အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ ဇာတ်သိမ်း

အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ ဇာတ်သိမ်း

သမိုင်းမှာ ဘယ်သူမှ အမြန်ဆုံးလေယာဉ်နဲ့ခရီးမသွားခြင်ကြတာ ဘာကြောင့်ပါလဲ။ ဒီကွန်‌ကော့ (Concorde) ဆိုတဲ့ လေယာဉ်ကြောင့်ပါ။ Concorde လေယာဉ်ဟာ ၁၉၇၆ မှာစတင်ပျံသန်းပါတယ်။ သူ့ရဲ့အသံထက်မြန်တဲ့နည်းပညာကတော့ အံ့ချီးဖွယ်ရာပါ။

ကမ္ဘာ့အမြန်ဆုံး ခရီးသည်တင်လေယာဉ်ဖြစ်ပါတယ်။ အတ္တလန်တစ် သမုဒ္ဒရာကိုဖြတ်ဖို့ ၃ နာရီခွဲပဲ ကြာပါတယ်။ ဒါဟာ သူ့ရဲ့အနာဂတ် ပုံရိပ်အဖြစ် ကျန်နေခဲ့ပါပြီ။

၂၀၀၃ ခုနှစ်မှာ Concorde ရဲ့နောက်ဆုံးခရီးစဉ်ကိုပျံသန်းခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ဒီခရီးရဲ့အနာဂတ်ကို အာမ မခံနိုင်ခဲ့ကြပါဘူး။

၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ Concorde ဟာ တိုးတက်ဖြစ်ထွန်းလာတာပါ။ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံမှာပါ။ထုတ်လုပ်မှု ကုန်ကျစရိတ်က နှစ်ဘီလီယံကျော်ပါတယ်။

စုစုပေါင်း အစီး နှစ်ဆယ်သာ ထုတ်လုပ်ခဲ့ပါတယ်။ သူတို့ကို လေကြောင်းလိုင်းနှစ်ခုမှာသာ အသုံးပြုပြေးဆွဲခဲ့ပါတယ်။

အမြန်နှုန်းက အသံထက်နှစ်ဆ ရှိပါတယ်။ ခရီးသည် ၉၂ ယောက်ကနေ ၁၂၈ ယောက်အထိ တင်နိုင်ပါတယ်။ ဒါပေမဲ့ လူအပြည့်မရတာ များပါတယ်။

ဘာကြောင့်ဆိုရင် လန်ဒန်မှ နယူးယောက် အသွားအပြန်အတွက် လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၂၀၀၀ လောက်ကျသင့်လို့ပါ။ တခါတလေ ခရီးသည် သုံးယောက်လောက်သာ လေယာဉ်ပေါ်မှာ ရှိပါတယ်။

အမြန်နှုန်းအရ လိုရာခရီးကို အတိအကျရောက်နိုင်ပေမဲ့ ကမ္ဘာ့အချိန်ကွာခြားချက်အရ အပြောင်းအလဲတော့ ရှိပါတယ်။ ဥပမာ နယူးရောက် အချိန်က လန်ဒန်မှထွက်ခွာမဲ့ အချိန်ထက်စောနေတာမျိုးပါ။

နည်းပညာပိုင်းကို ကြည့်မယ်ဆိုရင်တော့ Concorde မှာ Rolls-Royce ကထုတ်တဲ့ after burner အင်ဂျင် လေးလုံးတပ်ဆင်ထားပါတယ်။

ဒီအင်ဂျင်မျိုးကိုတိုက်လေယာဉ်တွေမှာဘဲ သုံးလေ့ရှိပါတယ်။ လေယာဉ်‌ခေါင်းခန်းရှေ့ပိုင်းဟာ ဆန့်ထုတ်နိုင်ပြီး အောက်ဖက်ကို ငိုက်ကျစေနိုင်ပါတယ်။

ဒီနည်းနဲ့ လေယာဉ်မှူးများဟာ အတက်အဆင်းမှာ လေယာဉ်ရဲ့ရှေ့ပိုင်းနဲ့ပြေးလမ်းကို အလွယ်တကူ မြင်နိုင်စေပါတယ်။ လေဆိပ်မှာဆိုရင်လဲ Concorde ရဲ့ခရီးသည်များအတွက် check in counter ကို သီးသန့်ထားရပါတယ်။

ခရီးစဉ်တခုအတွက် ခရီးသည်တိုင်းဟာ ဝိုင်ပုလင်းသေး အနီနှစ်လုံး၊ အဖြူနှစ်လုံးနဲ့ ရှမ်ပိန်နှစ်လုံးကို ရရှိမှာဖြစ်ပါတယ်။အစားအစာအတွက်ကလဲ ဘယ်လူဂါ (Baluga) ငါးဥဆားနယ်နဲ့ တခြားအရသာရှိတာတွေပါပါတယ်။

ခရီးသည်နဲ့ လေယာဉ်အဖွဲ့သားတွေဟာ တစ်ယောက်အမည်ကို တစ်ယောက်မှတ်မိနိုင်လောက်အောင် ခရီးသည်အရေအတွက်က နဲပါးပါတယ်တဲ့။

လေယာဉ်မှူးတွေအတွက်ကတော့ ဒီလေယာဉ်ကိုမောင်းနှင်ရတာ အာကာသထဲကိုခရီးသွားနေရတဲ့ ခံစားချက်မျိုးဖြစ်ပေါ်စေပါတယ်တဲ့။ I F E ခေါ် inflight entertainment အစီအစဉ် မပါပါဘူး။ သူ့အစား လေယာဉ်ရှေ့ပိုင်းမှာ digital board နဲ့ လေယာဉ်ရဲ့အမြန်နှုန်းနဲ့ အမြင့်ကို ဖေါ်ပြပေးထားပါတယ်။

လေယာဉ်ကိုယ်ထည်က ပါးလျားသေးသွယ်တဲ့အတွက် လေယာဉ်ခုံ ၂၅ တန်းသာရှိပါတယ်။ လျောက်လမ်းတစ်ဖက်စီမှာ ‌တစ်ဖက်ကို နှစ်ခုံစီတပ်ဆင်ထားပါတယ်။

ပြူတင်းပေါက်ကလဲ သေးပါတယ်။ သူဟာ လူချမ်းသာများအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားသလို ဖြစ်နေပါတယ်။

အဓိက ခရီးသည်တွေကတော့ ရုပ်ရှင်နယ်ပယ်က နာမည်ကျော်ကြားသူ ဆယ်လီဘရစ်တီတွေ သူဌေးသူကြွယ်တွေနဲ့ နိုင်ငံရေးနယ်ပယ်က အရာရှိကြီးတွေသာ ဖြစ်ကြပါတယ်။

ဒီလေယာဉ်ဟာ ဇိမ်ခံပစ္စည်းသက်သက်လိုပါဘဲ။ တန်ဖိုးမြင့်မြင့် ပေးဆပ်ရပါတယ်။ တကယ်တော့ အစိုးရက ဒီလေယာဉ်ကို လေကြောင်းလိုင်ထံ ပေးအပ်ခဲ့တာဖြစ်ပြီး ဒီဈေးကြီးလွန်းတဲ့လေယာဉ်ကို ဝယ်ခြင်သူ မရှိခဲ့ပါဘူး။

သူ့ရဲ့ operating costs ကလဲမြင့်မားပါတယ်။ ပျံသန်းနေစဉ်မှာ တစ်နာရီကို ဆီဂါလံ ၆၇၇၀ ကုန်ပါတယ်။ဒါဟာ Boeing 747 ထက်နှစ်ဆများပါတယ်။

ခရီးသည်က နဲနဲပဲ တင်ဆောင်နိုင်ပါတယ်။ ကုန်စည်မတင်ဆောင်နိုင်ပါဘူး။ သူ့ကိုစစ်ဆေးမှုလုပ်ဖို့ကလဲ တစ်ခါပျံပြီးတိုင်း အချိန် ၂၂ နာရီ လိုပါတယ်။ တစ်ခုံကို ဒေါ်လာ ၂၇၂၁ ဒေါ်လာနှုန်း ကုန်ကျတာပါ။ ခုံ ၄၀၀ ပါတဲ့ Boeing တောင်မှ ဒေါ်လာ ၅၃၆ ပဲကုန်ကျပါတယ်။

ပြင်သစ်မှာတော့ သူ့ကို ကုန်းမြေပေါ်ဖြတ်ပျံခွင့် မပြုပါဘူး။ အင်္ဂလန်မှာတော့အမြတ်အစွန်းရှိပေမဲ့ သဘာဝပါတ်ဝန်းကျင်သမားများရဲ့ ဆန့်ကျင်ဆန္ဒပြတာနဲ့ကြုံရပါတယ်။ တကယ့်ပြသနာက လေယာဉ်ပါ။

၂၀၀၀ ခုနှစ်၊ ဂျူလိုင်လမှာ ကံဆိုးမိုးမှောင်ကျမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြင်သစ်လေကြောင်း Air French ရဲ့ ဖလိုက်နံပါတ် ၄၅၉၀ ဟာ ပဲရစ်က အတက်မှာပဲ ပျက်ကျခဲ့ပါတယ်။

ပဲ့ထွက်နေတဲ့ တာယာ အပိုင်းအစတစ်ခုဟာ လေယာဉ်ရဲ့ ဆီတိုင်ကီကိုထိမှန် မီးလောင်ခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၀၉ စလုံး ဆုံးပါးခဲ့ကြပါတယ်။ Concorde ရဲ့ဂုဏ်သတင်းဟာလဲမှေးမှိန်ခဲ့ပါပြီ။

၉/၁၁ ကိစ္စ အပြီးမှာ Concorde လို လေယာဉ်များနဲ့ လေကြောင်းလောကဟာ ခရီးသည်တွေရဲ့ ယုံကြည်မှုရဖို့ ပြန်လည်ရုန်းကန်ကြရပါတယ်။

တစ်ဖက်ကလဲပြုပြင်ထိန်းသိမ်းမှု စရိတ်ကတရိပ်ရိပ်တက်နေပါတယ်။ သူ့ကိုဆက်လက်အသုံးပြုဖို့က စိန်ခေါ်မှုတခုဖြစ်လာပါတယ်။

၂၀၀၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ မှာတော့ ဂန္တဝင်လေယာဉ်ကြီးဟာ တိတ်တိတ်ဆိတ်ဆိတ် ပျံတက်ခဲ့ပါတယ်။ လန်ဒန် ဟိသရိုးလေဆိပ်ကနေ ဘရစ်စတိုး ကိုပါ။ ထောင်ချီတဲ့ ပရိတ်သတ်တွေဟာ သူတို့လက်များကိုဝှေ့ရမ်းရင်း နှုတ်ဆက်ခဲ့ကြပါတယ်။

လူထုစိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ ဒီလေယာဉ်ကြီးတွေဟာ ခုတော့ ပြတိုက်တစ်ခုရဲ့အစိတ်အပိုင်း ဖြစ်သွားခဲ့ပါပြီ။ တိတ်ဆိတ်စွာနဲ့မြေပေါ်မှာအနားယူနေကြပါပြီလို့ တင်ပြလိုက်ရပါတယ်။

Knight News

Leave a Reply

Your email address will not be published.