ဖလော်ရီဒါမှာ တွေ့ရှိခဲ့ရတဲ့ ၂၁၅ ပေါင် အလေးချိန်ရှိ မြန်မာစပါးအုံးမြွေကြီး

ဖလော်ရီဒါမှာ တွေ့ရှိခဲ့ရတဲ့ ၂၁၅ ပေါင် အလေးချိန်ရှိ မြန်မာစပါးအုံးမြွေကြီး

မကြာသေးမီက သုတေသီများဟာ အလေးချိန် ၂၁၅ ပေါင်ရှိပြီး အရှည် ၁၈ ပေ နီးပါးရှိတဲ့ မြန်မာ့စပါးအုံးမြွေကြီးကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီမြွေကြီးဟာ ဖလော်ရီဒါမှာ တွေ့ဖူးသမျှထဲမှာ အကြီးဆုံး စပါးအုံးမြွေကြီးပါ။

ဖလော်ရီဒါ အနောက်တောင်ပိုင်း ထိန်းသိမ်းရေးဌာနမှ တောရိုင်းတိရစ္ဆာန် ဇီဝဗေဒပညာရှင်များဟာ အနောက်ပိုင်း Everglades မှာ မြွေကိုဖမ်းမိခဲ့တာပါ။ GPS အသံလွှင့်စက်ပါရှိတဲ့ ကိရိယာကို အသုံးပြု၍ ဒီမြွေကြီးကို ခြေရာခံခဲ့တယ်လို့ သိရပါတယ်။

ခြေရာခံ ကိရိယာများဟာ စပါးအုံးမြွေများ မည်ကဲ့သို့ ရွေ့လျားသည်ကို သုတေသီများအား ထောက်ကူပေးတဲ့အပြင် မြွေတွေရဲ့ မျိုးပွားမှု အမူအကျင့်များနဲ့ ၎င်းတို့ ကျက်စားရာ နေရာများကိုလည်း ထောက်လှမ်းကြည့်ရှုဖို့ ကူညီပေးပါတယ်။

ဒီမြန်မာစပါးအုံးမြွေကြီးကို ခွဲစိတ်ကုသနေစဉ်အတွင်း စံချိန်တင် ဥ ၁၂၂ လုံးကို သယ်ဆောင်ထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလောက် ပမာဏရှိတဲ့ ဥအရေအတွက်ကို မျိုးပွားစက်ဝန်းတစ်ခုအတွင်း စစပါးအုံးမြွေတစ်ကောင်ရဲ့ ဥအများဆုံးဆိုတဲ့ ဘားအသစ်တစ်ခု သတ်မှတ်ခဲ့ရကြောင်းလည်း သိရပါတယ်။

တောရိုင်းဂေဟစနစ် အလွန်အကျွံ မပျက်စီးအောင် ဒီမြွေဥတွေကို အလျင်အမြန် ဖယ်ရှားပစ်ရမယ်လို့ သုတေသီတွေက ဆိုခဲ့ပြီး စဥ်းစားကြည့်ပါက မြန်မာ့စပါးအုံးမြွေ ၁၂၂ ကောင် ဆိုတာဟာ သူတို့ရဲ့ ကြီးထွားနှုန်းနဲ့ အစားအသောက်နဲ့ ချိန်ကိုက်ကြည့်ပါက တကယ့်ကို အန္တရာယ်များလောက်တဲ့ ပမာဏပါပဲ။

စပါးအုံးမြွေကြီးဟာ အရွယ်ရောက်ပြီးသော မြီးဖြူသမင်ရဲ့ ခွာအပိုင်းအစများပါရှိတာကြောင့် မြွေရဲ့နောက်ဆုံးညစာမှာ သမင်ဖြစ်တယ်လို့ သိရပြီး ဒီသမင်မျိုးစိတ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များစာရင်းမှာ ပထမဆုံးထည့်သွင်းခဲ့တဲ့ ဖလော်ရီဒါ ကျားနက်အတွက် အဓိကအစားအစာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖလော်ရီဒါပြည်နယ်ရှိ ကျားပေါက်ကောင်ရေ ၁၂၀ မှ ၁၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း အမျိုးသား တောရိုင်းတိရစ္ဆာန်အဖွဲ့ချုပ်ရဲ့ အဆိုအရ သိရပါတယ်။

ဒီကျားမျိုးစိတ်တွေဟာ Everglades အမျိုးသားဥယျာဉ်နဲ့ Big Cypress National Preserve အပါအဝင် ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာ နေထိုင်ကြပါတယ်။

မြန်မာစပါးအုံးမြွေကြီးကို ထိန်းသိမ်းခဲ့သူတွေဟာ စပါးအုံးမြွေ သုတေသနနှင့် ဖယ်ရှားရေး အစီအစဉ်မှ သုတေသီတွေဖြစ်ပြီး ဒီအစီအစဥ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး ယခုအချိန်အထိ ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်း စတုရန်းမိုင် ၁၀၀ ခန့်မှ ပေါင် ၂၆,၀၀၀ ကျော် အလေးချိန်ရှိတဲ့ စပါးအုံးမြွေ ၁,၀၀၀ ကျော်ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။

စပါးအုံးမြွေများဟာ ဖလော်ရီဒါဒေသရဲ့ အပျံ့နှံ့ဆုံး မျိုးစိတ် တစ်ခုဖြစ်ပြီး လျင်မြန်စွာ မျိုးပွားနေကြတဲ့ ဇာတိတောရိုင်းတိရစ္ဆာန်များဖြစ်ပါတယ်။ ဒီမြွေတွေဟာလည်း သူတို့ရဲ့ အစာကွင်းစက်အရ ကျင်လည်ကျက်စား အမဲလိုက်ကြမှာဖြစ်ပြီး အခုလိုမျိုး အဆမတန် မျိုးပွားလာမှုဟာ ထိန်းသိမ်းသူတွေကို ခေါင်းကြီးစေမယ့်အချက်ပါပဲ။

အိမ်မွေးတိရစ္ဆာန် မှောင်ခိုရောင်းဝယ် ဖောက်ကားမှုကြောင့် ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရှိ မြန်မာ့စပါးအုံးမြွေများဟာ Everglades အမျိုးသားဥယျာဉ်အတွင်းသို့ ဝင်ရောက်လာဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြောရရင်တော့ Everglades အမျိုးသားဥယျာဉ်ရဲ့ အချို့နေရာများမှာ ပြသထားတဲ့ ယုန်များနဲ့ မြေခွေးများ ပျောက်ဆုံးသွားရခြင်းတွေအတွက် မြန်မာစပါးအုံးမြွေတွေမှာ တာဝန်ရှိနေတာပါ။

မြန်မာစပါးအုံးမြွေတွေဟာ ဒေသခံတိရစ္ဆာန် မျိုးစိတ်များစွာရဲ့ အရေအတွက် အဆမတန် ကျဆင်းလာမှုနဲ့ပတ်သက်ရင် ၉၉% အထိ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရပါတယ်

ဒီမြွေတွေရဲ့ သားကောင်စာရင်းမှာ ကြက်၊ ငှက်၊ ကြောင်၊ ခွေးတို့ကအစ လူသားတွေပါ ပါဝင်နေတာကြောင့် အခုလို မကြာခဏ ထိန်းသိမ်းမှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.