လေယာဉ်တွေ ဘယ်လောက်ဝေးအောင် ပျံနိုင်သလဲ

လေယာဉ်တွေ ဘယ်လောက်ဝေးအောင် ပျံနိုင်သလဲ

ခရီးသည်တင်လေယာဉ်ကြီးတွေ စီးဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဒီနေ့ခေတ်ကြီးထဲမှာ လေယာဉ်နဲ့ ခရီးသွားကြတာ အထူးအဆန်း မဟုတ်လို့ပါ။

ဒါပေမဲ့ ဒီလေယာဉ်တွေဟာ တဆက်တည်း ဘယ်လောက်ဝေးအောင် ပျံနိုင်ကြသလဲဆိုတာတော့ အတိအကျ သိသူ နဲပါလိမ့်မယ်။

Boeing

ဒါက လေယာဉ်အမျိုးအစားပေါ်လိုက်ပြီး ကွာခြားကြပါတယ်။အမျိုးအစားဆိုတာက ထုတ်လုပ်တဲ့ ကုမ္ပဏီအမည်နဲ့ နံပါတ်ကိုတွဲပြီး သတ်မှတ်ကြပါတယ်။

ဥပမာ Boeing ကထုတ်ရင် Boeing 747, Boeing 777 ပေါ့။ Airbus ကဆို Airbus A320 ပေါ့။ အများစုကတော့ ဒီလိုပဲ သတ်မှတ်ကြပါတယ်။

အကွာအ‌ဝေးကို‌တော့ လေမိုင် (Knotical Mile) နဲ့ တိုင်းကြပါတယ်။ ကဲ သူတို့ဘယ်လောက်ပျံနိုင်သလဲလို့ အောက်မှာ ကြည့်ရအောင်နော်။

1။ Airbus A350-100 = 8700NM
2။ Airbus A350-900 = 8100NM
3။ Airbus A 380 = 8000NM
4။ Airbus A 330-900 neo = 7200 NM

5။ Boeing 777X-8 = 8690 NM
6။ Boeing 747-8 = 7730 NM
7။ Boring 777X-9 = 7525 NM
8။ Boring 787-8 = 7355 NM

NM ဆိုတာက knotical mile နော်တီကယ်မိုင် တနည်း လေမိုင်ကို ပြောတာပါ။ အခုတင်ပြခဲ့တာက ကမ္ဘာတလွှား လူသုံးများတဲ့ ခရီးသည်တင် လေယာဉ်ကြီးများရဲ့ တဆက်တည်း ပျံသန်းနိုင်တဲ့ အကွာအဝေးကို နှိုင်းယှဉ်ပြခဲ့တာ ဖြစ်ပါတယ်။

တစ်နာရီကို မိုင် ၄၀၀ နဲ့တွက်ရင်တောင် နာရီ ၂၀ ကျော်လောက် မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။

Airbus-A320

ဒီလို ပျံနိုင်အောင်လဲ ပါဝါကောင်းတဲ့အင်ဂျင်တွေ တပ်ဆင်ထားလို့ ဖြစ်ပါတယ်။

စိတ်ဝင်စားရင်တော့ နောက်တစ်ခါ လေယာဉ်အင်ဂျင်ကြီးတွေအကြောင်း တင်ပြမှာမို့ မန့်မှာ up ပြခဲ့ကြပါလို့။

Knight News Team

Leave a Reply

Your email address will not be published.