ဘရာဇီးလ်နိုင်ငံက ကမ္ဘာ့မြွေအများစုနေထိုင်ရာ ကျွန်းငယ်

ဘရာဇီးလ်နိုင်ငံက ကမ္ဘာ့မြွေအများစုနေထိုင်ရာ ကျွန်းငယ်

စာဖတ်သူတို့ရဲ့ အတွေးတွေထဲမှာ မြွေတွေအများကြီးရှိတဲ့ နေရာတစ်ခုကို တွေးကြည့်ဖူးတယ်ဆိုရင်တော့ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရဲ့ ကမ်းရိုးတန်းမှ မိုင် ၂၀ အကွာမှာ Ilha da Queimada Grande လို့ ခေါ်တဲ့ ဆော်ပေါ်လို ကျွန်းငယ်လေးတစ်ခုကို မြင်ယောင်မိမယ်လို့ မျှော်လင့်မိပါတယ်။

ဒီကျွန်းရဲ့ အမည်ပြောင်မှာ မြွေကျွန်းလို့ အမည်ရပါတယ်။ ဒီကျွန်းမှာ ဘယ်လိုမျိုးမြွေတွေ နေထိုင်လဲဆိုရင်တော့ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ Bothrups insularis လို့ ခေါ်တဲ့ ရွှေရောင်လှံခေါင်း မြွေပွေး၊ အမေရိကမှာ အသေအပျောက်အများဆုံးရဲ့ တရားခံမြွေကြီး Fer-de-lance တို့ နေထိုင်ကြပါတယ်။

ဒီကျွန်းကို အလည်အပတ်သွားချင်တယ်ဆိုရင်တော့ ကိုယ့်ဆန္ဒနဲ့ ကိုယ်ဖြစ်ကိုယ်ခံပါပဲလို့ ဆိုလိုက်ပါရစေ။ အဆိပ်ပြင်းတဲ့ မြွေများ အကိုက်ခံရရင်တော့ အကူအညီရနိုင်မယ့် ဆေးရုံ၊ ဆေးခန်းတွေနဲ့လည်း အလွန်ဝေးကွာတာကြောင့် သေဆုံးနိုင်ချေ ၉၇% အထိ ရှိပါတယ်။

ကမ္ဘာပေါ်မှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ဟာ နှစ်စဥ် ထောင်ဂဏန်းကျော်ပါတယ်။ အကျယ်အဝန်း ၄၃၀,၀၀၀ မီတာ (သို့) ၁၀၆ ဧက သာရှိတဲ့ ဒီကျွန်းငယ်လေးဟာ အံ့အားသင့်ဖို့ကောင်းတဲ့ မြွေအရေအတွက်နဲ့ ပြည့်ကျပ်နေပြီး လလူတစ်ယောက်ရဲ့ အကြောက်တရားကို လှုံ့ဆော်ရန် လုံလောက်ပါတယ်။

ဒါကြောင့် “Snake Island” မြွေကျွန်းလို့ လူသိများတဲ့ Ilha da Queimada Grande ကျွန်းငယ်ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဖော်ပြပေးသွားချင်ပါတယ်။

တည်နေရာ

ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဒီကုန်းမြေဟာ Sao Paulo ပြည်နယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မိုးသစ်တောရဲ့အစိတ်အပိုင်း အနည်းငယ် အပါအဝင် မတူညီတဲ့ မြေမျက်နှာသွင်ပြင်များစွာရှိတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါကျွန်းဟာ ပြည်မကြီးကမ်းရိုးတန်းမှ မိုင် ၂၀ ခန့် အကွာမှာရှိတာကြောင့် မြွေများဟာ တောင်အမေရိကတိုက်ကို တိုက်ရိုက်မဝင်လာနိုင်လောက်အောင် ဝေးကွာပါတယ်။

ဒီကျွန်းမှာ အဆိပ်အပြင်းဆုံး မြွေအများစု ရှင်သန်နေထိုင်ကြတာကြောင့် ထိုအချက်ဟာ လူများစွာအတွက်တော့ စိတ်သက်သာရာရစေတယ်လို့ ဆိုနိုင်ပါတယ်။

ထူးဆန်းတဲ့ သမိုင်းကြောင်း

ကျွန်းရဲ့အမည်ကို မြွေကျွန်းလို့ ဘာသာပြန်ဆိုထားခြင်းမရှိပါ။ ဒီကျွန်းရဲ့နာမည်ကလည်း ကျွန်းပေါ်က အသီးအရွက်များကို မီးရှို့ခြင်း၊ သစ်တောပြုန်းတီးမှုတို့ကို အခြေပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

ကမ္ဘာ့အခေါ်အဝေါ်ကတော့ မြွေကျွန်းလို့ဖြစ်နေပေနဲ့ အစောပိုင်းမှာတော့ ငှက်ပျောစိုက်ခင်းတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

ဒါပေမဲ့လည်း ကြီးမားတဲ့ တောမီးကြီး စတင်လောင်ကျွမ်းခဲ့တာကြောင့် ငှက်ပျောခင်းတွေ ပျက်ဆီးခဲ့ရသလို ကျွန်းပေါ်ရှိ နေထိုင်သူအများစုဟာလည်း သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

စိတ်ဝင်စားစရာမှာ ကျွန်းဟာ စောင့်ရှောက်သူများ နေရာယူထားတဲ့ မီးပြတိုက်တစ်ခုရဲ့ နေရာဖြစ်သော်လည်း ယခုအခါမှာတော့ ဘရာဇီးရေတပ်မှ နှစ်စဉ်ပြုပြင်မှုများ လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။

မီးပြတိုက်စောင့်တွေထဲက အချို့ဟာ ကျွန်းပေါ်ရှိ မြွေများရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဆိုကြပေမဲ့ ဒီအချက်ကို မှန်အောင်သက်သေပြနိုင်မယ့် အချက်အလက်တွေကတော့ ရှိမနေခဲ့ပါဘူး။

ဘယ်လိုပဲပြောပြော အလွန်များပြားတဲ့ မြွေတွေစုဝေးနေရာ ဒေသမှာတော့ ဘယ်သူကများ နေထိုင်ချင်ပါ့မလဲ။

ကျွန်းမှာ နေထိုင်ကျက်စားတဲ့ မြွေအမျိုးအမည်များ

ဒီမြွေကျွန်းဟာ golden lancehead viper လို့ လူသိများတဲ့ Bothrups insularis ရဲ့ နေအိမ်ပါ။ ဒီမြွေဟာ ပြည်မကြီးရဲ့ အသေအပျောက်အများဆုံး မြွေကြီး Fer-de-lance ရဲ့ ဆွေမျိုးဖြစ်သလို ဒီကျွန်းမှာသာ တွေ့မြင်နိုင်တာကြောင့် အလွန်ထူးဆန်းတယ်လို့ ဆိုရမှာပါ။

ရေပန်းစားနေတဲ့ သီအိုရီတစ်ခုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၀၀၀ ကျော်က ရေခဲခေတ် ကုန်ဆုံးပြီးနောက် ဒီမြွေမျိုးစိတ်တွေဟာ ကျွန်းပေါ်မှာ ပိတ်မိသွားခဲ့တယ်လို့ ဆိုကြပါတယ်။

ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် မြွေကျွန်းကို ပြည်မကြီးနှင့် ဆက်သွယ်ထားတဲ့ ကုန်းမြေဟာလည်း နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီကျွန်းရှိ ရွှေရောင်လှံခေါင်းလို့ ခေါ်ကြတဲ့ မြွေမျိုးဟာလည်း အလွန်ထူးခြားတဲ့ မြွေတစ်မျိုးပါ။

အထူးသဖြင့် သူ့ရဲ့ ခန္ဓာကိုယ် အောက်ဘက်မှာ အဝါဖျော့ဖျော့နဲ့ အညိုဖျော့ရောင် ရှိပါတယ်။ ထို့အပြင် ဒီမြွေဟာ လှံထိပ်ရဲ့ ဓားနှင့်ဆင်တူတဲ့ ရှည်လျားသော ဦးခေါင်းပုံသဏ္ဍာန် ရှိပါတယ်။

မြွေတွေရဲ့ အဆိပ်ပြင်းထန်မှု

တွေ့ရအများဆုံး ရွှေရောင်လှံခေါင်းမြွေကတော့ သွေးတွင်းအဆိပ်သင့်စေပြီး သေးဆုံးစေနိုင်တဲ့ အဆိပ်ပိုင်ရှင်ပါ။

တောင်အမေရိကရဲ့ အဆိပ်အပြင်းဆုံးမြွေများထဲမှ တစ်မျိုးဖြစ်ပြီး ပိုးသတ်ဆေးမီသူတွေတောင်မှာ သေဆုံးမှုနှုန်း ၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကုသမှုသာ မခံယူပါက သေဆုံးမှုနှုန်း ၇ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။

ဒီမြွေအကိုက်ခံရတဲ့ လူဟာ မသေရင်တောင်မှ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး မသန်စွမ်းဖြစ်နိုင်ချေ ရာခိုင်နှုန်းများပါတယ်။

အခုချိန်မှာတော့ ဘရာဇီးအစိုးရဟာ ကျွန်းသို့လာရောက်ခြင်းမပြုရန် တားမြစ်ထားတာကြောင့် အကိုက်ခံရခြင်းကြောင့် သေဆုံးမှုမရှိကြောင်း မှတ်တမ်းများတွေမှာ ဖော်ပြထားပါတယ်။

ဒီမြွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေတွေထဲမှာ မပါဝင်ကြပေမယ့် လူတွေကို အလွယ်တကူသတ်ပစ်နိုင်လောက်အောင် အဆိပ်ရှိပါတယ်။

အကယ်၍ လူတစ်ဦးဟာ ကျွန်းပေါ်ခိုးဝင်ပြီး မြွေအကိုက်ခံရပါက ပြင်းထန်တဲ့ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ချေရှိပါတယ်။

အကြောင်းရင်းကတော့ အနီးဆုံး အဆိပ်ဖြေဆေးရုံနဲ့ မိုင် ၉၀ ခန့်အကွာမှာ ရှိနေလို့ပါပဲ။

ကျွန်းရှိ မြွေပမာဏ

ယခင်က ခန့်မှန်းချက်တွေအရ ကျွန်းပေါ်မှာ မြွေ အရေအတွက်ပေါင်း ၄၀၀,၀၀၀ (သို့) ထိုထက်မကသော အကောင်များ ရှင်သန်နေထိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါဟာ စတုရန်းမီတာတိုင်းမှာ မြွေတစ်ကောင်ရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ ဒီလိုသေးငယ်တဲ့ ဧရိယာမှာ မြွေအမြောက်အမြားကို ထောက်ပံ့ပေးနိုင်တဲ့ အစာအရင်းအမြစ်ဆိုတာ ဘယ်တုန်းကမှ ရှိလာမှာ မဟုတ်ဘူး။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *