါ့ပေါ့ပါးပါးပဲ စီလိုက်ပါ။ သင့်ရှေ့ကလူနဲ့ နောက်ကလူမှတ်မိရင် ရပါပြီ။

၁၁။ ဘားတွေမှာ ကလေးတွေကိုတွေ့လို့ မအံ့ဩပါနဲ့။ မိဘတွေဟာ ကလေးတွေကို ဘားကို ခေါ်လာလေ့ ရှိပါတယ်။

၁၂။ စပိန်တွေဟာ အချိန်တိကျမှုကို ဂရုမစိုက်ကြပါ။ သင်မိနစ် ၂၀ လောက် နောက်ကျလည်း ပြဿနာမရှိပါဘူး။

၁၃။ စပိန်မှာ ကြီးမားတဲ့ ကုန်တိုက်တွေမရှိပါဘူး။စတိုးဆိုင်ငယ်တွေ အများအပြားမှာ လိုချင်တာ ရွေးချယ် ဝယ်ယူကြပါတယ်။

၁၄။ tip money ပေးစရာမလိုသလို စားသောက်ဆိုင်မှာ အခွန်ပေးစရာလည်း မလိုပါဘူးတဲ့။

၁၅။ ညစာကတော့ တော်တော်နောက်ကျမှ စားကြပါတယ်။ တခါတလေ ည ၁၁ နာရီ၊ ၁၂ နာရီမှ ညစာစားကြတာပါ။

၁၆။ မိန်းကလေးတွေ အပေါ်ပိုင်းဗလာနီးပါး ဝတ်စားတာ သမားရိုကျ ဓလေ့ပါ။ ကမ်းခြေမှာဆို ပိုများပါတယ်။

nudistလို့ခေါ်တဲ့ အဝတ်မပါ အပန်းဖြေစရာနေရာတွေလဲ ခေတ်စားလို့ သွားဖြစ်အောင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *