အရင်းနဲနဲနဲ့ အမြတ်များများ ရခဲ့ကြသူများ

အရင်းနဲနဲနဲ့ အမြတ်များများ ရခဲ့ကြသူများ

ဒီတစ်ခါတော့ စီးပွားရေးအကြောင်းလေးပါ။ တစ်ခါတစ်လေ အရင်းနဲနဲပဲ စိုက်ထုတ်ရပေမယ့် အမြတ်အစွန်းအများအပြား ရရှိသွားတာမျိုး ရှိပါတယ်။

ခုတင်ပြမှာကတော့ ရုပ်ရှင်နယ်ပယ်က အကြောင်းပါ။ရုပ်ရှင်ဆိုတာ အရင်းများသလို အမြတ်လဲ များမယ်လို့ ‌ပုံသေတွက်လို့ မရပါဘူး။

ဒါပေမဲ့ မမျှော်လင့်ဘဲ အရင်းအနှီးနဲနဲနဲ့ ရိုက်ခဲ့ပြီး သန်းချီအောင်မြတ်သွားခဲ့ဘူးတယ်ဆိုရင် သင်ယုံမှာလား။ ကြည့်ရအောင်‌။

၁။ Rocky (1976)

Rocky ဇါတ်ကားဟာ ဘတ်ဂျက် ဒေါ်လာ ၁ သန်းသာ ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ ၂၂၅ သန်း ပြန်ရခဲ့ပါတယ်။ မင်းသား ဆီ‌ဗက်စတာ စတာလုံးဟာလည်း နာမည်ကျော် ဖြစ်သွားပါတယ်။

ဒီဇါတ်ကား မရိုက်ခင်မှာ စတာလုံးဟာ အခြအနေ ဆိုးပါတယ်။ သူ့ခွေးကိုတောင် ရောင်းဖို့အထိ ဖြစ်နေခဲ့တာပါ။

ရော့ကီဇာတ်လမ်းကို သူကိုယ်တိုင်ရေးခဲ့ပါတယ်။ ‌ဟောလီးဝုဒ်က ဘယ်သူမှ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ မစွန့်စားရဲကြပါဘူး။

ရော့ကီဇာတ်ကားဟာ အော်စကာသုံးဆုအပြင် ရွှေကမ္ဘာလုံးဆုတစ်ဆုပါ ရရှိခဲ့ပါတယ်။

၂။ Mad Max ( 1979 )

ဒီဇါတ်ကားကတော့ ကြည့်ဖူးသူနဲမလားမသိ။ ဆိုင်ကယ်စီး လမ်းသူရဲတွေအကြောင်းပါ။

ကုန်ကျငွေ ဒေါ်လာ ၃၅၀,၀၀၀ သာရှိပေမဲ့ အမြတ်ငွေ သန်း ၁၀၀ ရခဲ့ပါတယ်။ ကြီးကျယ်တဲ့ စွန့်စားခန်းတွေအပြည့်နဲ့ ဒီရုပ်ရှင်ကို ဒီငွေပမာဏနဲ့ရိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ ဂျော့မေလာက ဖြစ်အောင်လုပ်ခဲ့ပါတယ်။

ကုန်ကျစရိတ်တွေကို အနဲဆုံးဖြစ်အောင် သူကလုပ်ခဲ့တာပါ။ ဇာတ်လမ်းထဲက ရဲကားတစ်ခုသာ အစစ်ဖြစ်ပါတယ်တဲ့။

တချို့အခန်းတွေ ပြန်ရိုက်ဖို့လိုပေမယ့် အနဲငယ်သာ ပြင်ဆင်မှုလုပ်ခဲ့ပါတယ်။ မင်းသား မဲလ်ဂစ်ဆင် ဆိုရင် သားရေဂျာကင် တစ်ထည်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။

၃။ The Texas Chain Saw Massacre ( 1974 )

ကုန်ကျငွေ ၉၃,၀၀၀ သာရှိပေမဲ့ ၃၁ သန်းတောင် ပြန်ရခဲ့ပါတယ်။ ဇါတ်လမ်းကတော့ လွှစက်တစ်ချောင်းနဲ့ လူသဝာ်သမားအကြောင်းပါ။ ရိုက်ကူးတာ တစ်လပဲ ကြာပါတယ်။

သရုပ်ဆောင်တွေဟာ ပူအိုက်လွန်းတဲ့နေရာမှာ တစ်နေ့ကို ၁၆ နာရီအထိ ရိုက်ကူးခဲ့ရပါတယ်။ နားရက်တောင် မရကြပါဘူး။

ဖြစ်ရပ်မှန်လို့ ပြောဆိုခဲ့ခြင်းက ရုပ်ရှင်ကြည့်သူ‌တွေကို ပိုဆွဲဆောင်မှု ဖြစ်စေပါတယ်။ တကယ်တော့ မဟုတ်ပါဘူးတဲ့။

၄။ Super size me ( 2004 )

ကုန်ကျငွေ ၆၅,၀၀၀ ဖြစ်ပေမဲ့ သူလဲ ၂၉ သန်း ပြန်ရပါတယ်။ ဒီရုပ်ရှင်ကတော့ ကမ္ဘာတလွှားမှာ ဂယက်ထသွားတယ်လို့ ဆိုပါတယ်။ မက်ဒေါ်နယ် စားသောက်ဆိုင်နဲ့ပါတ်သက်နေလို့ပါ။

မင်းသားဟာ ဇာတ်ကားအပြီးမှာ ၂၄ ပေါင်တက်လာပါတယ်တဲ့။မက်‌ဒေါ်နယ်ဆိုင်ပိတ်ထားချိန်မှာ တခြားစားသောက်ဆိုင်တွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုအကြောင်း ရိုက်ပြထားတာဖြစ်ပါတယ်။

၅။ Deep Throat ( 1972 )

ဒီကားကတော့ ၂၅,၀၀၀ ရင်းပြီး ၄၅ သန်းတောင် ရခဲ့ပါတယ်။ အပြာကားတွေထဲမှာ အအောင်မြင်ဆုံးလို့ ပြောကြပါတယ်။

၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်ကြား သူလဲ ဂယက်ထခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးက ဒေါ်လာ ၁၀၀၀ သာရပါတယ်။ တခြားသူတွေက ဒေါ်လာ ၁၀၀ မှ ၂၀၀ ထိ အသီးသီးရကြပါတယ်တဲ့။

ဒီဇါတ်ကားအပြီးမှာ ကောလဟာလတွေနဲ့ ဆူညံပွက်လော ဖြစ်ကုန်တယ်လို့ဆိုပါတယ်။ မင်းသမီးကတော့ သူ့ခင်ပွန်းအရိုက်ခံလိုက်ရပါတယ်။

၆။ The Blair Witch Project (1999)

ဒေါ်လာ ၆၀,၀၀၀ ပဲ ကုန်တဲ့ဒီကားဟာ ၂၄၈ သန်းတောင် မြတ်သွားပါတယ်။

၇။ The paranormal Activity (2007)

သူကတော့ အမြတ်ဆုံးလို့ ပြောရလောက်အောင် ဒေါ်လာ ၁၅၀၀၀ နဲ့ ၁၉၃ သန်း ရသွားပါတယ်။ အကြိမ်ပေါင်း ၁၃,၀၀၀ နဲ့ စံချိန်တင် ပြသခဲ့ရပါတယ်။

ဇာတ်လမ်းက မှတ်တမ်းပုံစံ ရိုက်ထားပေမဲ့ အထူးပြုလုပ်ချက် မပါပဲ ရိုက်ကူးထားတာပါ။ လင်မယားနှစ်ယောက် အိမ်တစ်လုံးထဲမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေ တွေ့ကြုံရပုံကို ရိုက်ကူးပြထားပါတယ်။

မြန်မာလိုဆိုရင်တော့ ပုဏ္ဍက တိုက်တယ်ခေါ်မလားဘဲ။ ဒါရိုက်တာ စတီဖင် စပီးဘတ်တောင်မှ ဒီကားကို တစ်ဝက်သာ ကြည့်ရဲတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကားကို တစ်ပါတ်သာ ရိုက်ကူးခဲ့ရတာဖြစ်ပြီး ရိုးရိုးဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးခဲ့တာပါ။

ဇာတ်လမ်းထဲက အိမ်ကလဲ ဒါရိုက်တာရဲ့အိမ်ပါတဲ့ခင်များ။

Knight News Team
7 Ultra-Low-Budget Films That Made Millions

Leave a Reply

Your email address will not be published.