အပါချီ ရဟတ်ယာဉ်မှူးရဲ့ အိတ်
အပါချီဆိုတာ ယူအက်စ်ရဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဆိုတာတော့ သိကြမှာပါ။
ဒီတစ်ခါ ထူးထူးခြားခြားကိစ္စလေး တင်ပြခြင်ပါတယ်။ ဒါကတော့ BALCS (Body Armor Load Carriage System)လို့ခေါ်တဲ့ အိတ်တစ်လုံး အကြောင်းပါ။
သူ့ကိုမောင်းသူရဲ့ အိတ်ထဲက ပစ္စည်းတွေက ဘာတွေဖြစ်မလဲ ကြည့်ရအောင်နော်။
ယာဉ်မှူးရဲ့အမည်က John ဖြစ်ပြီး Warrant Officer 2 (WO 2) ပါ။သူ့ရှင်းပြချက်အရ အိတ်ထဲမှာကတော့
၁။ Halmet
နေကာမှန်တွဲလျှက်ပါရှိပြီး မိုက်ခရိုဖုန်း ပါပါတယ်။ HUD (head up display unit) တပ်ထားလို့ ပိုင်းလော့အတွက် အထောက်အကူ ရပါတယ်။
၂။SA 80 Carbine
မျိုးကွဲများရှိပါတယ်။သူလဲစစ်သားဆိုတော့ သေနတ်လိုတယ်လေ။
၃။ Body Armor
အင်္ကျီပုံ အိတ် ဖြစ်ပါတယ်။
၄။ Pistol
အင်္ကျီရှေ့အိတ်မှာ secondary side arm ဖြစ်တဲ့ သေနတ်အတိုတစ်ချောင်းပါပါတယ်။
၅။ Aircrew cutter
တစ်ခုခုဖြတ်ဖို့လိုရင် သုံးဖို့ပါ။ထိုင်ခုံက ခါးပါတ်နဲ့ငြိနေတာမျိုးအတွက် ဖြတ်လို့ရပါတယ်။
၆။ Flare (မီးကျည်)
မိမိနေရာကို သိစေချင်တဲ့အခါမျိုးမှာမီးကျည်ကို သုံးပါတယ်။ညဖက်ဆို ပိုလိုတာပေါ့။
၇။ Heliograph
သူကတော့ မိုင် ၄၀ အကွာအဝေးထိ အချက်ပြနိုင်တဲ့ စက်ပါ။(ပုံကိုရှု့)
၈။ Mine tape
ရောင်ပြန် တိပ်ဖြစ်ပါတယ်။ ဝေဟင်ကနေ လွယ်ကူစွာမြင်နိုင်လို့ အရေးပေါ်အချက်ပြဖို့ အသုံးဝင်ပါတယ်။
၉။ Medical kit (ဆေးသေတ္တာ)
ဆေးသေတ္တာဖြစ်ပါတယ်။ ပါတ်တီး ဂွမ်းနဲ့ အခြားဆေးဝါးတွေ အပြည့်ပါ။
၁၀။ ရေဒီယို စကားပြောစက်
အရေးပေါ်မြေပြင်ကို ဆင်းသက်ရရင် လေယာဉ်နဲ့ ဆက်သွယ်ဖို့ပါ။ဘက်က္ထရီပါပါတယ်။
၁၁။ Light Marker Distress
သူကလဲ အချက်ပြစက်တစ်ခုပါဘဲ infrared နဲ့အလုပ်လုပ်ပါတယ်။
၁၂။ Strops
အင်္ကျီ ဘယ်ခြမ်းမှာထဲ့ ထားပါတယ်။ လေယာဉ်အမှတ်အသားပါလို့ သူ့လေယာဉ်ကလူ၊ ကိုယ့်လေယာဉ်ကလူ ခွဲခြားဖို့လိုရင် သုံးပါတယ်။
၁၃။ Drinking Water (သောက်ရေသန့်)
၅၀ မီလီ လီတာ ပါအထုပ်ကလေးတွေဖြစ်ပါတယ်။ကျောဖက်မှာ ထဲ့ပါတယ်။
၁၄။ Sleeping back
မြေပြင်ဆင်းသက်ရတဲ့အခါ သုံးဖိုပါ။ပေါ့ပါးအောင် လုပ်ထားပါတယ်။
၁၅။ Thermal Jacket
အအေးဒါဏ်ခံနိုင်ဖို့ ဝတ်စုံပါ။
၁၆။ Extra cloths (ဝတ်စုံအပို)
ဝတ်စုံအပိုထဲ့ပေးထားပါတယ်။
၁၇။ Ration
ရိက္ခာ အပို ဖြစ်ပါတယ်။ရက်အတော်ကြာ အသုံးပြုနိုင်ပါတယ်။
၁၈။ Water proof (မိုးကာ)
မိုးကာလဲ ပါပါသေးတယ်။
ဒီပစ္စည်းအားလုံးပေါင်းမှ ၃၀ ကီလိုဂရမ်ပဲ ရှိတာမို့ အလွယ်တကူ သယ်ဆောင်နိုင်ပါတယ်။
ကဲ သင်ဆိုရင် ဘာတွေထပ်ဖြည့်အုံးမှာလဲ မန့်ခဲ့ပါအုံးနော်။
Knight News Team
Photo from medium .com