ပစိဖိတ်သမုဒ္ဒရာတွင်းက ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာချောက်တွင်းကြီး

ပစိဖိတ်သမုဒ္ဒရာတွင်းက ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာချောက်တွင်းကြီး

Mariana Trench လို့ခေါ်တဲ့ ပစိဖိတ် သမုဒ္ဒရာတွင်းက ချောက်ကြီးဟာ ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာတွင်းရှိ ချောက်တွင်းကြီးဖြစ်ပြီး ကမ္ဘာမြေပြင်ရဲ့ အောက်ဘက်အကျဆုံး နေရာ ၂ ခုစီကို ဆွဲခေါ်သွားနိုင်ပါတယ်။

အကြောင်းရင်းကတော့ Mariana Trench ဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ မျက်နှာပြင်အောက် ၇ မိုင်ကျော်ထိ ရောက်ရှိနေလို့ပါ။

လခြမ်း ပုံသဏ္ဍာန်ရှိ ဒီချောက်တွင်းကြီးဟာ ဂူအမ်အနီး မာရီယာနာ ကျွန်းစုရဲ့ အရှေ့ဘက်၊ အနောက်ပစိဖိတ် ဒေသတွင် တည်ရှိပါတယ်။

ဒီတွင်းကြီး အနီးတစ်ဝိုက်ရှိ ဒေသတွေမှာ ဆာလဖာနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အရည်များ ပွက်ပွက်ထနေတဲ့ ထွက်ပေါက်များ၊ ပင်လယ်ရေမျက်နှာပြင်ရဲ့ ဖိအား အဆ ၁၀၀၀ နှင့်ညီမျှတဲ့ ရွှံ့မီးတောင်များနဲ့ ပင်လယ်ရေနေသက်ရှိများ အပါအဝင် ထူးခြားတဲ့ ပတ်ဝန်းကျင်များစွာကို ပိုင်ဆိုင်ထားပါတယ်။

Marianas Trench ဟာ ကမ္ဘာ့သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာဖြစ်နေပြီး ပထမချောက်ဖြစ်တဲ့ Challenger Deep ကို သူ့ရဲ့အနက် မျက်နှာပြင်မှ တိုင်းတာရန် ခက်ခဲပါတယ်။

သို့သော် ၂၀၁၀ ခုနှစ်တွင် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲရေးမှ သမုဒ္ဒရာကိုဖြတ်၍ ဖိအားအာရုံခံ ကိရိယာများအသုံးပြု၍ တိုင်းတာခဲ့ရာမှာ အနက်ရှိုင်းဆုံး အနက်မှာ ၃၅,၈၇၆ ပေ (၁၀,၉၃၅ မီတာ) ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွင်းက ဒုတိယအနက်ဆုံးနေရာဟာလည်း Mariana Trench ပဲဖြစ်ပြီး Challenger Deep ၏အရှေ့ဘက် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ) အကွာတွင်ရှိသော Sirena Deep ဟာဘည်း ၃၅,၄၆၂ ပေ (၁၀,၇၀၉ မီတာ) နက်ရှိုင်းပါတယ်။

နှိုင်းယှဉ်ကြည့်လျှင် ဧဝရတ်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉,၀၂၆ ပေ(၈,၈၄၈ မီတာ)တွင် တည်ရှိပြီး မာရီယာနာတွင်းကြီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းယာ ဧဝရတ်တောင်ထက် ၇,၀၄၄ ပေ (၂,၁၄၇ မီတာ) ပိုနက်ရှိုင်းနေတာပါ။

Mariana Trench ဟာ ၁,၅၈၀ မိုင် (၂,၅၄၂ ကီလိုမီတာ) ရှည်လျားပြီး Grand Canyon ရဲ့ အရှည်ထက် ငါးဆကျော်ရှိပေမဲ့ ကျဉ်းမြောင်းတဲ့ တွင်းပေါက်တစ်ခုသာ ဖြစ်ပါတယ်။ ဒီကတုတ်ကျင်းဟာ ပျမ်းမျှအားဖြင့် ၄၃ မိုင် (၆၉ ကီလိုမီတာ)ကျယ်ဝန်းပါတယ်။

မာရီယာနာ ချောက်တွင်းကြီးဟာ မြေအောက်လွှာများလို့ သိကြသော သမုဒ္ဒရာ အပေါ်ယံလွှာ နှစ်ခု တိုက်မိတဲ့ လျှပ်စီးကြောင်းဇုံတွင် ဖြစ်ပေါ်လာသော ဖြစ်စဉ်ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

Subduction zone တွင် သမုဒ္ဒရာ အပေါ်ယံလွှာ အပိုင်းတစ်ပိုင်းကို တွန်းထုတ်ပြီး နောက်တစ်ခုကို အောက်သို့ ဆွဲချကာ ကမ္ဘာမြေကြီးရဲ့အပေါ်ယံလွှာ၊ အပေါ်ယံလွှာအောက်ရှိ အလွှာအတွင်းသို့ နစ်မြုပ်သွားပါတယ်။

အပေါ်ယံမြေလွှာနှစ်ပိုင်း ဖြတ်သွားသောနေရာတွင် နစ်မြုပ်နေသောအပေါ်ယံလွှာရဲ့ ကွေးညွှတ်မှုအပေါ်တွင် နက်နဲလှတဲ့ ချောက်တွင်းတစ်ခု ဖြစ်လာပါတယ်။

ဒီအခြေအနေတွင်မှာ ပစိဖိတ်သမုဒ္ဒရာရဲ့ အပေါ်ယံလွှာသည် ဖိလစ်ပိုင်ရဲ့ အပေါ်ယံလွှာအောက်မှာ ကွေးလို့နေပါတယ်။

ပစိဖိတ် မြေလွှာဟာလည်း နှစ်သန်းပေါင်း ၁၈၀ ခန့် သက်တမ်းရှိပြီး ကတုတ်ကျင်းထဲသို့ ထိုးဆင်းသွားပါတော့တယ်။

ချောက်တွင်းဟာ နက်လာတာနဲ့အမျှ ကမ္ဘာမြေအလယ်ရဲ့ အဝေးဆုံးကို ရောက်ရှိသွားပါတယ်။ ကမ္ဘာဂြိုဟ်ဟာ အီကွေတာမှာ ပေါက်နေတာကြောင့် ဝင်ရိုးစွန်းများရှိ အချင်းဝက်ဟာ အီကွေတာရှိ အချင်းဝက်ထက် ၁၆ မိုင်(၂၅ ကီလိုမီတာ)ခန့် လျော့နည်းတာပါ။

ထို့ကြောင့် အာတိတ်သမုဒ္ဒရာ၏ ပင်လယ်ကြမ်းပြင်ရဲ့ အစိတ်အပိုင်းများဟာ Challenger Deep ထက် ကမ္ဘာ့အလယ်ဗဟိုနှင့် ပိုနီးကပ်သလို ချောက်တွင်း ကြမ်းပြင်ပေါ်ရှိ ရေဖိအားဟာလည်း တစ်စတုရန်းလက်မလျှင် ၈ တန်ကျော်(တစ်စတုရန်းမီတာလျှင် ၇၀၃ ကီလိုဂရမ်)ရှိတာကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ ခံစားရတဲ့ ဖိအားထက် အဆပေါင်း ၁၀၀၀ ထက်ပိုပါတယ်။

လူတွေကလည်း Mariana Trench ကို ရာစုနှစ် တစ်ခုကျော် စူးစမ်းလေ့လာခဲ့ကြပါတယ်။ ၁၈၇၅ ခုနှစ်မှာ အသံထွက်ကိရိယာကို အသုံးပြု၍ HMS Challenger မှ ဒီတွင်းကြီးကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး လူတွေအနေနဲ့တော့ ပုံမှန်မဟုတ်တဲ့ ရေဖိအားကြောင့် အနက်ရှိုင်းဆုံး အောက်ခြေသို့ သွားရောက်ရန် လွယ်ကူမည် မဟုတ်ပေ။

၁၉၅၁ ခုနှစ်တွင် HMS Challenger II မှ ချောက်တွင်းရဲ့ အနက်ရှိုင်းဆုံးအပိုင်းဖြစ်တဲ့ Challenger Deep ကို သင်္ဘောနှစ်စင်းရဲ့ အမည်ဖြင့် အမည်ပေးခဲ့ပြီး Challenger Deep ရဲ့ အောက်ခြေသို့ ရောက်ရှိခဲ့တဲ့ ပထမဆုံးသော သင်္ဘောဟာ Trieste ဟုခေါ်တဲ့ ရေနက်သင်္ဘောဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်။

US Navy Lt.Don Walshနှင့် Swiss သိပ္ပံပညာရှင် Jacques Piccard တို့က ဒီရေငုပ်သင်္ဘောဖြင့် လိုက်ပါလာခဲ့ပြီး အဆိုပါ ရေငုပ်သင်္ဘောဟာ ၃၅,၇၉၇ ပေ အနက်သို့ ရောက်ရှိခဲ့ပါတယ်။ (၁၀,၉၁၁ မီတာ)

ဒီချောက်တွင်းကြီးကိုတော့ US Fish and Wildlife Service က Mariana Trench Marine National Monument အဖြစ် စီမံခန့်ခွဲနေပြီး သူတို့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာလည်း ထိန်းသိမ်းမှုနှင့် ရှာဖွေတွေ့ရှိမှုဆိုင်ရာ နောက်ဆုံးသတင်းများ ပါရှိပါတယ်။

နောက်ဆုံးမှာတော့ NASA ကနေ ရိုက်ကူးခဲ့တဲ့ ချောက်တွင်းရဲ့ မြေပုံများဟာ Mariana Trench ရဲ့ ကျက်သရေရှိတဲ့ လခြမ်းပုံစံကို တရှိန်ထိုး ပြသထားနိုင်ခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.