ရေခဲထဲမှာ အသက်ရှင်နိုင်ကြသူများ
ရေခဲဆိုတာနဲ့ အေးစက်ခြင်းကို ခံစားမိပါလိမ့်မယ်။ ရေခဲတွေဟာ သင့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားမယ်ဆိုရင် သင်ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမဲ့ အခုတင်ပြမယ့် အကောင်များကတော့ ရေခဲထဲမှာ နစ်မြုပ်နေပေမဲ့ မသေနိုင်တဲ့ ဖိုးသက်ပြင်းတွေပါဘဲ။ ကဲ Let see together ပေါ့။
၁။ မိကျောင်း
မိကျောင်းတွေဟာ တခါတရံ ရေခဲနေတဲ့ကန်တွေထဲမှာ ညပ်နေတတ်ပါတယ်။
ခန္ဒာကိုယ်က ရေခဲထဲမြုပ်နေပေမဲ့ သူတို့ရဲ့နှာခေါင်းပေါက်ကိုတော့ ရေခဲပြင် အပေါ်ဖက်မှာ ထားလေ့ရှိပါတယ်။ ကိုယ်ထည်က မလှုပ်ရှားတော့ပေမဲ့ အသက်ကတော့ ရှူနေပါတယ်။
ဇီဝဖြစ်စဉ်တွေ နှေးကွေးသွားလို့ အစာရှာဖို့ မလိုတော့ပါဘူး။ ရေခဲတွေ အရည်ပျော်ပြီး အနွေးဓါတ်ပြန်လည် ရရှိခဲ့ရင် သူတို့ပြန်ပြီး လှုပ်ရှားလာပါတယ်။
၂။ Wood Frog
ဒီဖားတွေဟာ သူတို့ရဲ့ သွေးတွေ ခဲသွားတာကို ခံနိုင်ရည် ရှိပါတယ်။ ရေခဲနေတဲ့ မြေကြီးထဲကို တူးဆွ ဝင်ရောက်ပြီး ဆောင်းခိုကြပါတယ်။
အအေးဒါဏ်ကို ခံနိုင်ရည်ရှိဖို့ သူ့ရဲ့သွေးတွေကို သူကိုယ်တိုင် အေးခဲအောင် အအေးခံလိုက်ပါတယ်။ မျက်လုံးတွေ ဦးနှောက်တွေပါ အေးခဲ ကုန်ပါတယ်။အခြေအနေ ကောင်းသွားရင် သူတို့လဲပြန် ထွက်လာပါတယ်။
၃။ Iguana
ဒီကောင်လေးတွေကတော့ ဖွတ် အငယ်စားလေးတွေပါ။ အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက် အောက်ကို ကျဆင်းသွားပြီဆိုရင် သူတို့လဲ အေးခဲသွားပါတယ်။
တခါတလေ သစ်ပင်ပေါ်က ပြုတ်ကျပြီး မြေပေါ်မှာ ငြိမ်သက်နေကြလို့ သေနေတာနဲ့ တူနေပါတယ်။ သူတို့အတွက်ကတော့ ဒါဟာ ပြသနာ မဟုတ်ပါဘူး။ နုံးပြီး နေထိုင်မကောင်းဖြစ်သလောက်ဘဲ ရှိပါတယ်။
ဇီဝဖြစ်စဉ်ကလဲ သူတို့ဒီလိုနေနိုင်အောင် ထောက်ကူ ပေးပါတယ်။ အသက်ရှူနှုန်းဟာ နှေးသွားပြီး အစာခြေစနစ်က ရပ်ပေးထားပါတယ်။ နွေးလာရင်တော့ သူတို့ပြန်ရှင်သန်လာကြပါတယ်။
၄။ Artic ground squirrel
ဒီရှဉ့်လေးတွေဟာ ရေခဲတုံးထဲ ပိတ်မိနေတာတောင် ပြန်အသက်ရှင်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါပဲဖြစ်ပါတယ်။
တခြားနို့တိုက်သတ္တဝါတွေဟာ ဆောင်းခိုလေ့ရှိကြပေမဲ့ ဒီရှဉ့်လေးတွေကတော့ မဟုတ်ပါဘူး။ သူတို့ဟာ အအေးဓါတ်နဲ့အတူ သူတို့ပါလိုက်ပြီးအေးခဲလိုက်ကြပါတယ်။
ခန္ဓာကိုယ်အပူချိန်ကို ၂၆ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းစေပါတယ်။ သူတို့ရဲ့ ဦးဏှောက်က အာရုံကြောနဲ့ ဆက်သွယ်ထားပြီး အေးတဲ့အချိန်မှာ အဆက်ဖြတ်လိုက်ပါတယ်။
ဦးဏှောက်က ဆောင်းခိုနေတယ်လို့မှတ်သားပြီး ငြိမ်သက်သွားပါတယ်။ ပြန်နွေးလာမှ ဦးဏှောက်နဲ့ အာရုံကြောကို ပြန်ဆက်သွယ်စေပါတယ်။
၅။ Artcic woolly bear moth
ဒီခူကောင်လေးတွေကလည်း မခေပါဘူး။ အာတိတ်ရဲ့နွေဟာ မကြာတာကြောင့် ဇွန်လ တစ်လလုံး အစာတွေဖိစားပြီး ဆောင်းခိုလိုက်တာ နောက်နှစ် ဇွန်လထိပေါ့။ ပြီးမှသာ လိပ်ပြာအဖြစ် ပြန်လည် ရှင်သန်လာကြပါတယ်။
၆။ နောက်ထပ် သတ္တဝါကတော့
Tardigrade လို့ အမည်ရတဲ့ ရေပိုးကောင်တစ်မျိုး ဖြစ်ပါတယ်။
သူကလဲ ခန္ဒာကိုယ်အပူချိန်ကို အနုတ် ၂၄၇ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ပါတယ်။
၇။ Painted turtle
ကျောပေါ်မှာ ရောင်စုံခြယ်ထာတဲ့ လိပ်တစ်မျိုးကလဲ အေးခဲနေတာတောင် အသက်ရှင်နေပါသေးတယ်။ သူကတော့ အပူချိန် ၂၈ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိပါတယ်။
ခုတင်ပြခဲ့တာကတော့ အအေးဒဏ်ကို အံတုအသက်ရှင်နိုင်ကြတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။
ဆက်လက်တင်ပြအုံးမှာမို့ အားပေးကြပါအုံးလို့။
Knight News Team