သဲကန္တာရထဲက မြေ‌အောက်မြို့လေး အကြောင်း

ကူဘာပီဒီး မြေ‌အောက်မြို့လေး အကြောင်း

ကူဘာပီဒီး (Coober Pedy) လို့ခေါ်တဲ့ မြေအောက်မြို့လေးဟာ သြစတြေးလျနိုင်ငံက သတ္တုတွင်း မြို့‌လေးတစ်မြို့လည်းဖြစ်ပါတယ်။

ထိုမြေအောက်မြို့ကတော့ သြစတြေးလျနိုင်ငံ ၊Adelaide မြို့ရဲ့ မြောက်ဘက် (၈၄၆ ကီလိုမီတာ) ၅၂၆ မိုင် အကွာက သဲကန္တာရထဲမှာ တည်ရှိပါတယ်။

Coober Pedy ဆိုတဲ့ နာမည်ဟာ သြစတြေးလျ ရိုးရာ ဘာသာစကားတစ်မျိုးကို အခြေခံထားတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ လူဖြူတစ်ယောက်ရဲ့ တွင်းလို့ အမည်ရပါတယ်။

မြေအောက်မြို့‌‌လေးကို ၁၉၁၆ ခုနှစ်ကတည်ထောင်ခဲ့တာဖြစ်သည့်အတွက် ယခုဆိုရင် နှစ်ပေါင်း ၁၀၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီမြေအောက်မြို့လေးမှာ အခြေချနေထိုင်တဲ့ လူဦးရေဟာလည်း ၂၀၁၆ ခုနှစ်စစ်တမ်းများအရ ၁၇၆၂ ယောက်ကျော်နေထိုင်တယ်လို့ သိရပါတယ်။

ဒီလို မြေအောက်မြို့လေး ဖန်တီးပြီး နေထိုင်ရတဲ့ အကြောင်းအရင်းကတော့ ထိုဒေသက ရာသီဥတု အခြေအနေဟာ အရမ်း ပူလွန်းတဲ့အတွက် မြေပြင်ပေါ်မှာ ကြာကြာနေဖို့ ခက်ခဲလို့ပဲဖြစ်ပါတယ်။

သင်ဟာ သဲကန္တာရကြားမှာတည်ရှိတဲ့ Coober Pedy မြေအောက် မြို့‌ လေးကို အပါ်ယံပဲ ကြည့်မိမယ်ဆိုရင်တော့ ဘာမှမရှိတဲ့ သရဲခြောက်တဲ့ မြို့လို့မြင်မိနိုင်ပါတယ်။ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုလဲ မရှိဘူးလို့ ထင်မိမှာပါ။

ဒါပေမယ့်လည်း Coober Pedy မြို့မှာတော့ လူဦးရေ ၁၇၀၀ မက အခြေချနေထိုင်နေပြီး အခြားမြို့တွေလိုပဲ ဘုရားရှိခိုးကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ် တွေလည်း မြေပြင်အောက် ပေ ၁၀၀ အကွာမှာ ဖွင့်လှစ်ထားပါတယ်။

ဈေးဆိုင်အချို့နဲ့ စားသောက်ဆိုင် အချို့ကတော့ မြေပြင်ပေါ်မှာတည်ရှိနေသေးပြီး ထိုမြို့ရဲ့ မြေပြင်အပူချိန်ဟာ နွေရာသီမှာဆိုရင် ၄၀ ဒီဂရီ ဖာရင်ဟိုက် အထိ အပူချိန်ရှိတယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာကောင်းပြီး နှစ်စဉ်ခရီးသွား ဧည့်သည်များ လာရောက်လှည်ပတ်ရာနေရာတစ်ခုလဲ ဖြစ်တဲ့အတွက် ဗဟုသုတအနေဖြင့် ဖော်ပြလိုက်ရပါတယ်။

Zawgyi
Coober Pedy ေျမ‌ေအာက္ၿမိဳ႕ေလး အေၾကာင္း

Coober Pedy လို႔ေခၚတဲ့ ေျမေအာက္ၿမိဳ႕ေလးဟာ ၾသစေၾတးလ်နိဳင္ငံက သတၱဳတြင္း ၿမိဳ႕‌ေလးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။

ထိုေျမေအာက္ၿမိဳ႕ကေတာ့ ၾသစေၾတးလ်နိဳင္ငံ ၊ Adelaide ၿမိဳ႕ရဲ႕ ေျမာက္ဘက္ (၈၄၆ ကီလိုမီတာ) ၅၂၆ မိုင္ အကြာမွာ တည္ရွိပါတယ္။

Coober Pedy ဆိုတဲ့ နာမည္ဟာ ၾသစေၾတးလ် ရိုးရာ ဘာသာစကားတစ္မ်ိဳးကို အေျခခံထားတာျဖစ္ၿပီး အဓိပၸာယ္ကေတာ့ လူျဖဴတစ္ေယာက္ရဲ႕ တြင္းလို႔ အမည္ရပါတယ္။

ေျမေအာက္ၿမိဳ႕‌‌ေလးကို ၁၉၁၆ ခုႏွစ္ကတည္ေထာင္ခဲ့တာျဖစ္သည့္အတြက္ ယခုဆိုရင္ ႏွစ္ေပါင္း ၁၀၆ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ဒီေျမေအာက္ၿမိဳ႕ေလးမွာ အေျခခ်ေနထိုင္တဲ့ လူဦးေရဟာလည္း ၂၀၁၆ ခုႏွစ္စစ္တမ္းမ်ားအရ ၁၇၆၂ ေယာက္ေက်ာ္ေနထိုင္တယ္လို႔ သိရပါတယ္။

ဒီလို ေျမေအာက္ၿမိဳ႕ေလး ဖန္တီးၿပီး ေနထိုင္ရတဲ့ အေၾကာင္းအရင္းကေတာ့ ထိုေဒသက ရာသီဥတု အေျခအေနဟာ အရမ္း ပူလြန္းတဲ့အတြက္ ေျမျပင္ေပၚမွာ ၾကာၾကာေနဖို႔ ခက္ခဲလို႔ပဲျဖစ္ပါတယ္။

သင္ဟာ သဲကႏၲာရၾကားမွာတည္ရွိတဲ့ Coober Pedy ေျမေအာက္ ၿမိဳ႕‌ ေလးကို အပၚယံပဲ ၾကည့္မိမယ္ဆိုရင္ေတာ့ ဘာမွမရွိတဲ့ သရဲေျခာက္တဲ့ ၿမိဳ႕လို႔ျမင္မိနိုင္ပါတယ္။ေခတ္မီ ဖြံ႕ၿဖိဳးတိုးတက္မႈလဲ မရွိဘူးလို႔ ထင္မိမွာပါ။

ဒါေပမယ့္လည္း Coober Pedy ၿမိဳ႕မွာေတာ့ လူဦးေရ ၁၇၀၀ မက အေျခခ်ေနထိုင္ေနၿပီး အျခားၿမိဳ႕ေတြလိုပဲ ဘုရားရွိခိုးေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြနဲ႕ ဟိုတယ္ ေတြလည္း ေျမျပင္ေအာက္ ေပ ၁၀၀ အကြာမွာ ဖြင့္လွစ္ထားပါတယ္။

ေဈးဆိုင္အခ်ိဳ႕နဲ႕ စားေသာက္ဆိုင္ အခ်ိဳ႕ကေတာ့ ေျမျပင္ေပၚမွာတည္ရွိေနေသးၿပီး ထိုၿမိဳ႕ရဲ႕ ေျမျပင္အပူခ်ိန္ဟာ ေႏြရာသီမွာဆိုရင္ ၄၀ ဒီဂရီ ဖာရင္ဟိုက္ အထိ အပူခ်ိန္ရွိတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *