ပညာရှင်များ အဖြေမထုတ်နိုင်သေးတဲ့ ရှေးဟောင်းပစ္စည်း ၇ မျိုး

ပညာရှင်များ အဖြေမထုတ်နိုင်သေးတဲ့ ရှေးဟောင်းပစ္စည်း ၇ မျိုး

ယနေ့ခေတ်ဟာနည်းပညာခေတ်ဖြစ်တာနဲ့အညီ သိပ္ပံပညာရပ်ဆိုင်ရာ ဖန်တီးတီထွင်မှု များစွာပေါ်ထွန်းလာပြီး လူသားတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍတွေအဖြစ်တည်ရှိ နေပြီလည်းဖြစ်ပါတယ်။

ဒီလိုနည်းပညာရပ်ဆိုင်ရာတီထွင်မှုတွေဟာ မျက်မှောက် ခေတ် မှာသာမဟုတ်ပဲ ကျန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ရှိနေခဲ့တာဆို ယုံကြည်ဖို့ခက်ခဲပါတယ်။

ဒါပေမယ့် မျက်မှောက်ခေတ် သုတေသနနဲ့ သမိုင်းပညာရှင်တွေ ရဲ့တွေ့ရှိချက်အရ တော့ ရှေးခေတ်လူတွေဟာ စက်ကိရိယာတွေကို အမှန်တစ်ကယ်တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာပစ္စည်း ယန္ဒယားတွေကို တီထွင်တဲ့ အတတ်ပညာကို အမှန် တကယ် တတ်မြောက်ခဲ့ကြတဲ့အကြောင်းကို တူးဖော်တွေ့ရှိခဲ့တဲ့ ဒီရှေးဟောင်း စက်ကိရိယာပစ္စည်း(၇)မျိုးကသက်သေခံနေတာပါ။

(၇) Dropa Stones

ဒီအပြားပုံသဏ္ဍာန်ရှိတဲ့ Dropa Stones တွေကိုတော့ ဟိမဝန္တာတောင်တန်းတွေမှာ တူး ဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ကျောက်တုံးတစ်ခုစီဟာ (၃၀) စင်တီမီတာ အရွယ်အစားရှိပြီး အတွင်းပိုင်းမှာအဝိုင်းရစ်ရစ်နေတဲ့မြောင်းနှစ်ခုပါရှိပါတယ်။

ဒီမြောင်းတွေကြားမှာ ရုပ်ပုံစာအရေး အသား ကဲ့သို့သော အမှတ်အသားတွေ ပါရှိတာကိုတွေ့ရပါတယ်။

ဒီကျောက်တုံးတွေရဲ့အလယ်မှာတူညီတဲ့အပေါက်တွေပါရှိပြီး ဝက်အူနှစ်ထပ်ရစ် ထားတဲ့ပုံသဏ္ဍန်ရှိပါတယ်။ Dropa Stones တွေတည်ရှိတဲ့ သက်တမ်းကတော့ နှစ် ပေါင်း (၁၂၀၀၀) လောက်ရှိပြီလို့ ခန့်မှန်းထားကြပေမယ့် ဘယ်သူက ဘာအတွက် ဖန်တီးခဲ့တယ်ဆိုတာကိုတော့ မဖော်ထုတ်နိုင်ခဲ့ပါဘူး။

(၆) Baghdad Battery

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့အနီးမှာတွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ဘဂ္ဂဒက်ဘက်ထရီလို့ ခေါ် ခြင်းဖြစ်ပါတယ်။ Boghdad Battery တွေဟာ တူးဖော်ရရှိတဲ့ ရှေးဟောင်းကိရိယာ တွေထဲမှာတော့ အထူးဆန်းဆုံးသော ပစ္စည်းတွေဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီဘတ်ထရီရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကြွေအိုး၊ ကြေးနီ၊သံချောင်းစတဲ့ ပစ္စည်းသုံးမျိုးကို အတူတူ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီရှေးဟောင်းဘတ်ထရီတွေကို အီရတ်နိုင်ငံမှာ ၁၉၃၆ ခုနှစ်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး နီရိုပါရှန်းအင်ပါယာခေတ်က အသုံးပြုခဲ့ကြတာလို့ ယူဆရပါတယ်။

အဲဒီခေတ်ကဘယ် လိုမျိုးသောလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ ဒီလိုဘတ်ထရီစနစ်ကို တီထွင်ခဲ့တာလဲဆိုတဲ့ အဖြေကိုသိရှိရန် လေ့လာသူတွေက ရှေးခေတ်ကတွေ့ရှိခဲ့တဲ့ပုံစံအတိုင်း ပြုလုပ်ပြီး လေ့လာ ခဲ့ကြပါတယ်။

လေ့လာသူအချို့ကတော့ဒီဘတ်ထရီစနစ်ကို ရောက်ပြုစွမ်းအားနဲ့ လျှပ်စစ်စီးစေတဲ့နည်းကိုအသုံးပြုပြီး ငွေရည်စိမ်၊ ရွှေရည်စိမ်လုပ်ငန်းတွေနဲ့ လျှပ်စစ်ကိုအသုံးပြုပြီး ကုသရတဲ့ရောဂါတွေကို ကုသရာမှာသုံးခဲ့တာလို့ ဆိုကြပါတယ်။

(၅)The Phaistos Disc

The Phaistos Disc ကဲ့သို့သောရှေးဟောင်းပစ္စည်းတွေဟာ မြေစေးနဲ့ပြုလုပ်ထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃ထောင်ကျော်လောက်ကတည်းကပြုလုပ်သုံးစွဲခဲ့ကြတာ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အခြားတွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့မတူတာက တော့ ဒီအပြားတွေရဲ့ မူရင်းပိုင်ရှင်တွေဟာ ဘယ်လိုလူမျိုးတွေဖြစ်တယ်ဆိုတာနဲ့၊ ဒီပစ္စည်းတွေကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ပါ။

ဒီအပြားတွေကို ၁၉၀၈ခုနှစ်တုန်းက ဂရိနိုင်ငံ၊ မြေထဲ ပင်လယ်ထဲမှာရှိတဲ့ Crete ကျွန်း မှာ အီတလီသုတေသနပညာရှင် Luigi Pernier က တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီ အပြားတွေပေါ်မှာသင်္ကေတ များစွာ စီခြယ်ရိုက်နှိပ်ထားတာဖြစ်ပြီး လူပုံ၊ တိရိစ္ဆာန်ပုံ၊ လက်နက်ကိရိယာပုံ၊အပင်ပုံတွေ ဖော်ကျူးထားတာပါ။

ဘယ်လိုအထိမ်းအမှတ်ကို ကိုယ်စားပြုထားပြီးဒီလိုပုံတွေကို ခပ်နှိပ်ထားသလဲဆိုတာကိုတော့ ပညာရှင်တွေက ယခုထိမဖော်ထုတ်နိုင်သေးပါဘူး။

(၄) Mystery Quimbaya airplanes

ကိုလံဘီယာနိုင်ငံမှာတွေ့ရှိခဲ့တဲ့ ဒီရုပ်တုငယ်တွေကိုတော့ တောင်အမေရိကတိုက်မှာ အခြေချနေထိုင်ခဲ့တဲ့ Quimbaya လူမျိုးတွေက AD1000 လောက်ကတည်းကပြုလုပ် ခဲ့တယ်လို့သမိုင်းပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။

ထူးဆန်းတဲ့အချက်ကတော့ ဒီရုပ်တုတွေဟာ ယခုခေတ်လေယာဉ်ပျံတွေနဲ့ပုံသဏ္ဍန်ခြင်းတူနေတာပါ။ ယခု ခေတ် လေယာဉ်တွေကဲ့သို့ အမြီး၊ဂီယာ၊ အတောင်ပံစတဲ့ အစိတ်အပိုင်းတွေပါဝင်နေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ သူတို့ဆောက်ခဲ့တဲ့ လေယာဉ်ပုံစံအတိုင်း ပြန်လည်တည် ဆောက်ကာ ဒီယာဉ်ကိုသုံးပြီး ယင်းကာလက ဘယ်လိုကိစ္စတွေကိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့အကြောင်းကို စူးစမ်းခဲ့ပါတယ်။

ဒါပေမဲ့တိကျတဲ့အဖြေတော့ ပေးနိုင်ခဲ့ခြင်းမရှိခဲ့ ပါဘူး။ သိပ္ပံပညာရှင်အချို့ကတော့ ဒီကိရိယာဟာ လေယာဉ်ပုံ တည်ဆောက်ထားခြင်း မဟုတ်ဘဲ ငါး(သို့) အခြားအင်းဆက်ပိုးတစ်ကောင်ရဲ့ပုံကိုတုပ ပြီးဖန်တီးခဲ့ကြတာလို့ ဆိုပါတယ်။

(၃) Roman Dodecahedron

ရှေးခေတ်ရောမလူမျိုးတွေရဲ့ စွဲမက်ဖွယ်ရာကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေ အများကြီးရှိတဲ့အနက်ကနေ ဒီမျက်နှာပြင် (၁၂)ခုရှိတဲ့ ရှေးဟောင်းစက်ကိရိယာဟာ အကောင်းဆုံးသောတွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။

အံ့ဩစရာ ကောင်းတာကတော့ ဒီ ကိရိယာတွေကို ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်စတဲ့နိုင်ငံတွေမှာလည်း တူးဖော်တွေ့ရှိရ တာပါ။

များစွာသော သမိုင်းသုသေသနပညာရှင်တွေ ဒီကိရိယာဟာ ယင်းကာလက ဘယ်နေရာမှအသုံးချဖို့တီထွင်ခဲ့တာကို သိရှိနိုင်ရန် ကြိုးစားခဲ့ပေမဲ့ မူလရည်ရွယ်ချက် ကိုတော့ တိတိကျကျမဖော်ပြနိုင်ခဲ့ကြပါဘူး။

လေ့လာသူအချို့က တော့ ဒီကိရိယာဟာ ဗေဒင်ပညာရပ်မှာသုံးတဲ့ (၁၂)ရာသီခွင်ကို ဖော်ပြတဲ့နေရာတွေ မှာသုံးစွဲခဲ့တာလို့ယုံကြည်နေကြပါတယ်။

ဒါကလည်းတိကျတဲ့ အဖြေမဟုတ်ပဲ ခန့်မှန်းမှု သက်သက်သာ ဖြစ်ပါတယ်။ယင်းကာလက အခြား တန်ဆာ ဆင်တဲ့ ပစ္စည်းတစ်ခုအနေဖြင့်လည်းသုံးနိုင်သလို အခြားခြားသောလုပ်ငန်းကိစ္စ တွေ မှာလည်း သုံးစွဲကောင်း/သုံးစွဲနိုင်လို့ပါ။

(၂) Anicient Sandstone Xylophone

ဒီသံကျောက်နဲ့ပြုလုပ်ထားတဲ့ ပတ္တလားကိုရှာဖွေတွေ့ရှိတာဟာ လူသားနဲ့ဂီတဟာ ရှေး နှစ်ပေါင်းများစွာအကြာကတည်းက ဆက်စပ်နေခဲ့ကြောင်း အကောင်းဆုံးသက်သေပဲ ဖြစ်ပါတယ်။

(၂၀)ရာစုအစောပိုင်းကာလထဲက သိပ္ပံပညာရှင်တွေဟာ ဒီပတ္တလားကို တွေ့ရှိခဲ့ကြတာဖြစ်ပြီးပြင်သစ်နိုင်ငံပဲရစ်မြို့က ရှေးဟောင်းသဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြတိုက်တစ်ခုမှာပြသထားခဲ့ပါတယ်။ အစကတော့ ရှေးတုန်းက စပါးစေ့၊ ပြောင်းစေ့တွေကို ကြိတ်တဲ့စက်တစ်ခုလို့ထင်ခဲ့ကြတာပါ။

အချိန်ကာလအတော်ကြာမှသာ ဒီကျောက်ခဲတွေအပေါ်ပစ္စည်းတစ်ခုနဲ့ ထိခတ်ခဲ့ပြီး ရုတ်တရက်ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေထွက်လာမှသာ ဒီပစ္စည်းဟာ ရှေးခေတ်အသံ တူရိယာတစ်ခုဖြစ်ကြောင်းသတ်ထားမိခဲ့တာပါ။

ဒါကိုဖော်ထုတ်ခဲ့သူက ရှေးဟောင်း သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ Erik Gonthier ဖြစ်ပါတယ်။ ဒီသံကျောက်နဲ့ပြုလုပ်ထား တဲ့ ပတ္တလားကို ဘီစီ ၂၅၀၀ မတိုင်မီကဖန်တီးခဲ့တာလို့ ခန့်မှန်းထားကြပါတယ်။

(၁) Antikythera Mechanism

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ Antikythera Mechanism ဟာကမ္ဘာရဲ့ ပထမဆုံးသော ကွန်ပျူတာမျိုးဆက်တွေအဖြစ် သတ်မှတ် ခြင်းခံခဲ့ရပါတယ်။

ဒီပစ္စည်းရဲ့သက်တမ်းကို ကာဘွန်နည်းနဲ့တွက်ချက်မှုအရ ဘီစီ ၁၅ဝ နဲ့ ၁၀၀ ကြားကာလက ဂရိလူမျိုးတွေတီထွင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိရိယာကိုတော့ ၁၉၀၂ခုနှစ်မှာ ဂရိနိုင်ငံAntikythera ကျွန်းအနီးက ရှေးဟောင်းသ‌င်္ဘောပျက် တစ်ခုရဲ့ အပျက်အစီးတွေကြားကနေတွေ့ရှိခဲ့တာပါ။

အစကတော့ ဒီပစ္စည်းကိုရှေးဟောင်းနာရီတစ်လုံး ဖြစ်တယ်လို့ယူဆကြပေမဲ့ နောက်ပိုင်းမှာတော့ ဒီ Antikythera Mechanism ဟာ ယင်း ကာလက နာရီတစ်လုံး ထက်ပိုတဲ့ လုပ်ဆောင်မှုတွေကို ပြုလုပ်နိုင်ခဲ့ကြောင်း စမ်းသပ်တွေ့ရှိရပါတယ်။

ရှေးဟောင်း ဂရိလူမျိုးတွေတီထွင်သုံးစွဲခဲ့တယ်လို့ယူဆရတဲ့ ဒီစက်ပစ္စည်းဟာ လေးနှစ်လျှင် တစ်ကြိမ်ကျ ဘယ်အချိန်မှာ နေကျက်ခြင်း ဖြစ်ပေါ်မလဲဆိုတာကိုပါခန့်မှန်း ပေး နိုင်တယ်လို့ သိရပါတယ်။

နည်းပညာမြင့်မားလာလေလေ လူသားတို့ရဲ့ လူနေမှုဘဝတွေဖွံဖြိုးလာလေလေဖြစ်ပါ တယ်။ ဒါကြောင့်လည်း ယနေ့ခေတ် စက်ကိရိယာတွေဟာ လူသားတွေရဲ့ နေ့စဉ်ဘဝ မှာအလွန်အရေးပါနေတာပါ။

ဒါပေမဲ့ ဒီကိရိယာတွေဟာ ရှေးယခင်သမိုင်းမတင်မီ ကာလကတည်းက လူသားတွေစမ်းသပ် အသုံးပြုပြီးဖြစ်ကြောင်းကို ဖော်ပြထားတဲ့ တွေ့ရှိချက်တွေအရ သိနိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကာလပေါင်းများစွာကာလထဲက မြင့်မားတဲ့နည်းပညာရပ်တွေရှိခဲ့တာဖြစ် တဲ့အတွက် ယနေ့ခေတ် နဲ့ ယင်းကာလအကြား အဆက်ပြတ်သွားတဲ့ကာလတစ်ခုရှိနေ မယ်လို့လည်း အချို့သုသေသနပညာရှင်တွေက ယုံကြည်နေကြတာပဲဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *