အဖြစ်ခြင်းတူတဲ့ တိုက်တန်းနစ်ရဲ့ ညီမနှစ်ဦး
တိုက်တန်းနစ် သင်္ဘောကြီးအကြောင်း သိသူများပေမယ့် သူရဲ့ ညီမ Britanic နဲ့ Olimpic သင်္ဘောကြီးတွေအကြောင်းတော့ သိသူနည်းမယ် ထင်ပါတယ်။ ကံကြမ္မာတူစွာပဲ ဒီသင်္ဘောကြီးနှစ်စီးဟာလည်း တိုင်တန်းနစ်လိုပဲ နစ်မြုပ်ခဲ့ပါတယ်။
အိုလန်ပစ်အမျိုးအစား ဒီပင်လယ်ကူးသင်္ဘောကြီးမှာ ပုံစံတူ သုံးစီး ရှိတာပါ။ Golden trio လို့ တင်စားခံရတဲ့ ဒီ သုံးစီးကတော့ RMS Titanic,RMS Olympic နဲ့ HMHS Britannic တို့ ဖြစ်ကြပါတယ်။
တိုက်တန်းနစ် သင်္ဘောကြီး
ဒီ သုံးစီးထဲမှာ Britannic က အကြီးဆုံးနဲ့ စိတ်အချရဆုံးလို့ သတ်မှတ်ထားကြပါတယ်။သူဟာ တိုက်တန်းနစ်ထက် ပိုကြီးပါတယ်။ ၁၉၁၁ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၁၂ ခုနှစ်၊ ဧပြီလထဲမှာ တိုင်တန်းနစ်ဟာ ရေခဲတောင်နဲ့ တိုက်မိပြီး ခါးလယ်ကကျိုးလို့ နစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့် တည်ဆောက်ဆဲဖြစ်တဲ့ Britanic ကို ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ကြပါတယ်။ စိတ်ချလုံခြုံဖို့ လိုအပ်တာမှန်သမျှ လုပ်ခဲ့ပါတယ်။
တိုင်တန်းနစ် လူအများအပြားသေဆုံးရခြင်းဟာ အသက်ကယ်လှေ နဲပါးမှုကြောင့်လို့ ယူဆတဲ့အတွက် Britanic မှာ အသက်ကယ်လှေတွေ ပိုမိုတပ်ဆင်စေပါတယ်။
၁၉၁၄ ခုနှစ်မှာတော့ ဒီသင်္ဘောကြီးပြီးစီးခဲ့ပါတယ်။ အစပိုင်းမှာ ခရီးသည်တင် သင်္ဘောအဖြစ် သုံးခဲ့တာပါ။
HMHS Britannic
အချိန်ကာလက ခရီးသည်များများရဖို့မျှော်လင့်လို့ မရတဲ့အချိန်ဖြစ်ပြီး ပထမ ကမ္ဘာစစ်ရဲ့ ရိုက်ခတ်မှုကြောင့် Britanic ကို ဆေးရုံသင်္ဘောအဖြစ် ပြောင်းလဲခဲ့ပါတယ်။
အလားတူဘဲ Olimpic ကိုလဲ စစ်ဘေးသင့်သူတွေ သယ်ဆောင်ဖို့ သုံးခဲ့ကြပါတယ်။ ၁၉၁၅ ခုနှစ်မှာတော့ Olimpic ကို စစ်သည်သယ်ဆောင်ရေးယာဉ်အဖြစ်ပါ သုံးခဲ့ပြန်ပါတယ်။
တချိန်ထဲမှာပဲ Britanic ဟာလည်း ခရီးရှည်သုံးခုအတွက် ပြင်ဆင်နေပါတယ်။ သူမဟာ Aegean ပင်လယ်က ဒါဏ်ရာရသူတွေ၊ မကျန်းမာသူတွေကို သယ်ဆောင်ပေးခဲ့ပါတယ်။ ထောက်ပံ့ရေးတာဝန်တွေလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
၁၉၁၆ ခုနှစ်၊နွေရာသီမှာ Britanic သင်္ဘောဟာ စစ်ရေးတာဝန်တွေ ပြီးဆုံးပါတယ်။ သင်္ဘောကို ဒေါက်တင် ပြင်ဆင်ပြီး ကုန်ကျစရီတ် ပေါင် ၇၅၀၀၀ ကို အစိုးရက ပေးခဲ့ပါတယ်။ပြင်ဆင်နေဆဲမှာဘဲ Britanic ကို စစ်ဆင်ရေးအတွက်ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာ သင်္ဘောအမှုထမ်းတွေဟာ အကုန်းလုံး အစာအဆိပ့်သင့်မှုကို ခံစားနေကြရပါတယ်။ ဒါက အတိတ်နိမိတ်တစ်ခုလားလို့တောင် ထင်ရပါတယ်။နိုဝင်ဘာ၂၁ မှာ သင်္ဘောဟာ ကီရာ( Kea) ရေလက်ကြားက ဒါဏ်ရာရစစ်သည်တွေကို တင်ဆောင်ပြီး ပြန်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်လလောက်က ထောင်ထားခဲ့တဲ့ ဂျာမန်တို့ရဲ့ ရေမြုပ်မိုင်းတစ်လုံးကို သင်္ဘောက ဝင်တိုက်မိပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းလို့ သင်္ဘောဟာ အပေါ်ကို မြောက်တက်သွားပါတယ်။
တစ်နာရီတောင် မကြာလိုက်ဘဲ သင်္ဘောဟာ နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်က လူ ၃၀ လောက်သေဆုံးသွားတယ်လို့ဆိုပေမယ့် အမှန်တကယ် လူဦးရေကိုတော့ ဘယ်သူမှ မသိကြပါဘူး။
အသက်ကယ်လှေ အလုံအလောက်ပါလို့ ဒီတခါတော့ ကံကောင်းကြပါတယ်။ တိုက်တန်းနစ်လို ဇာတ်လမ်းတစ်ခုကတော့ ဖြစ်ခဲ့ပါတယ်။
သင်္ဘောမှာ အမှုထမ်းနေတဲ့ သူနာပြုဆရာမလေးတစ်ယောက်ပါ။သူမအမည်က Voilet Jessop ဖြစ်ပါတယ်။ သူမဟာ လူတွေကို လွတ်မြောက်အောင် ရဲရင့်စွာ ကူညီပေးခဲ့သလို သူမလဲ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
ဒါပေမဲ့ Olimpic သင်္ဘောလည်း အလားတူအဖြစ်နဲ့ ရင်ဆိုင်ရချိန်မှာ တိုက်ဆိုင်စွာဘဲ သူမဟာ အဲဒီသင်္ဘောပေါ်မှာ ရှိနေခဲ့ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ သူမ ကံမကောင်းခဲ့ပါဘူး။ တိုင်တန်းနစ်က ပစိဖိတ် သမုဒ္ဒရာအောက်မှာ လဲလျောင်းနေခဲ့ပြီး သူ့ရဲ့ ညီအမတွေဖြစ်တဲ့ Britanic နဲ့ Olimpic တို့ကတော့ Aegean ပင်လယ်အောက်မှာ အနားယူသွားကြပါပြီ။
RMS Olympic
စစ်ကြောင့် ပျက်ဆီးခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို တတ်နိုင်သမျှ ဖတ်ကောင်းအောင် ကြိုးစားတင်ပြလိုက်ပါတယ်။စာရှု့သူများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Knight News Team