ပွင့်ဖတ်တွေပေါ်တောင် လူတက်အိပ်လို့ရတဲ့ ကမ္ဘာ့အကြီးမားဆုံး ပန်းပွင့်ကြီးများ
နှစ်သန်းပေါင်း များစွာကြာအောင် ပန်းများဟာ ကမ္ဘာ့ရှုခင်းတွေကို ဆေးခြယ်ခဲ့ပါတယ်။
အင်းဆက်များ၊ တိရိစ္ဆာန်များကိုလည်း သူတို့ရဲ့ ရိုးရှင်းသော ခြယ်လှယ်နိုင်သော ဆင့်ကဲပြောင်းလဲဆန်းသစ် တီထွင်မှုတွေဖြစ်တဲ့ အရောင်နှင့် ရနံ့ကို အသုံးပြုပြီး ယနေ့ချိန်ထိ ဆွဲဆောင်ထားနိုင်ဆဲပါပဲ။
ယနေ့ခေတ်မှာတော့ ပန်းပွင့်အပင်များဟာ ကမ္ဘာပေါ်ရှိ သက်ရှိများထဲက ကွဲပြားမှုအရှိဆုံး သက်ရှိတွေဖြစ်ပြီး လိုက်လျော ညီထွေဖြစ်အောင်လည်း အခြားသက်ရှိတွေနဲ့ နေထိုင်နိုင်စွမ်းရှိပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အချင်းသုံးပေခွဲရှိတဲ့ “monster flower” မှ ကြီးမားတဲ့ လီလီပန်းအမျိုးအစားအထိ ကမ္ဘာပေါ်က အကြီးမားဆုံး ပန်း ၈ မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ နတ်ဆိုးပန်း (Rafflesia arnoldii)
ကြီးမားသော ပန်းကြီးများထဲတွင် Rafflesia arnoldi ဟာ အကြီးဆုံး ပွင့်ဖတ်များကို ထုတ်ပေးပါတယ်။
မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ မိုးသစ်တောများမှာ ပေါက်ရောက်လေ့ပြီး အချင်း သုံးပေ အထိ ကြီးထွားနိုင်ကာ အလေးချိန် ၁၅ ပေါင် အထိ ရှိပါတယ်။
ဒီနတ်ဆိုးပန်းလို့လည်းခေါ်တဲ့ Rafflesia ဟာ သူ့ရဲ့ အရွယ်အစားအပြင် နံလွန်းလှတဲ့ ရနံ့ကြောင့်လည်း လူသိများပါတယ်။
၂။ အလောင်းကောင်ပန်း (Amorphophallus တိုက်တေနမ်)
“အကြီးဆုံးပန်း” ခေါင်းစဉ်ကို ပေးအပ်ခြင်းမှာ ပန်းပွင့်များကို တိုင်းတာခြင်းပင်မဟုတ်၊ Amorphophallus တိုက်တေနမ်လိုမျိုး အမြင့် ၁၀ ပေ ခန့် ကြီးထွားနိုင်သော ပန်းပွင့်များလည်း ရှိကြပါတယ်။
ဒီပန်းပွင့်ကိုတော့ အပွင့်တစ်ခုတည်းမဟုတ်ဘဲ အညှာတစ်ခုတည်းတွင် ရာနှင့်ချီသော အဖူးငယ်များဖြင့် ဖွဲ့စည်းထားပြီး အင်ဒိုနီးရှား၊ ဆူမာတြားတွင် အများဆုံး တွေ့ရှိနိုင်ပါတယ်။
၃။ တာလီပေါ့ပန်း (Corypha umbraculifera)
အမြင့်ပေ ၈၀ ကျော်အထိ ကြီးထွားနိုင်သော Corypha umbraculifera “Talipot palm” ဟာလည်း အကိုင်းအခက်၊ အပွင့်များရှိတဲ့ အကြီးဆုံး ပန်းပွင့်အပင်ဖြစ်ပါတယ်။
ပင်မအညှာတွင်ရှိသော အကိုင်းအခက်ငယ်များမှ တာလီပေါ့ ဖူးပွင့်များဖြစ်လာပြီး အပင်ထိပ်တွင် အမွေးနု၊ ရွှေရောင်၊ ယပ်တောင် ပုံသဏ္ဍာန်ရှိကြတဲ့ အရွက်များကိုလည်း ပိုင်ဆိုင်ထားပါတယ်။
တာလီပေါ့ ပန်းပွင့်များဟာ အရှည် ၁၉ ပေ မှ ၂၆ ပေ အတွင်း ကြီးထွားနိုင်သလို အိန္ဒိယနှင့် သီရိလင်္ကာတို့မှာ အများဆုံး တွေ့ရှိရသလို အရှေ့တောင်အာရှ၊ တရုတ်နှင့် အန်ဒမန်ကျွန်းများတွင်လည်း စိုက်ပျိုးကြပါတယ်။
၄။ လှုပ်ခတ် အက်စ်ပန် (ပန်ဒိုပန်း)
အက်စ်ပန်တွေဟာ နည်းပညာအရတော့ အရွက်ကြွေသော အပင်များဖြစ်ပေမဲ့ ပန်းပွင့်ပါတယ်။ သူတို့ရဲ့ အပွင့်တွေက သေးငယ်ပေမယ့် အပင်ကိုယ်တိုင်က ကြီးမားလှပါတယ်။
ပန်ဒိုတွေဟာ ကမ္ဘာပေါ်မှာ အပင်ပေါင်း ၄၇၀၀၀ ကျော်ရှိပြီး ပင်စည်များရဲ့ အလေးချိန်ဟာ ပေါင် ၁၃ သန်းခန့် ရှိနိုင်ပြီး နှစ်ပေါင်း ၈၀၀၀၀ ကျော် သက်တမ်းရှိမည်ဟု ယူဆရတဲ့ အမြစ်စနစ်တစ်ခုမှ အညှောက်ပေါက်ခဲ့တာပါ။
၅။ နက်ပကျွန်းမြက် (Posidonia oceanica)
မြေထဲပင်လယ်နှင့် ဩစတေးလျကမ်းလွန်တွင် ပေါက်ပွားသော ပန်းပွင့်မြက်ပင်မျိုးဟာ အသီးကိုပင် ထုတ်ပေးပြီး အစေ့ဖြင့် မျိုးပွားကြပါတယ်။
၂၀၀၆ ခုနှစ်က မြေထဲပင်လယ်မှာ ရှာဖွေတွေ့ရှိခဲ့ရတဲ့ နက်ပကျွန်းတွေဟာ မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး နှစ်ပေါင်း ရာနှင့်ချီ သက်တမ်းရှိမည်ဟု ဆိုကြပြီး ဒီအဏ္ဏဝါပန်းပွင့်တွေဟာ မြေထဲပင်လယ်မှာ စတုရန်းမိုင် ၁၅၀၀၀ ခန့် နေရာယူထားကြပါတယ်။
၆။ နေကြာ (Helianthus annuus)
အမေရိကမှာတော့ နေကြာပန်းများဟာ လူသိအများဆုံး ပန်းဘီလူးများထဲမှ တစ်ခုဖြစ်ပြီး ပြည်နယ်တစ်ဝှမ်းလုံးမှာလည်း သူတို့ရဲ့ ကြီးမားသောပန်းပွင့်များကို တွေ့မြင်ရမှာပါ။
ဤပန်းများဟာ အမေရိကတိုက် ဇာတိဖြစ်ပြီး ဘီစီ 1,000 ဝန်းကျင်ကတည်းက အိမ်မွေးပန်းအဖြစ် အခန်း၊နေရောင်နှင့် ရေအလုံအလောက် ပေးပြီး စိုက်ပျိုးပါကအမြင့်ပေ ၃၀ အထိ ကြီးထွားနိုင်ပြီး အချင်း တစ်ပေကျော် ရှိပါတယ်။
ပုံမှန်အားဖြင့် ပန်းပွင့် ၁၃ ပွင့် မှ ၃၀ နဲ့ ရာနှင့်ချီ (တစ်ခါတစ်ရံ ထောင်နှင့်ချီသော) disc ပန်းများပါရှိပါတယ်။
၇။ အင်ဒီးစ်ဘုရင်မ (Puya Raimondii)
အပူပိုင်းနှင့် အပူပိုင်းဒေသ အမေရိကတိုက်မှ ပေါက်ဖွားလာတဲ့ ထောင်ပေါင်းများစွာသော ပန်းပင်ကြီးများဟာ နှင်းဖုံးနေသော တောင်များကြားတွင် ပေ ၃၀ အထိ မြင့်တဲ့ ပန်းပင်များကို မားမားမတ်မတ် တွေ့မြင်ရတာကြောင့် Andes ဘုရင်မဟု ခေါ်တွင်ခဲ့ခြင်းပါ။
ဒီပန်းမျိုးကို အစေ့ ၁၂ သန်း အထိ စိုက်ပျိုးနိုင်ပြီး ပန်းပေါင်း ထောင်ချီ ဖူးပွင့်နိုင်ပါတယ်။ ပီရူး၊ ဘိုလီးဗီးယား ကုန်းမြင့်များ၊ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၁၃၀၀၀ ထက်မှာ ပေါက်ရောက်ကြပါတယ်။
၈။ အမေဇွန် ရေလီလီပန်း (Victoria Amazonica)
Victoria amazonica ဟာ ရေလီလီမျိုးနွယ်ဝင် Nymphaeaceae တွင် အကြီးဆုံးသော သက်ရှိဖြစ်ပြီး အချင်း ရှစ်ပေ အထိ ကြီးထွားတဲ့ ပွင့်ဖတ်ကြီးရှိပါတယ်။
တောင်အမေရိကတိုက်ရဲ့ အပူပိုင်းဒေသများမှာ အတွေ့ရဆုံးဖြစ်ပြီး ဒီကြီးမားလှတဲ့ ရေလီလီများဟာ အပူချိန် ၇၀ ဒီဂရီ ထက်ပိုတဲ့ ရေနွေးငြိမ်ကန်မှာ ပေါက်ပွားကြပါတယ်။
သူတို့ရဲ့ မကြုံစဖူး အရွယ်အစားနှင့်အတူ အထင်ကြီးလောက်စရာ ခိုင်ခံ့မှုလည်း ရှိပြီး အကြီးဆုံး ပွင့်ဖတ်များဟာ ကလေးငယ်တစ်ဦး တက်ပြီးအိပ်လို့ရတဲ့အထိ ခိုင်ခံ့ပါတယ်။
ပရိတ်သတ်များလည်း ကမ္ဘာ့အကြီးမားဆုံး ပန်းပွင့်ကြီးတွေ အကြောင်းဖတ်ရှု့ပြီး ကျေနပ်ကြမယ်ထင်ပါတယ်။ထူးခြားတာလေးတွေ ဆက်လက်ရှာဖွေတင်ပြနေမို့ အားပေးကြပါအုံးလို့။
Knight News Team