ကောင်းကင်က ဘီလူးကြီးများ

ကောင်းကင်က ဘီလူးကြီးများ

လူသားတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ဟာ မြင့်မားသထက် မြင့်မားလို့ နေပါတယ်။

ဘာလို့လဲဆိုရင် ခုဖေါ်ပြမယ့် ကြီးမားပြီး အသုံးဝင်လှတဲ့ ကောင်းကင်ယံက ဘီလူးကြီးများကြောင့်ပါပဲ။ ကြည့်ရအောင်နော်။

၁။ Antonov 225 Mriya

ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ကြတဲ့ ဒီ လေယာဉ်ကြီးဟာ 640,000 Kg အထိ သယ်ဆောင် ပျံတက်နိုင်ပါတယ်။

အမြန်နှုန်းကတော့ တစ်နာရီကို ၈၅၀ ကီလိုမီတာ (၄၆၀ နော်တီကယ်မိုင်) ထိ ပျံသန်းနိုင်ပါတယ်။ တာဘိုဖန်အင်ဂျင် D-18T ၆ လုံး တပ်ဆင်ထားပါတယ်။

မောင်းနှင်ဖို့ အဖွဲ့သား ၆ ဦး လိုပါ တယ်။ ( ယူကရိန်းမှာရှိတဲ့ တစ်စင်းတည်းသော ကမ္ဘာ့အကြီးဆုံး ဒီ လေယာဉ်ကြီးဟာ ခုတော့ ရုရှားရဲ့ ဒုံးကျည်ကြောင့် ပျက်စီးသွားခဲ့ပါပြီ။)

၂။ Super Guppy

ဒီလေယာဉ်ကြီးကတော့ crew ခေါ် လေယာဉ်အဖွဲ့သား ၄ ယောက်နဲ့ မောင်းနှင်ရပါတတယ်။ max take off weight က ၇၇,၁၁၁ ကီလိုဂရမ်ပါ။

အမြန်နှုန်းက တစ်နာရီကို ၄၆၀ ကီလိုမီတာ (၂၅၀ နော်တီကယ်မိုင်) မြန်ပါတယ်။ ပန်ကာ လေးခုပါတဲ့ constant speed fully feathering အင်ဂျင် ၄ လုံး တပ်ဆင်ထားပါတယ်။

၃။ Boeing 747 Dreamlifter

Crew ၂ ယောက် မောင်းနိုင်ပြီး max:take off weight ကတော့ ၃၆၄,၂၃၅ ကီလိုဂရမ်ပါ။ အမြန်နှုန်းက တစ်နာရီ ၈၇၈ ကီလိုမီတာ (၄၇၄ နော်တီကယ်မိုင်) ဖြစ်ပါတယ်။ High Bypass Turbofan အင်ဂျင် ၄ လုံး တပ်ထားပါတယ်။

၄။ Scaled Composite Stratolaunch

ကိုယ်ထည်နှစ်ခုတွဲ လေယာဉ်ဖြစ်ပြီး ၅၈၉,၆၇၀ ကီလို သယ်နိုင်ပါတယ်။ ၈၅၀ ကီလိုမီတာ အမြန်နှုန်းရှိပြီး Pratt & Whitney PW4056 turbofan အင်ဂျင် ၆ လုံး တပ်ဆင်ထားပါတယ်။

၅။ Lockheed C-5 Galaxy

ဒါကြီးကတော့ Crew ၇ ယောက် လိုပါ တယ်။ Maximum takeoff weight က ၄၁၇,၃၀၅ ကီလိုပါ။ ၈၅၆ ကီလိုမီတာ ( ၄၆၂ နော်တီကယ်မိုင် ) မြန်ပြီး GE CF6-80C23 အင်ဂျင် ၄ လုံးဆိုတော့ စိတ်ကြိုက်သယ်လို့ရပြီပေါ့။

၆။ Airlander 10

လေသင်္ဘော တစ်မျိုးပါ။ ဒါပေမဲ့ သူကလဲ ၁၀,၀၀၀ kg သယ်နိုင်ပြီး Crew တစ်ယောက်ပဲ လိုပါတယ်။ 4Lt V8 direct engine ဒီဇယ်အင်ဂျင် ၄ လုံးတပ် ဖြစ်ပါတယ်။ အမြန်နှုန်းက တစ်နာရီ ၁၄၈ ကီလိုမီတာပါ။

၇။ Airbus Beluga XL

ဝေလငါးပုံစံ ချစ်စရာ ဒီကောင်ကြီးကို မောင်းဖို့ Crew ၂ ယောက်သာ လိုပါ တယ်။ Maximum takeoff weight က ၂၂၇,ဝဝဝ ကီလိုဂရမ်ပါ။

အမြန်နှုန်းက mach O.7 ( mach= အသံထက်မြန်နှုန်း ) ရှိပါတယ်။ GE CF6 -80 C2A8 turbo fan အင်ဂျင် ၂ လုံး တပ်ထားပါတယ်။

ခုတင်ပြခဲ့တဲ့ ကြီးမားတဲ့ လေယာဉ်ကြီးတွေဟာ ကမ္ဘာကောင်းကင်အနှံ့မှာ လှည့်လည်ပျံသန်းပြီး လူသားတွေ လိုအပ်တဲ့ ကုန်ပစ္စည်းများ အစားအသောက်နဲ့ ဆေးဝါးများ သယ်ဆောင်ပေးနေကြတာမို့ ချစ်စရာကောင်းတဲ့ ဘီလူးကြီးများလို့ တင်စားဖေါ်ပြလိုက်ရပါတယ်။

Knight News Teams

Leave a Reply

Your email address will not be published.