ဓါတ်ပုံကပြောသော သမိုင်းထဲက လေယာဉ်

ဓါတ်ပုံကပြောသော သမိုင်းထဲက လေယာဉ်

အခုမြင်နေရတဲ့ ဓါတ်ပုံကတော့ ခေတ်ဟောင်း လေယာဉ်ပေါ်ဦးစက ခေါင်းခန်း ဓါတ်ပုံလေးပါ။

ဒီလေယာဉ်ဟာ transatlantic လို့ခေါ်တဲ့ အတ္တလန်တစ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းနိုင်ခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်။

မရရပ်မနားဘဲ ပျံသန်းခဲ့တဲ့ ဒီလေယာဉ်ကို The Spirit of Saint Louis လို့ခေါ်ပြီး မောင်းနှင်သူကတော့ Charles Lindbergh ဖြစ်ပါတယ်။

၁၉၂၇ ခုနှစ်၊ မေလ ၂၁ မှ ၂၂ အထိ‌ နှစ်ရက် မောင်းနှင်ခဲ့တာပါ။ ထူးခြားတာကတော့ ရှေ့ကအပေါက်အစား ပယ်ရီစကုပ်ကို တပ်ထားတာ ဖြစ်ပါတယ်။

အင်ဂျင်တစ်လုံးတပ်ဖြစ်ပြီး တစ်ယောက်စီးပါ။ High wing ခေါ် ကိုယ်ထည်အပေါ်ပိုင်းမှာ အတောင်ကို တပ်ဆင်ထားပါတယ်။

သူက Long island New York ကနေ Peris French အထိ ပျံသန်းခဲ့တာပါ။ ဒီပျံသန်းမှုအတွက် Orteig Prize ဆုနဲ့ ဒေါ်လာ ၂၅၀၀၀ ဆွတ်ခူးရရှိခဲ့ပါတယ်။

ပြောချင်တာက ယခုခေတ်လေယာဉ်ခေါင်းခန်းတွေလို ရှုပ်ထွေးမနေဘဲ ဒိုင်ခွက်အနဲငယ်သာ ရှိတယ်ဆိုတာကိုပါ။

လေယာဉ်တစ်စီးအတွက် မရှိမဖြစ် လိုအပ်တဲ့ဒိုင်ခွက်တွေ သတ်မှတ်ထားတာရှိပါတယ်။ Basic Six လို့ စခေါ်တာရှိသလို Basic T လို့ သတ်မှတ်တာလဲရှိပါတယ်။ ဒါတွေကတော့

၁။ Airspeed Indicator

သူက အမြန်နှုံးကို knotical mile per hour နဲပြပါတယ်။

၂။ Altimeters

ဒါက အမြင့်ကိုပေနဲ့ပြပါတယ်။

၃။ ROC ( Rate of Climb and Descent) indicator

လေယာဉ်အတက်နှုန်း၊အဆင်းနှုန်းကို ပြပါတယ်။ တက်နှုန်းများရင် ခေါင်းထောင်လွန်းပြီး နောက်ပြန်လျောကျ Stall ဖြစ်တတ်ပါတယ်။ ဆင်းနှုန်းများလွန်းရင်လဲ လေယာဉ်ခေါင်းစိုက် ကျတတ်ပါတယ်။

၄။ Turn and Slip Indicator

သူကတော့ လေယာဉ်ကွေ့တဲ့အချိန်မှာ မှန်ကန်တဲ့ Coordinate turn ဖြစ်၊မဖြစ် သိဖို့ပါ။

ကွေ့တဲ့အရှိန် အနဲအများအလိုက် Centrifugal force နဲ့ Centripetal force တို့ကြောင့် လေယာဉ် Slip Skid ဖြစ်၊မဖြစ် ဒီဒိုင်ခွက်ကိုကြည့်ရပါတယ်။

၅။ Gyromagnetic Compass

ဒါကတော့ လေယာဉ်ရဲ့ ဦးတည်ရာကို အိမ်မြှောင်ညွှန်းနဲ့ ပြသပါတယ်။

၆ ။ Artificial Horizon Indicator

Gyro ကိုအသုံးပြုပြီး လေယာဉ်ရဲ့လေထဲက တည်ရှိပုံကို သိရှိစေပါတယ်။ ဒိုင်ခွက်အလည်မှာ မိုးကုပ်စက်ဝိုင်မျဉ်းရှိပြီး လှုပ်ရှားမှုက လေယာဉ်ကိုယ်ထည်လှုပ်ရှားတဲ့အတိုင်း လိုက်လံလှုပ်ရှားပါတယ်။

လေယာဉ်အမှတ်အသားပုံစံက အသေတပ်ထားပါတယ်။ ဒါကိုကြည့်ပြီး ပိုင်းလော့ဟာ လေယာဉ် တက်နေသလား၊ဆင်းနေသလား၊ကွေ့နေသလား သိနိုင်ပါတယ်။

ရှေးခေတ်လေယာဉ်တွေအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။ဒိုင်ခွက်တွေကြည့်ပြီး သိရင် အမည်လေးတွေ မန့်ခဲ့ကြပါနော်။

Knight News Team

Leave a Reply

Your email address will not be published.