ခေတ်ဟောင်းက လေယာဉ်အမြင့်ကို ပြသတဲ့ ဒိုင်ခွက်တစ်ခုနဲ့ အလုပ်လုပ်ပုံ အကြောင်း
Altimeter
ကဲ အရင်တခါ up လုပ်ပေးကြသူ ချစ်မိတ်ဆွေတို့အတွက် ခေတ်ဟောင်းက လေယာဉ်အမြင့်ကို ပြသတဲ့ ဒိုင်ခွက်တစ်ခုနဲ့ အလုပ်လုပ်ပုံ အကြောင်းလေး ကြိုးစား ရှင်းလင်းတင်ပြလိုက်ပါတယ်။
ဒိုင်ခွက်အကြောင်းမပြောခင် လေထု (Atmosphere) အကြောင်း နားလည်ဖို့လိုပါတယ်။ ကမ္ဘာကြီးရဲ့ လေထုဟာ သင့်ကိုဖိထားတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။
သင့်အရေပြားရဲ့ တစ်လက်မ ပါတ်လည် အကွက်လေးတကွက်ပေါ်မှာ လေထုက ၁၄.၇ ပေါင် အလေးချိန်နဲ့ ဖိထားပါတယ်။
ဒီ ဖိအားက ပင်လယ်ရေပြင်အမြင့် Standard Sea level မှာရှိတဲ့ ဖိအားပါ။ အမြင့်ကိုတက်လေ ဖိအားလျော့လေပါ။
ဆိုလိုတာက လေထုကျဲပါးသွားတာပါ။ တောင်တက်သမားတွေ ပေ ၁၀,၀၀၀ ကျော်ရင် အောက်ဆီဂျင်နဲသွားလို့ မောပန်းမှာကို ခံစားရတာ ဒါကြောင့်ပါ။
ဒီလေထုရဲ့သဘာဝ ဖိအားကို အခြေခံပြီး လေယာဉ်ရဲ့ အမြင့်ပြဒိုင်ခွက်ကိုတည်ဆောက်ထားပါတယ်။
လေယာဉ်ဟာ လေထဲမှာ ရွေလျားတဲ့အခါ လေယာဉ်ပေါ်ကို ဖိအား နှစ်မျိုးသက်ရောက်ပါတယ်။ kinetic pressure နဲ့ dynamic pressure နှစ်မျိုးပါ။
ဒါကို လေယာဉ်ရဲ့ position error လို့ခေါ်တဲ့ အမှားအနဲဆုံးနေရာကနေ ပြွန်ပါတဲ့ပိုက်နဲ့ အာရုံခံ ဖမ်းယူပါတယ်။
အခေါ်အဝေါ်ကတော့ Pitot tube လို့ခေါ်ပါတယ်။ dynamic ရော kinetic ပါပေါင်းနေလို့ Total pressure ကို pitot လို့ အတိုကောက် သုံးနှုံးတာ ဖြစ်ပါတယ်။
Pitot Tube
နောက်တခု kinetic pressure သီးခြားကိုတော့ လေယာဉ်ကိုယ်ထည်ဘေးမှာ အပေါက်ကလေးတွေနဲ့ ဖမ်းယူပါတယ်။ သူ့ကိုတော့ တည်ငြိမ်ဖိအား Static pressure လို့သုံးပါတယ်။
Static Port
ဒီဖိအား၂ မျိုးထဲက အမြင့်ကိုတိုင်းဖို့ဆိုရင် static pressure တစ်မျိုးပဲ လိုပါတယ်။ Static pressure ကို ပိုက်လိုင်းမှတဆင့် ဒိုင်ခွက်နောက်ဖက်ကိုဆက်ထားပါတယ်။ ကဲပုံမှာပြထားတဲ့ ဒိုင်ခွက်ဖြတ်ပိုင်းပုံလေးကို ကြည့်ရအောင်။
ဒီအမျိုးအစားကို three pointers sensitive altimeter လို့ ခေါ်ပါတယ်။ လက်တံ ၃ ခု ပါပါတယ်။လက်တံတိုက ပေ ၁,၀၀၀ ကို တစ်မှတ်တက် ပါတယ်။
လက်တန်ရှည်က ပေ ၁၀၀ ကို ပြပါတယ်။ သူတစ်ပါတ်ကို လက်တံတိုတစ်မှတ်ပေါ့ ၊ လက်တံတို တစ်ပါတ်ဆို နောက်ဆုံးမျှားတံ တစ်မှတ်တက်ပြီး ပေ ၁၀,၀၀၀ ကို ပြပါတယ်။
အတွင်းပိုင်းမှာ အလုံပိတ် capsule လေးကို တွေ့ရမှာပါ။ သူက အလုံပိတ်ဖြစ်ပြီး အတွင်းမှာ စောစောက ကျနော်ပြောခဲ့တဲ့ ၁၄.၇ ပေါင် လေရှိပါတယ်။
စဉ်းစားကြည့်ရအောင်။ လေယာဉ်မြေပြင်မှာရှိနေစဉ်ဆို capsule ထဲကလေနဲ့ static pipe ကလာတဲ့လေ ဖိအားအတူတူပါ။ ဒါဆိုလက်တံအားလုံး zero ပြပါလိမ့်မယ်။ ကွင်းတိုင်းက အမြင့်မတူညီကြလို့ zero ပြအောင် baro adjuster ခလုပ်တပ်ထားတာ တွေ့နိုင်ပါတယ်။
မြေပြင်မှာ zero မပြရင် သူ့ကိုလှည့်ပြီးချိန်ပေါ့။ ကဲ လေထဲကိုတက်ပြီဆိုပါတော့ လေဖိအားက ဒိုင်ခွက်ကိုယ်ထည်ထဲက လေဖိအားနဲသွားပြီး capsule ထဲက များသွားတော့ capsule ဖေါင်းလာပါတယ်။
capsule အောက်က ဘားတံလေးလဲ တွန်းခံရပါတယ်။ ဘားတံရဲ့လှုပ်ရှားမှုကြောင့် quadrant pinion လည်ပါတယ်။ pinion နဲ့ ဆက်ထားတဲ့ gear mechanism က pointer ခေါ် လက်တံတွေကို လည်စေပြီး အမြင့်ပေကို ပြသပါတယ်။
လက်တန်တွေက နာရီလိုပါဘဲ စက္ကန့်တံ တစ်ပါတ်ကို မိနစ်တံ တစ်မှတ်၊ မိနစ်တံ တစ်ပါတ်ကို နာရီ တစ်မှတ်တက်ပုံနဲ့ ဆင်တူပါတယ်။
ချီးမွမ်းစရာကောင်းတာက ဘားတံတွေဟာ အပူကြောင့် ရှည်ထွက်ပြီး မှားယွင်းတဲ့ပြသမှု မဖြစ်အောင် သတ္တုနှစ်ခုကိုစပ်ပြီး တွက်ချက် တပ်ဆင်ထားတာပါ။
ဒိုင်ခွက်ကိုယ်ထည်က Static ပိုက်တစ်ခုနဲ့သာ ဆက်သွယ်ထားပြီး အလုံပိတ်ဖြစ်ပါတယ်။ အဲဒါကို temperature compensation လို့ခေါ်ပါတယ်။
ကဲ ဒီလောက်ဆို ရှင်းလိမ့်မယ်ထင်ပါတယ်။ ခေတ်မီလာတဲ့ အခါမှာတော့ ဒီ လိုဒိုင်ခွက်တွေ မသုံးကြတာရှိသလို stand by အနေနဲ့ထားပြီး တစ်နေရာတပ်ထားကြတာလဲ ရှိပါတယ်။
ကျနော်ရေးပြတာနဲ့ ပုံနဲ့တိုက်ကြည့်ရင် နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်ကြိုးစားပါ့မယ်။
Knight News Team