ကမ္ဘာ့ အဆိပ်အပြင်းဆုံး တိရစ္ဆာန်များ

ကမ္ဘာ့ အဆိပ်အပြင်းဆုံး တိရစ္ဆာန်များ

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး တိရစ္ဆာန်တွေက ဘာတွေလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် “အဆိပ်အတောက် အများဆုံး”ကို ဦးစွာ သတ်မှတ်ကြဖို့ လိုပါတယ်။

သုတေသီတွေဟာ အဆိပ်ရဲ့ အာနိသင်နဲ့ ပြင်းထန်မှုကို တိုင်းတာပြီး အဆိပ်သင့်မှုကို တွက်ချက်လေ့ ရှိကြပါတယ်။ တချို့ အကောင်များက အကောင်သေးပေမယ့် အဆိပ်အလွန်ပြင်းတဲ့ တိရစ္ဆာန်များ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးမှာ ပါဝင်သွားမယ့် “အဆိပ်သင့်ဆုံး” တိရစ္ဆာန်တွေကတော့ လူ့အတွက် အန္တရာယ်အရှိဆုံး အဆိပ်ရှိ တိရစ္ဆာန်များဖြစ်တာမလို့ ဗဟုသုတရဖွယ်ရာ အခုလို ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။ (အဆိပ်ပြင်းထန်ပုံ မူတည်ပြီး ငယ်စဥ်ကြီးလိုက် နံပါတ်စဥ် တပ်ထားပါသည်။)

၁၀။ Platypus (ဘဲတူ ဖျံတူ သတ္တဝါ)

Platypus လို့ခေါ်တဲ့ ဘဲတူ ဖျံတူသတ္တဝါကတော့ လူသားများအတွက် အဆိပ်သင့်ဆုံး နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။

လူတွေက ဒီအကောင်လေးကို ပေါ့ပေါ့တန်တန် ထင်မြင်ကြပေမဲ့ ကိုက်လိုက်တာနဲ့ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒီအကောင်လေးဟာ သူတို့ရဲ့ ခြေထောက်များမှာ အဆိပ်အတောက်များကို ဖြန့်ကျက်ထားပြီး ခွေးနဲ့ ကြောင်တွေကို သဝာ်ဖို့ လုံလောက်တဲ့ အဆိပ်ပမာဏ ရှိပါတယ်။

ဒါပေမယ့် လူတွေကိုတော့ ယာယီမသန်စွမ်းမှုကိုပဲ ဖြစ်စေနိုင်ပါတယ်။ သြစတေးလျ အရှေ့ပိုင်းမှာ အတွေ့များပါတယ်။

၉။ Mexican Beaded Lizard (ဖွတ်)

မက္ကဆီကိုနှင့် ဂွါတီမာလာ နိုင်ငံရှိ တောအုပ်များတစ်ဝိုက်မှာ ထောင်ပေါင်းများစွာ တွေ့ရှိရတဲ့ မက္ကဆီကန် ဖွတ်တွေဟာ လူတွေကို အဆိပ်သင့်စေနိုင်ဆုံး ဖွတ်မျိုးနွယ်ဖြစ်ပါတယ်။

သာမန်အားဖြင့်တော့ ဖွတ်တွေရဲ့ သဘာဝအတိုင်းပဲ လူတွေကို တိုက်ရိုက်တော့ အန္တရာယ်မပြုကြပါဘူး။

အဆိပ်ရှိတဲ့ သွေးရည်ကြည်ကို အောက်မေးရိုး ဂလင်းများမှာ သယ်ဆောင်ထားတဲ့ ဒီတွားသွားသတ္တဝါတွေဟာ သားကောင်ရဲ့ အရေပြားကို ထိုးဖောက်ပြီး ဝါးစားကြပါတယ်။

ဒါပေမယ့် ဒီကောင်တွေ အကိုက်ခံရလို့ သေဆုံးရတဲ့ လူတွေကတော့ အရေအတွက် အနည်းငယ်သာ ရှိပါသေးတယ်။

၈။ Cone Snail (ခရု)

အင်ဒို-ပစိဖိတ်ရေပြင်တွေမှာ ပေါများစွာ တွေ့ရတတ်တဲ့ cone ခရုများဟာ ကမ္ဘာပေါ်က အဆိပ်သင့်ဆုံး တိရစ္ဆာန်များဖြစ်ပါတယ်။

ဒီခရုတွေဟာ ရေအောက်မှာတော့ အိပ်ရာခင်းတွေလို ဖြစ်နေကြပေမဲ့ အကိုက်ခံရပါက လူ့အသက်ကို သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

Cone ခရုများဟာ မျိုးစိတ်ပေါင်း ၉၀၀ အနည်းဆုံး ပေါက်ဖွားလာကြပေမဲ့ ဆယ်စုနှစ်တစ်ခုခန့်သာ ရှင်သန်နိုင်ကြပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ယနေ့ သက်ရှိထင်ရှားရှိနေတဲ့ အဆိပ်အပြင်းဆုံး ရေနေသတ္တဝါများမှာ cone ခရုများရဲ့ အန္တရာယ်ကို အနီရောင်အဆင့် သတ်မှတ်ထားကြပါတယ်။

၇။ Stonefish (ငါး)

မြန်မာလို ပြန်ရရင်တော့ ကျောက်ငါးလို့ အဓိပ္ပာယ်ရတဲ့ ဒီအဆိပ်ရှိ Stonefish ငါးတွေဟာ အဆိပ်တွေပြည့်နေတဲ့ အမြီးတွေကို ပိုင်ဆိုင်ထားကြပြီး လှုပ်ရှားမှုကလည်း သင်ခန့်မှန်းနိုင်တာထက် ပိုမြန်ပါတယ်။

ဒီငါးမျိုး အကိုက်ခံရပါက အလွန်နာကျင်ရုံသာမက မကုသပါက သေစေနိုင်တဲ့အထိ အဆိပ်ပြင်းထန်ပါတယ်။

Stonefish များဟာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာ၊ အာဖရိက အရှေ့ဘက်ကမ်းရိုးတန်း၊ ဩစတေးလျရဲ့ မြောက်ဘက်ကမ်းရိုးတန်းနဲ့ တောင်ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းအချို့မှာ ကျင်လည်ကျက်စားကြပါတယ်။

ဒေသရှိ ဆေးရုံများနဲ့ ဆေးပေးခန်းတွေမှာလည်း ဒီငါးရဲ့အဆိပ်အတွက် ပိုးသတ်ဆေးများ သိုလှောင်ထားကြပါတယ်။

၆။ Red Scorpion (အနီရောင် ကင်းမြီးကောက်)

ခြေထောက် ၈ ချောင်း ပါရှိပြီး သေးငယ်တဲ့ ဖွဲ့စည်းပုံ၊ ကျစ်လျစ်တဲ့ အမြီးနီများနဲ့ ကြီးမားတဲ့ အမဲစက်တွေကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယ အနီရောင်ကင်းမြီးကောက်တွေဟာ အဆိပ်အပြင်းဆုံး ကင်းမြီးကောက်များစာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။

ဒီကင်းမြီးကောက်တွေကြောင့် သေဆုံးမှုမှတ်တမ်းဟာ နှစ်စဥ် ၈ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းကြားရှိပြီး ၎င်းရဲ့အဆိပ်ကြောင့် ကလေးငယ်များ ထိခိုက်မှု အများဆုံးဖြစ်ပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ သီရိလင်္ကာတို့မှာ ကျက်စားကြတဲ့ ကင်းမြီးကောက်နီများဟာ ငါးစင်တီမီတာမှ ကိုးစင်တီမီတာခန့် ရှည်ကြပြီး အများစုရဲ့ သက်တမ်းကတော့ ငါးနှစ်ထက် မပိုကြပေ။

၅။ Inland Taipan Snake (မြွေ)

ကုန်းတွင်းပိုင်း တိုင်ပန်မြွေတစ်ကောင်ဟာ အရွယ်ရောက်ပြီးသူ အယောက် ၁၀၀ ကို သတ်ရန် လုံလောက်တဲ့ အဆိပ်ပမာဏကို ပိုင်ဆိုင်ထားပါတယ်။

ဒီမြွေတွေဟာ ၆ ပေ မှ ၈ ပေထိ အရှည်ရှိပြီး သူရဲ့အဆိပ်ဟာ အလွန်ပြင်းထန်ပါတယ်။

ကုန်းတွင်းပိုင်း တိုင်ပန်မြွေတွေဟာ လူကြောက်တတ်တဲ့ ခြုံခိုကောင်များဖြစ်ပြီး ညဘက်မှသာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ဘက်မှာ အပြင်ထွက်ခဲတာကြောင့် ပင်ပင်းတိုးဖို့ အခွင့်အရေးကတော့ အင်မတန်ကို နည်းပါးပါတယ်။

၄။ Maricopa Harvester (ပုရွက်ဆိတ်)

ပုရွက်ဆိတ် တစ်ကောင်က အဆင့် ၄ သတ်မှတ်ရလောက်အောင် အဆိပ်ပြင်းနိုင်လားလို့ စဥ်းစားသွားမှာ အသေအချာပါပဲ။

ဟုတ်ပါတယ်၊ Pogonomyrmex maricopa — “maricopa harvester” ပုရွက်ဆိတ်တွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး အင်းဆက်အဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရတာပါ။

ပျားတစ်ကောင်ရဲ့ အဆိပ်ထက် အဆ ၂၀ ပိုပြင်းပြီး အနောက်တိုင်းက rattlesnake မြွေများထက် ၃၅ ဆ ပိုအဆိပ်သင့်စေတဲ့ ဒီပုရွက်ဆိတ်များဟာ လူတစ်ယောက်ကို အကောင်ပေါင်း ရာနှင့်ချီပြီး ဝိုင်းကိုက်ရင်တော့ သေဆုံးသွားစေနိုင်ပါတယ်။

ဒါပေမဲ့လည်း တစ်ကောင်ရဲ့ အဆိပ်ဟာ လူကို ၈ နာရီ အကြာ ပြင်းထန်တဲ့ ဝေဒနာတွေကို ခံစားစေနိုင်ပါတယ်။

၃။ Saw-Scaled Viper (မြွေ)

ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး မြွေအမျိုးအစားဖြစ်တဲ့ Saw-Scaled Viper မြွေပွေးဟာ Echis မျိုးနွယ်ဝင်တွေဖြစ်ကြပြီး အာဖရိက၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့မှာ အတွေ့ရများပါတယ်။

လူသားများ မြွေကိုက်ခံရမှုမှ အများဆုံး သေဆုံးရခြင်းအတွက် ကမ္ဘာ့ စံချိန်တင်ထားတဲ့ မြွေဖြစ်သလို ဇာတိဒေသရှိ အခြားသော မြွေအမျိုးအစားပေါင်းထက်တောင် ဒီမြွေပွေးအမျိုးအစား တစ်ခုတည်းက သေဆုံးမှုတွေ ပိုဖြစ်ပေါ်စေခဲ့ပါတယ်။

အကိုက်ခံရပါက လွန်စွာနာကျင်မည်ဖြစ်သလို မိနစ်အနည်းငယ်မှာ သေဆုံးသွားမှာပါ။

၂။ Box Jellyfish (ရေခူ)

Box Jellyfish ဟာ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး ရေနေတိရစ္ဆာန်ဖြစ်ပြီး အစုပ်ခံရပါက မိနစ်ပိုင်းအတွင်း သေဆုံးစေနိုင်ပါတယ်။ဒီအသားစား ရေခူကောင်များကြောင့် လူသားတွေ ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖိလစ်ပိုင် တစ်နိုင်ငံတည်းမှာပဲ တစ်နှစ်ကို လူ ၂၀ ခန့်ဟာ ဒီရေခူကောင်တွေကြောင့် သေဆုံးကြရပါတယ်။ ငါးခူကောင်များဟာ ၈ လက်မခန့် ရှည်ပြီး သူတို့ရဲ့ ရေကူးအရွက်များဟာ ၁၀ ပေအထိ ရှိပါတယ်။

အဆိုပါ ရေကူးရွက်ဖျင် တစ်ခုစီမှာ အဆိပ်ထိုးချောင်း ၅၀၀,၀၀၀ ခန့်ကို ပိုင်ဆိုင်ထားတာကြောင့် ငါးခူတစ်ကောင်မှာ အဆိပ်ထိုးချောင်း စုစုပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။

၁။ Funnel-Web Spider (ပင့်ကူ)

ဒီပင့်ကူမျိုးစိတ် အကိုက်ခံရပါက မကုသပဲနေရင် အသက်ဆုံးရှုံးနိုင်ပြီး သူတို့ရဲ့ လူသားများနဲ့ မကြာခဏ ဆုံတွေ့နေမှုတို့ကြောင့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး တိရစ္ဆာန်အဖြစ် ရွေးချယ်ခံရစေပါတယ်။

သြစတြေးလျနိုင်ငံမှာသာ တွေ့ရတတ်ပြီး ပင့်ကူအမ ကိုက်တာက လူသားများအတွက် အန္တရာယ်မရှိပေမဲ့ အထီးကိုက်ခံရရင်တော့ လူတစ်ယောက်ကို မသန်မစွမ်း ဖြစ်စေနိုင်တဲ့အပြင် ကုသမှုမခံယူဘဲနေပါက အသက်ဆုံးရှုံးနိုင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *