အမှန်တကယ်စီးလို့ရတဲ့ ပန်းကန်းပြားပျံယာဉ် ZEVA ZERO
ZEVA ZERO
အရင်တစ်ပါတ်က Jetson One တစ်ယောက်စီး မိုးပျံယာဉ်ငယ်လေးအကြောင်း တင်ပြခဲ့ဘူးတာ မှတ်မိကြမှာပါ။
ဒီတစ်ခါတော့ အမေရိကန်ရဲ့ ပန်းကန်ပြားပျံပုံစံ ZEVA ZERO တစ်ယောက်စီးယာဉ်အကြောင်း ရှာဖွေတင်ပြပါရစေ။
Zeva zero ဟာ ပန်းကန်ပြားပျံ(UFO) ပုံစံ တည်ဆောက်ထားပါတယ်။ လျှပ်စစ် ဓါတ်အားနဲ့ မောင်းနှင်ရတာဖြစ်ပါတယ်။ ဒေါင်လိုက် တက်နိုင်၊ ဆင်းနိုင်အောင် ပုံစံထုတ် တည်ဆောက်ထားပါတယ်။
အမေရိကန်အခြေစိုက် ZEVA ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ၂၀၁၇ ခုနှစ်ကမှ ကုမ္ပဏီကို စတင် တည်ထောင်တာပါ။ ဒီယာဉ်ကို Boeing ရဲ့ GoFly ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ZEVA ZERO ဟာ ရောင်ခြည်ဖြာထွက်မှု လုံဝမရှိတဲ့ ယာဉ်ပါ။ Zero emission ဖြစ်လို့ Zeva zero လို့ခေါ်တာပါ။ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်အမျိုးအစားဖြစ်ပြီး တက်ဆင်းဖို့နေရာ ကျဉ်းကျဥ်းသာ လိုပါတယ်။ လမ်းပိတ်ဆို့နေတာအတွက် ဖြေရှင်းနည်းတစ်ခုလည်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီ ၉ ရက်နေ့က Test flight ခေါ် စမ်းသပ်ပျံသန်းမှုကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ zero emission လျှပ်စစ်မော်တာ ၈ လုံးနဲ့ ပန်ကာ ၈ ခုတပ်ဆင်ထားပြီး အထူး ဘက္ထရီတွေနဲ့ မော်တာကို လည်စေပါတယ်။ စမ်းသပ်မှုစုစုပေါင်း ၄ ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ဆင်းတက် ပျံသန်းပြခဲ့ပါတယ်။
သေးသွယ်ကျစ်လျစ်တဲ့ ဒီဇိုင်းနဲ့ တစ်နာရီ မိုင် ၁၆၀ ထိ ပျံနိုင်ပါတယ်။တန်ဖိုးကတော့ ဒေါ်လာ ၂၅၀,၀၀၀ ပါ။
လူများများစီးနိုင်တဲ့ ယာဉ်အဖြစ် ဆက်လက်ကြိုးစားနေပါတယ်။ ပျံသန်းမှုကိုလဲ ကွန်ပြူတာစနစ်နဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်။
VTOL (vertical takeoff and landing) စနစ်ဖြစ်လို့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် အသုံးတည့်ပါတယ်တဲ့။ ကဲ ပုံလေးတွေ ရှုစားကြည့်ပါအုံးလို့။
Knight News Team
Knight News Team